သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းတွေသေဆုံးတဲ့ ပစ်ခတ်မှု ကုလစုံစမ်းဖို့ အစ္စရေးခွင့်မပြု


ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်တွေပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေထဲက သေဆုံးသူ အရေအတွက် ၁၇ ဦး အနည်းဆုံးရှိသွားပြီဖြစ်ကြောင်း ပါလက်စတိုင်းဖက်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ လူတွေ ထောင်နဲ့ချီလည်း ဒဏ်ရာရခဲ့တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုထဲ နောက်ထပ်သေဆုံးသူ တစ်ဦးကို ထပ်မံ အတည်ပြုပေးခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဖက်ကတော့ ဒီပါလက်စတိုင်းဆန္ဒပြသူတချို့က နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးဖို့ကြိုးစားလာကာ၊ ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ပြီးနောက်မှသာ အစ္စရေးစစ်သားတွေဖက်က ပစ်ခတ်ခဲ့ရတာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီသေဆုံးသွားခဲ့တဲ့ပါလက်စတိုင်းဆန္ဒပြသူ ၁၅ ဦးထဲက ၁၀ ဦးဟာ အကြမ်းဖက်သမားစာရင်းဝင်ပြီးသားသူတွေဖြစ်ပြီး၊ အရင်လဲ နယ်စပ်ကနေ ခိုးဝင်ဖို့ကြိုးစားခဲ့ဖူးတယ်လို့ အစ္စရေးဖက်က ထုတ်ပြောလိုက်ပါတယ်။

၂၀၁၄ ခုနှစ်ထဲကဆိုရင် ဒီပဋိပက္ခထဲ အများဆုံးသေခဲ့ရတဲ့ ဒီတိုက်ခိုက်မှု့အပေါ် ကုလသမဂ္ဂဖက်က လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ပေးဖို့ ကြိုးပမ်းလာချိန်မှာ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး Avigdor Lieberman က လုံးဝ ခုလိုစစ်ဆေးခွင့်ပြုမှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်ထပ်လူပေါင်း ၁၄၀၀ ကျော်လည်း ဒဏ်ရာရခဲ့တဲ့ ဂါဇာကမ်းမြောင်တလျှောက် ဒီအကြမ်းဖက်ပစ်ခပ်ခဲ့မှုအပေါ်၊ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ လုံခြုံရေးကောင်စီဖက်က တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ချရေး ကြိုးပမ်းခဲ့ရာမှာ အမေရိကန်ဖက်က တားဆီးခဲ့ပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Lieberman ကလည်း နိုင်ငံနယ်စပ်ကို ကာကွယ်ပေးခဲ့တဲ့ အစ္စရေးစစ်သားတွေကို ဆုတံဆိပ်တွေတောင် ချီးမြှင့်ပေးသင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG