သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပနားမားစာရွက် စာတမ်း နောက်ဆက်တွဲ အချက်အလက်များထွက်ပေါ်


ပနားမား ပေပါမှ အသစ်ထုတ်ဝေလိုက်သော Offshore Leaks Database အချက်အလက်များ ကြည့်ရှုနိုင်သည့် ဝက်ဆိုဒ်။ (Source - https://offshoreleaks.icij.org)
ပနားမား ပေပါမှ အသစ်ထုတ်ဝေလိုက်သော Offshore Leaks Database အချက်အလက်များ ကြည့်ရှုနိုင်သည့် ဝက်ဆိုဒ်။ (Source - https://offshoreleaks.icij.org)

ပြီးခဲ့တဲ့လက ကနဦးထွက်ပေါ်လာတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံရေး ခေါင်းဆောင်တွေ၊ ချမ်းသာကြွယ်ဝသူတွေရဲ့ ပြည်ပက ဘဏ်တွေမှာ အပ်နှံထားတဲ့ ဘဏ်စာရင်းတွေ အကြောင်း Panama Paper လို့ခေါ်တဲ့ ပေါက်ကြားမှုတွေကြောင့် စပိန်နဲ့ အိုက်စလန်မှာ အဆင့်မြင့်ခေါင်းဆောင်တွေ ပြုတ်ကျခဲ့ပြီး၊
ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်လည်း ဒီကိစ္စကြောင့် စိတ် အနှောက် အယှက် ဖြစ်ခဲ့ရသလို ရုရှား သမ္မတ Vladimir Putin ရဲ့ အပေါင်းပါ တွေရဲ့ ငွေခဝါချမှု လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း စွပ်စွဲချက်တွေ ပေါ်ခွက်ခဲ့ပါတယ်။

တနလာၤနေ့က ထုတ်ပြန်လိုက်တဲ့ အများပြည်သူနဲ့ ပတ်သက်တဲ့ စာရင်းဇယား အချက်အလက်တွေက ပိုပြီး ကြီးကြီးမားမား ရိုက်ခတ်မှုတွေ ရှိလာနိုင်တဲ့အကြောင်း ပနားမား ဥပဒေ အကျိုးဆောင်အဖွဲ့ Mossack Fonseca ဆီက စာရွက်စာတမ်း ၁၁.၅ သန်းကျော်ကို ထိမ်းသိမ်းထားတဲ့ ICIJ အဖွဲ့က ပြောလိုက်ပါတယ်။ ICIJ အဖွဲ့ဟာ အစပိုင်းမှာ ဒီအချက်အလက်တွေကို ရွေးခြယ်ထားတဲ့ သတင်းသမား အချို့ကိုပဲ မျှဝေပေးခဲ့တာပါ။

ICIJ ဟာ တနင်္လာနေ့ ညနေ ၂နာရီမှာ အဖွဲ့ရဲ့ ဝက်ဆိုဒ်မှာ နိုင်ငံနဲ့ နယ်မြေ ဒေသပေါင်း ၂၀၀ ကျော်က ပိုင်ဆိုင်သူတွေရဲ့ ပြည်ပ အကောင့်တွေ သက်ဆိုင်တဲ့ အချက်အလက်ပေါင်း နှစ်သိန်းကျော်ပါဝင်တဲ့ ဒေတာဘေ့စ် အချက်အလက်တွေ တင်ထားတဲ့ Web ဆိုဒ်တခုကို ရှာဖွေကြည့်ရှုလို့ရအောင် ဖွင့်ပေးလိုက်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဒေတာဘေ့စ် အချက်အလက်တွေထဲမှာ Coporation ကြီးတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ အချက်အလက်တွေ ပါဝင်ပြီး၊ ဥပဒေ အကျိုးဆောင်အဖွဲ့ Mossack Fonseca အဖွဲ့က အခိုးခံခဲ့ရတယ်လို့ ပြောတဲ့၊ ICIJ က အရင်တကြိမ် စစ်ဆေးနေတဲ့ နိုင်ငံပေါင်းစုံက အခွန်တိမ်းရှောင်လိုသူတွေရဲ့ အချက်တွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။

ကုမ္ပဏီတွေ၊ ငွေစုထားတဲ့ အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းအဖွဲ့တွေကို နိုင်ငံ၊ လူနာမည်၊ လိပ်စာ၊ အခြား အချက်အလက်တွေနဲ့ အင်တာနက်မှာ ရိုက်ထည့်ပြီး ရှာဖွေလို့ ရပါတယ်။ အထူးအရေးကြီးပြီး သတိထားရတဲ့ ဘဏ်အကောင့် နံပါတ်နဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကိုတော့ ချန်ထားခဲ့ပါတယ်။

အခု ပနားမား ပေပါ လေ့လာစုံစမ်းရေး ပရောဂျက်ကို ဆက်လုပ်နေကြတဲ့ အဖွဲ့မှာ နိုင်ငံပေါင်း ၈၀ ကျော်က သတင်းဌာန ၁၀၀ကျော်က သတင်းသမားပေါင်း ၃၇၀ကျော် ပါဝင်ပြီး၊ ICIJ အဖွဲ့က ဒုတိယ ညွှန်ကြားရေးမှုး Walker Guevara က ကြီးကြပ်နေတာ ဖြစ်ပါတယ်။ ဧပြီလဆန်းမှာ သတင်းတွေ စပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG