တ႐ုတ္ႏိုင္ငံမွာ COVID 19 ကူးစက္မႈေတြ ျမင့္တက္ေနခ်ိန္၊ ေဟာင္ေကာင္နဲ႔ နယ္စပ္ကို လာမယ့္ တနဂၤေႏြေန႔ ျပန္ဖြင့္ဖို႔ ႐ွိတာမို႔ ေဟာင္ေကာင္သားေတြ စိုးရိမ္တႀကီး ေဆးေတြအလုအယက္ ဝယ္ေနၾကပါတယ္။
တ႐ုတ္ႏိုင္ငံမွာ တင္းၾကပ္တဲ့ ကိုဗစ္စည္းကမ္း ထိန္းခ်ဳပ္မႈေတြ ျပန္လည္ေျဖေလွ်ာ့ေပးခဲ့ၿပီးတဲ့ေနာက္ ေဟာင္ေကာင္ကို လာမယ့္သူေတြ ကိုဗစ္ဆိုင္ရာ သီးျခားခြဲေနစရာ မလိုေတာ့တာေၾကာင့္ လတ္တေလာ ကူးစက္မႈေတြကေန မ်ဳိးကြဲသစ္ေတြ ပါဝင္လာၿပီး ေဆးျပတ္သြားမွာပါ ေဟာင္ေကာင္သားေတြ စိုးရိမ္ေနၾကတာပါ။
ၿပီးခဲ့တဲ့ လကုန္ပိုင္းကပဲ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး John Lee က တ႐ုတ္ျပည္မႀကီးကလာတဲ့ ခရီးသြားေတြ အပါအဝင္ ျပင္ပကဝင္လာသူ အားလုံး ကိုဗစ္စစ္ေဆးဖို႔ မလိုေတာ့တဲ့အေၾကာင္း ေၾကညာခဲ့အၿပီး၊ အခု တ႐ုတ္ႏွစ္ကူး အားလပ္ရက္နီးလာခ်ိန္ ခရီးသြားေတြ ပိုမ်ားလာႏိုင္တာမို႔ ပိုစိုးရိမ္ေနၾကပါတယ္။
ေန႔စဥ္ တ႐ုတ္ကဝင္လာသူ ေသာင္းဂဏန္းခ်ီ ရိွႏိုင္ၿပီး၊ တ႐ုတ္မွာ ေဆးဝယ္ယူမႈ ကန္႔သတ္ထားတဲ့ အခ်ိန္၊ က်န္းမာေရး ေစာင့္ေ႐ွာက္မႈ ပိုေကာင္းတဲ့ ေဟာင္ေကာင္မွာ အရင္ကတည္းက ေဆးလာကုသူေတြ မ်ားတာေၾကာင့္ အခုခ်ိန္ ပိုမ်ားလာမွာကို စိုးရိမ္ၾကတာလည္း ျဖစ္ပါတယ္။
ဆရာဝန္ ၫႊန္ၾကားခ်က္မလိုဘဲ ေဆးဆိုင္ေတြမွာ ကိုယ့္ဟာကိုယ္ဝယ္ႏိုင္တဲ့ ႏွာေစးေခ်ာင္းဆိုး ဖ်ားနာအကိုက္အခဲ ေပ်ာက္ေဆးေတြ ေဟာင္ေကာင္ေဆးဆိုင္ေတြမွာ ျပတ္ကုန္တာမို႔ အခုအကန္႔အသတ္နဲ႔သာ ေရာင္းေပးေနပါေတာ့တယ္။
====== Unicode ======
တရုတ်နိုင်ငံမှာ COVID 19 ကူးစက်မှုတွေ မြင့်တက်နေချိန်၊ ဟောင်ကောင်နဲ့ နယ်စပ်ကို လာမယ့် တနင်္ဂနွေနေ့ ပြန်ဖွင့်ဖို့ ရှိတာမို့ ဟောင်ကောင်သားတွေ စိုးရိမ်တကြီး ဆေးတွေအလုအယက် ဝယ်နေကြပါတယ်။
တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်း ထိန်းချုပ်မှုတွေ ပြန်လည်ဖြေလျှော့ပေးခဲ့ပြီးတဲ့နောက် ဟောင်ကောင်ကို လာမယ့်သူတွေ ကိုဗစ်ဆိုင်ရာ သီးခြားခွဲနေစရာ မလိုတော့တာကြောင့် လတ်တလော ကူးစက်မှုတွေကနေ မျိုးကွဲသစ်တွေ ပါဝင်လာပြီး ဆေးပြတ်သွားမှာပါ ဟောင်ကောင်သားတွေ စိုးရိမ်နေကြတာပါ။
ပြီးခဲ့တဲ့ လကုန်ပိုင်းကပဲ ဟောင်ကောင်အုပ်ချုပ်ရေးမှူး John Lee က တရုတ်ပြည်မကြီးကလာတဲ့ ခရီးသွားတွေ အပါအဝင် ပြင်ပကဝင်လာသူ အားလုံး ကိုဗစ်စစ်ဆေးဖို့ မလိုတော့တဲ့အကြောင်း ကြေညာခဲ့အပြီး၊ အခု တရုတ်နှစ်ကူး အားလပ်ရက်နီးလာချိန် ခရီးသွားတွေ ပိုများလာနိုင်တာမို့ ပိုစိုးရိမ်နေကြပါတယ်။
နေ့စဉ် တရုတ်ကဝင်လာသူ သောင်းဂဏန်းချီ ရှိနိုင်ပြီး၊ တရုတ်မှာ ဆေးဝယ်ယူမှု ကန့်သတ်ထားတဲ့ အချိန်၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းတဲ့ ဟောင်ကောင်မှာ အရင်ကတည်းက ဆေးလာကုသူတွေ များတာကြောင့် အခုချိန် ပိုများလာမှာကို စိုးရိမ်ကြတာလည်း ဖြစ်ပါတယ်။
ဆရာဝန် ညွှန်ကြားချက်မလိုဘဲ ဆေးဆိုင်တွေမှာ ကိုယ့်ဟာကိုယ်ဝယ်နိုင်တဲ့ နှာစေးချောင်းဆိုး ဖျားနာအကိုက်အခဲ ပျောက်ဆေးတွေ ဟောင်ကောင်ဆေးဆိုင်တွေမှာ ပြတ်ကုန်တာမို့ အခုအကန့်အသတ်နဲ့သာ ရောင်းပေးနေပါတော့တယ်။