သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီစီ တိရစ္ဆာန်ရုံမှာ ပန်ဒါတကောင် မွေးဖွား


အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ အမျိုးသား တိရစ္ဆာန်ဥယျာဉ်မှာ ပန်ဒါဝက်ဝံ မကြီး Mei Xiang က သောကြာနေ့ ညနေပိုင်းမှာ ပန်ဒါဝက်ဝံ သားပေါက်လေး မွေးဖွားခဲ့တဲ့အတွက် အထူး ပျော်ရွှင်နေကြပါတယ်။

ဒီဖြစ်ရပ်ဟာ မမျှော်လင့်ဘဲ ဖြစ်လာခဲ့ရတာလို့ ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်ရုံရဲ့ ဝန်ထမ်းတွေက Mei Xiang မှာ ရင်သွေးလွယ်ထားရတဲ့ အခြေအနေကို မကြာသေးခင် အခုလဆန်းတုန်းကမှ သတိပြုမိခဲ့ကြတယ်လို့ ဆိုပါတယ်။

မွေးဖွားစ ပန်ဒါဝက်ဝံ သားပေါက်ကလေးရဲ့ အသံကို ပန်ဒါဝက်ဝံ စောင့်ရှောက်ရေး ဝန်ထမ်းတွေက ကြားရပြီး မိခင်ပန်ဒါမကြီးက ကလေးကို ပိုက်ထားတာကို တွေ့ခဲ့ကြရတာလို့ ပြောပါတယ်။


ဒါပေမဲ့ ပျော်ရွှင်နေကြတာဟာ အတိုင်းထက်အလွန်တော့ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပန်ဒါမိခင် Mei Xiang ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်း ကလည်း တကောင်မွေးဖွားခဲ့ဖူးပြီး အဆုတ်အား မကောင်းတာကနေ အသည်းကို ထိခိုက်ပြီး မွေးဖွားပြီးလို့ ၆ ရက်အကြာမှာ သေဆုံးသွားခဲ့ရ လို့ ဖြစ်ပါတယ်။

မိုင်ရှိုင်းရဲ့ ပထမဆုံး သားငယ် ပန်ဒါ ဝက်ဝံကလေး တိုင်ရှမ် Tai Shan ကို မေထုံမဲ့ မျိုးပွားစနစ်နဲ့ ၂၀၀၅ ခုနှစ် ဇူလိုင် လအတွင်းမှာ မွေးဖွားခဲ့ပြီး အခုသူဟာ တရုတ်နိုင်ငံ ယာအန် Ya’an မှာရှိတဲ့ ပန်ဒါ စခန်းမှာ ရှိနေပါတယ်။
XS
SM
MD
LG