သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ ကော်မတီဖွဲ့ စဉ်းစား


ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ ကော်မတီဖွဲ့ စဉ်းစား
ပါလက်စတိုင်းအရေး လုံခြုံရေးကောင်စီ ကော်မတီဖွဲ့ စဉ်းစား

ပါလက်စတိုင်းကို ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင်အဖြစ် လက်ခံရေး စဉ်းစားဖို့ ပထမအဆင့် အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်ခံထားပါတယ်။ ပါလက်စတိုင်းရဲ့ မေတ္တာရပ်ခံချက်ကို လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံလုံး ပါဝင်တဲ့ အထူးကော်မတီဆီကို ဒီကိစ္စကို စဉ်းစားဖို့ လွှဲပေးထားပါတယ်။

သောကြာနေ့ကျရင် အဲဒီ အထူးကော်မတီက ပါလက်စတိုင်းကို နိုင်ငံတခုအဖြစ် အသိအမှတ်ပြုရေး၊ မပြုရေး ပထမဆုံးအကြိမ် ဆွေးနွေးမှုကို လုပ်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်ကတော့ သီတင်းပတ်တွေနဲ့ချီပြီး ကြာမယ့်သဘော ရှိပါတယ်။

ဒါပေမဲ့လည်း လေ့လာ သုံးသပ်သူတွေ ပြောတာကတော့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုလိမ့်မှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ အမေရိကန် ပြည်ထောင်စုက လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ ခြိမ်းခြောက်ထားတာကြောင့်လို့ ဆိုပါတယ်။

ပါလက်စတိုင်းရဲ့ နိုင်ငံအဖြစ် ရရှိရေး လျှောက်ထားချက်ဟာ လုံခြုံရေးကောင်စီရဲ့ ပခုံးပေါ်မှာ တာဝန်ကျလာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပါလက်စတိုင်းဆိုင်ရာ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် ရီယာဒ့် မန်ဆွား (Riyad Mansour) က မနေ့ကပဲ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးကတော့ တိုက်ရိုက် ညှိနှိုင်းဆွေးနွေးတဲ့ လမ်းကြောင်းကပဲ ပါလက်စတိုင်း အရေးက ပြေလည်မယ်၊ ကုလသမဂ္ဂမှာ လုပ်နေတဲ့ နည်းနဲ့တော့ အပြင်က ကန့်ကွက်မှုတွေကြောင့် မအောင်မြင်နိုင်ဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG