သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး လုံခြုံရေးကောင်စီ ဆွေးနွေးမည်


ပါလက်စတိုင်း ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး လုံခြုံရေးကောင်စီ ဆွေးနွေးမည်
ပါလက်စတိုင်း ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး လုံခြုံရေးကောင်စီ ဆွေးနွေးမည်

ပါလက်စတိုင်း နိုင်ငံတော် အဖြစ်နဲ့ ကုလသမဂ္ဂက အသိအမှတ်ပြုရေးကို တရားဝင် စဉ်းစား ဆုံးဖြတ်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။

ပါလက်စတိုင်း နိုင်ငံတော်အဖြစ်နဲ့ အသိအမှတ်ပြုဖို့ တင်သွင်းတဲ့ အဆိုဟာ ရှုံးနိမ့်မယ်လို့ အများက ယူဆထားကြတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ လက်ဘနွန်က နာဝပ်ဖ် ဆလမ်း (Nawaf Salam) က နယူးယောက်မြို့ ကနဦး ဆွေးနွေးမှုတွေအပြီး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ထုတ်ဖော် ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ် (Mahmoud Abbas) တင်သွင်းခဲ့တဲ့ ဒီအဆိုပြုလွှာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ခြိမ်းခြောက်နေတဲ့ကြားက အဖွဲ့ဝင် ၁၅ ဦး ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အထူးကော်မတီတရပ် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမယ်လို့ မျှော်လင့်ရပါတယ်။

လုံခြုံရေးကောင်စီက မဲခွဲ ဆုံးဖြတ်မှုတွေ အဆင်သင့် ဖြစ်စေဖို့အတွက် တလ ဒါမှမဟုတ် တလထက်ပိုပြီး ကြာမြင့်နိုင်ပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဆန့်ကျင်ကြဖို့ ဒါမှမဟုတ် မဲမပေးဘဲ နေကြဖို့အတွက် အမေရိကန်နဲ့ အစ္စရေးတို့က ပြင်းပြင်းထန်ထန် စည်းရုံးနေကြပါတယ်။

အမြဲတမ်းအဖွဲ့ဝင် မဟုတ်တဲ့ ဘော့စ်နီးယား၊ ကိုလံဘီယာ၊ ဂါဘွန်နဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေကတော့ အခုထိ ကန့်ကွက်မဲ ဒါမှမဟုတ် သဘောတူတဲ့မဲ ထည့်ဖို့အတွက် အတိအကျ မဆုံးဖြတ်ကြသေးပါဘူး။

အမေရိကန်၊ ကုလသမဂ္ဂ၊ EU ဥရောပသမဂ္ဂနဲ့ ရုရှားနိုင်ငံတွေ ပါဝင်တဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းရေး ကွားတက် (Quartet) အဖွဲ့ကြီးကတော့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို တလအတွင်းမှာပဲ စတင်ကြဖို့နဲ့ လာမယ့်နှစ်မှာ သဘောတူညီချက်တွေရအောင် လုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။

XS
SM
MD
LG