သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဟာမတ်စ် စစ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်း ၂ သောင်းခွဲကျော်


Israel Palestinians Gaza Destruction
Israel Palestinians Gaza Destruction

အစ္စရေးနဲ့ ဟာမတ်စ် ၃ လကျော်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပါလက်စတိုင်းသား သေဆုံးသူ အရေအတွက်ဟာ ၂ သောင်းခွဲ ကျော်သွားပြီလို့ ဟာမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

စစ်ကြောင့် သေဆုံးသူ ၂၅,၁၀၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၆၂,၆၈၁ ယောက် ရှိခဲ့ကြောင်း ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ သတင်းထုတ်ပြန်လိုက်တာပါ။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ပါလက်စတိုင်း ၁၇၈ ယောက်၊ ဒဏ်ရာရသူ ၂၉၃ ယောက် ရှိတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က လက်မခံတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က Sky News သတင်းဌာနကို ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ အစ္စရေး၊ ပါလက်စတိုင်းအရေး ဖြေရှင်းရာမှာ ၂ ပြည်ထောင်စနစ်ကလွဲလို့ တခြားနည်း မမြင်ဘူးလို့လည်း ပြောခဲ့တာပါ။

အစ္စရေး ဝန်ကြီးချုပ်ကတော့ ဂါဇာဒေသကို အစ္စရေးက အပြည့်အ၀ ထိန်းချုပ်မယ့် အစီအစဉ်ကို ထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောဆိုထားပြီး၊ ပဋိပက္ခကို ဖြေရှင်းတဲ့ အစီအစဉ်တစိတ်တပိုင်းအဖြစ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး လက်ခံဖို့ အမေရိကန် သမ္မတ Joe Biden ရဲ့ အကြံပြုချက်ကိုလည်း ပယ်ချထားပါတယ်။

XS
SM
MD
LG