သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Panama Papers ထဲ မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေ ပါဝင်


Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်းဖွင့်ထားသူတွေရဲ့ စာရင်း အင်တာနက်စာမျက်နှာ
Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်းဖွင့်ထားသူတွေရဲ့ စာရင်း အင်တာနက်စာမျက်နှာ

Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံကဆိုပြီးတော့ လူပိုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတခုရဲ့ နာမည်တွေလည်းပါတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က ၂၀၁၃ ခုနှစ်က ထုတ်ပြန်တာကို သူတို့ရဲ့ဝက်ဘ်ဆိုက်တ်မှာ တင်ထားတာကို တွေ့ရတာပါ။

စာရင်းထဲမှာဖော်ပြထားတဲ့ နာမည်တွေထဲမှာ ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။ နိုင်ငံခြားသားနာမည်နဲ့ လူလေးဦးပါဝင်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဆိုပြီးတွေ့ရပါတယ်။

ဒီစာရင်းမှာ ပါသူတွေထဲ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။ သူတို့ရဲ့ အခုလို ပြည်ပလျှို့ဝှက် ဘဏ်စာရင်းတွေရဲ့ ရည်ရွယ်ရင်း သဘောသဘာဝအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကတော့ Financecorp Limited ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီလူ့ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေဆိုပြီး ဖော်ပြထားတာမှာတော့ Chief Target Overseas Ltd, Sky-Link Communications Ltd, Compass Point Finance Ltd, MPRL E&P Pte Ltd, Siam (Canadian) China Ltd, Chance Best Development Ltd, Master Timber Corporation, Myint & Associates Co. Ltd, Asia Drilling Pte Ltd, G V Trading Pte Ltd, Winterson Intl Ltd, Bay Maritime Pte Ltd, High Returns Trading Ltd, Auto Transportation Ltd, Cairnhill Management Ltd, Global Business Development Ltd စတဲ့ကုမ္ပဏီတွေကို တွေ့ရပါတယ်။

XS
SM
MD
LG