၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်းက ပနားမားနိုင်ငံက မူးယစ်ဆေးရာဇာဖြစ်သူ စစ်အာဏာရှင်ဟောင်း မန်နူရယ် နိုရီဂါ (Manuel Noriega) ဟာ ပြင်သစ်နိုင်ငံမှာ ထောင်ဒဏ်ကျနေရာက ဒီနေ့တနင်္ဂနွေနေ့မှာ သူ့ဇာတိ တိုင်းပြည်ကို ပြန်ပါလိမ့်မယ်။
နိုရီဂါ ဟာ မူးယစ်ဆေး မှောင်ခိုကုန်ကူးတာနဲ့၊ ငွေကြေး ခဝါချမှု စွဲချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်ထောင်တွေအတွင်း နှစ်ပေါင်း ၂၀ ကျော် ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။ အခု ပြင်သစ်အကျဉ်းထောင်ကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
နိုရီဂါဟာ သူ့ရဲ့စစ်အာဏာရှင် အုပ်ချုပ်မှုသက်တမ်းအောက်မှာ သူ့အပေါ် ဝေဖန်သူတွေကို သတ်ဖြတ်မှုအပါအဝင်၊ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပနားမားနိုင်ငံကလည်း နှစ်ပေါင်း ၂၀ စီ သီးခြားထောင်ဒဏ် စီရင်ချက်တွေ ချမှတ်ထားခဲ့တာပါ။
အသက် ၇၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပနားမားခေါင်းဆောင်ဟောင်းကို အသက်အရွယ်အရ နေအိမ်အကျယ်ချုပ်နဲ့ နေခွင့်ပေးခဲ့တာပါ။ ဒီလိုနေခွင့်ရမရ ဆိုတာကိုတော့ ပနားမားအစိုးရကပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဆန့်ကျင် ကန့်ကွက်သူတွေကတော့ သူ့ကို အကျဉ်းထောင်ထဲမှာပဲ ဆက်ထားဖို့ ပနားမားအစိုးရကို စုဝေး တောင်းဆိုခဲ့ကြပါတယ်။