ချီလီနိုင်ငံမှာကျင်းပနေတဲ့၂၀၁၅ Copa အမေရိကန်ဖလား ဘောလုံးပွဲရဲ့ စနေနေ့ကစားတဲ့ ကွာတားဖိုင်နယ်ပွဲမှာ ဘရာဇီးလ်နဲ့ ပါရာဂွေးအသင်းတို့ မိနစ် (၉၀) အထိ တဘက်တဂိုးစီနဲ့ သရေဖြစ်နေတဲ့အတွက် စည်းမျဉ်းသတ်မှတ်ချက်အရ ပယ်နယ်တီကန်ပြီးတော့ အဆုံးအဖြတ် လုပ်ခဲ့ရပါတယ်။
အဲဒီမှာတော့ ပါရာဂွေးအသင်းက ပယ်နယ်တီ (၄) ဂိုးဝင်ပြီး ဘရာဇီးလ်အသင်းက ပယ်နယ်တီ (၃) ဂိုးပဲ ဝင်တဲ့အတွက် ပါရာဂွေးအသင်းဟာ ဆီမီးဖိုင်နယ်ကို တက်သွားပါပြီ။ ပါရာဂွေးအသင်းဟာတော့ ပထမတုန်းက အနိုင်ရထားတဲ့ အာဂျင်တီးနားအသင်းနဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲကို ကစားရမှာဖြစ်ပါတယ်။ ပထမဆီမီးဖိုင်နယ်ပွဲကိုတော့ တနင်္လာနေ့မှာ အိမ်ရှင်ချီလီအသင်းနဲ့ ပီရူးအသင်းတို့ ဆန်ဒီယေဂိုမြို့မှာ ကစားကြမှာပါ။
တခါ ကနေဒါမှာကစားနေတဲ့ ၂၀၁၅ FIFA အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာတော့ ကမ္ဘာ့ဖလားချန်ပီယံ ဂျပန်အသင်းက သြစတြေးလျကို တဂိုး ဂိုးမရှိနဲ့အနိုင်ရပြီးတော့ ဆီမီးဖိုင်နယ်တက်သွားပါပြီ။ ဂျပန်အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ Iwabuchi က ၈၇ မိနစ်မှာ အနီးကပ် ကန်သွင်းခဲ့တာပါ။