သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ်တော် ရှင်ပြန်ထမြောက်တော်မူနေ့ အကြို Palm Sunday ဆင်နွဲ


Holy Sepulcher ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေသော ခရစ်ယာန်ဘာသာဝင်များ။ (ဧပြီလ ၁၃၊ ၂၀၁၄)
Holy Sepulcher ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေသော ခရစ်ယာန်ဘာသာဝင်များ။ (ဧပြီလ ၁၃၊ ၂၀၁၄)
ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးကြီးတဲ့ သီတင်းပတ်အစအဖြစ် Easter ပွဲတော်ရက်မတိုင်ခင်ကျရောက်တဲ့ Palm Sunday တနင်္ဂနွေနေ့ကို ကမ္ဘာတဝန်းက ခရစ်ယာန်တွေ ဒီကနေ့ ဆင်နွဲနေကြပါတယ်။ Vatican u St. Peter’s ရင်ပြင်မှာကျင်းပတဲ့ ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

အာရှမှာ Roman Catholic ဘာသာဝင်တွေအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း ထန်းလက်ထန်းရွက်တွေကို ကိုင်ဆောင်ထားကြတဲ့ ထောင်နဲ့ချီတဲ့ပရိတ်သတ်ကို ခရစ်ယာန်ဘုန်းတော်ကြီးတွေက ကောင်းချီးမင်္ဂလာပေးခဲ့ကြပါတယ်။ Bethlehem မြို့၊ ဂျေရုဆလင်မြို့၊ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းနဲ့ ဂါဇာဒေသတို့မှာလည်း Palm Sunday တနင်္ဂနွေနေ့အထိမ်းအမှတ်ပွဲတွေလုပ်ပါတယ်။

Bethlehem မြို့က ယေရှုဖွားမြင်တယ်လို့ ယုံကြည်ကြတဲ့ နေရာမှာ ဆောက်ထားတဲ့ Nativity ဘုရားကျောင်းမှာရော ဂျေရုဆလင်မြို့ဟောင်းမှာ ရှိတဲ့ Holy Sap pol kar (Holy Sepulchre) ဘုရားကျောင်းမှာ ဝတ်ပြုသူတွေစုဝေးပြီး ဆုတောင်းဝတ်ပြုခဲ့ကြပါတယ်။ ယေရှုကို မြှုပ်နှံထားရာအဖြစ် အထွဋ်အမြတ်ထားတဲ့ နေရာမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး လှည့်လည် လမ်းလျှောက်သွားခဲ့ကြပါတယ်။

နောက်ပိုင်းကျရင်လည်း Mount of Olives တောင်ကနေ ထန်းလက် ထန်းရွက်တွေကိုင်ဆောင် ဓမ္မတေးတွေသီဆိုလာတဲ့ ခရစ်ယာန်တွေဟာ ဂျေရုဆလင်မြို့ဟောင်းထဲကို ဝင်ရောက်လာတဲ့အစီအစဉ်ကို ပြုလုပ်မှာဖြစ်ပါတယ်။ ယေရှုခရစ်တော် ကားစင်ရှိရာကိုသွားစဉ်မှာ သူ့ရဲ့နောက်လိုက်နောက်ပါတွေက ထန်းလက်တွေကိုင်ဆောင် နှုတ်ဆက်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ခုလို ထန်းလက်ထန်းရွက်တွေကို ဝှေ့ယမ်းကြတာဖြစ်ပါတယ်။

Palm Sunday တနင်္ဂနွေနေ့ကတော့ ယေရှု အဖမ်းမခံရခင်နဲ့ ကားစင်တင် မခံရခင် ဂျေရုဆလင်မြို့ထဲကို ဝင်ရောက်လာတဲ့နေ့အဖြစ် ဘာသာရေးအရ အထိမ်းအမှတ်နေ့သတ်မှတ်ထားတာဖြစ်ပါတယ်။ ရှေ့သီတင်းပါတ် တနင်္ဂနွေနေ့ကတော့ ယေရှုခရစ် ရှင်ပြန်ထမြောက်တဲ့နေ့လို့ ယုံကြည်ကြတဲ့ Easter ပွဲတော်နေ့ဖြစ်ပါတယ်။
XS
SM
MD
LG