Zawgyi/Unicode
ကမာၻတလႊားက ေခါင္းေဆာင္ေတြဟာ ႏိုင္ငံရပ္ျခားေတြမွာ သူတို႔ ပိုင္ဆိုင္မႈေတြကို ျမႇဳပ္ႏွံထားၾကတယ္လို႔ သန္းေပါင္းမ်ားစြာေသာ စာ႐ြက္စာတမ္းေတြကို ေမႊေႏွာက္ စစ္ေဆးၿပီး စုံစမ္းေဖာ္ထုတ္တင္ျပတဲ့ သတင္းသမားမ်ားရဲ႕ ႏိုင္ငံတကာအဖြဲ႔ႀကီးက ေျပာလိုက္ပါတယ္။
စုံစမ္းေဖာ္ထုတ္လိုက္တဲ့ ေခါင္းေဆာင္ ၃၅ ေယာက္ထဲမွာ ႐ုရွားသမၼတ Vladimir Putin၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း Tony Blair၊ Czech ဝန္ႀကီးခ်ဳပ္ Andrej Babis နဲ႔ ေဂ်ာ္ဒန္ဘုရင္ Abdullah တို႔လည္းပါဝင္ၾကပါတယ္။ခ်က္ သမၼတႏုိင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ Babis ဟာ ျပင္သစ္ေတာင္ပိုင္းက ေဒၚလာ ၁၆ သန္းေက်ာ္ အားလပ္ရက္ စံအိမ္ ၂ အိမ္ကို ၾကားခံ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီကတဆင့္ ဝယ္ယူခဲ့တယ္လို႔ ပန္ဒိုလာစာတမ္းက ဆိုပါတယ္။ ေ႐ြးေကာက္ပြဲ အေခ်အတင္ ေဆြးေႏြးပြဲမွာေတာ့ ဝန္ႀကီးခ်ဳပ္က ဒီေငြဟာ အခြန္ေဆာင္ၿပီးေငြ ျဖစ္ေၾကာင္း၊ သူ အမွားမလုပ္ခဲ့ေၾကာင္း ရွင္းလင္းသြားခဲ့တယ္လို႔ ႐ိုက္တာ သတင္းဌာန က ေျပာပါတယ္။
သတင္းရင္းျမစ္ ၁၄ ခု က ရရွိတဲ့ စာ႐ြက္စာတမ္းေပါင္း ၁၂ သန္းကို ႏိုင္ငံတကာ စုံစမ္းေဖာ္ထုတ္ေရး သတင္းစာဆရာမ်ားအဖြဲ႔ႀကီးက ဦးေဆာင္ စုံစမ္း စစ္ေဆးခဲ့တာပါ။ဒီ အဖြဲ႔ႀကီးမွာ အဖြဲ႔ဝင္ သတင္းစာဆရာ ၆၅၀ ရွိပါတယ္။
ယခင္ကလည္း Panama စာတမ္းနဲ႔ ခုလို ေဖာ္ထုတ္ခဲ့ဖူးေပမယ့္ ခု တႀကိမ္ ေဖာ္ထုတ္လိုက္တဲ့ Pandora စာတမ္းမွာ ေဖာ္ထုတ္ထားတဲ့သူ အေရအတြက္က ပိုမ်ားပါတယ္။
=======
Unicode
ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုတွေ ဖော်ထုတ်လိုက်တဲ့ Pandora စာတမ်း
ကမ္ဘာတလွှားက ခေါင်းဆောင်တွေဟာ နိုင်ငံရပ်ခြားတွေမှာ သူတို့ ပိုင်ဆိုင်မှုတွေကို မြှုပ်နှံထားကြတယ်လို့ သန်းပေါင်းများစွာသော စာရွက်စာတမ်းတွေကို မွှေနှောက် စစ်ဆေးပြီး စုံစမ်းဖော်ထုတ်တင်ပြတဲ့ သတင်းသမားများရဲ့ နိုင်ငံတကာအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
စုံစမ်းဖော်ထုတ်လိုက်တဲ့ ခေါင်းဆောင် ၃၅ ယောက်ထဲမှာ ရုရှားသမ္မတ Vladimir Putin၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair၊ Czech ဝန်ကြီးချုပ် Andrej Babis နဲ့ ဂျော်ဒန်ဘုရင် Abdullah တို့လည်းပါဝင်ကြပါတယ်။ချက် သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ် Babis ဟာ ပြင်သစ်တောင်ပိုင်းက ဒေါ်လာ ၁၆ သန်းကျော် အားလပ်ရက် စံအိမ် ၂ အိမ်ကို ကြားခံ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကတဆင့် ဝယ်ယူခဲ့တယ်လို့ ပန်ဒိုလာစာတမ်းက ဆိုပါတယ်။ ရွေးကောက်ပွဲ အချေအတင် ဆွေးနွေးပွဲမှာတော့ ဝန်ကြီးချုပ်က ဒီငွေဟာ အခွန်ဆောင်ပြီးငွေ ဖြစ်ကြောင်း၊ သူ အမှားမလုပ်ခဲ့ကြောင်း ရှင်းလင်းသွားခဲ့တယ်လို့ ရိုက်တာ သတင်းဌာန က ပြောပါတယ်။
သတင်းရင်းမြစ် ၁၄ ခု က ရရှိတဲ့ စာရွက်စာတမ်းပေါင်း ၁၂ သန်းကို နိုင်ငံတကာ စုံစမ်းဖော်ထုတ်ရေး သတင်းစာဆရာများအဖွဲ့ကြီးက ဦးဆောင် စုံစမ်း စစ်ဆေးခဲ့တာပါ။ဒီ အဖွဲ့ကြီးမှာ အဖွဲ့ဝင် သတင်းစာဆရာ ၆၅၀ ရှိပါတယ်။
ယခင်ကလည်း Panama စာတမ်းနဲ့ ခုလို ဖော်ထုတ်ခဲ့ဖူးပေမယ့် ခု တကြိမ် ဖော်ထုတ်လိုက်တဲ့ Pandora စာတမ်းမှာ ဖော်ထုတ်ထားတဲ့သူ အရေအတွက်က ပိုများပါတယ်။
#PandoraPaper #VOABurmese#ပန်ဒိုရာစာတမ်း