သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီသဘောတူညီချက် အိန္ဒိယလက်မှတ်ထိုးမည်


ပါရီရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (AP Photo/Francois Mori)
ပါရီရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ (AP Photo/Francois Mori)

ကမ္ဘာမှာ တတိယမြောက် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်တဲ့ အိန္ဒိယ နိုင်ငံက ဒီကနေ့ တနင်္ဂနွေနေ့မှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို အိန္ဒိယ နိုင်ငံက တရားဝင် သဘောတူလိုက်တာကြောင့် စာချုပ်ကို လက်တွေ့ကျင့်သုံးဖို့ အတွက် ပိုပြီး နီးစပ်လာစေပါတယ်။ အိန္ဒိယ နိုင်ငံပါဝင်လာမှုကြောင့် ကမ္ဘာ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ထက်ဝက်ကျော်အတွက် တာဝန်ရှိတဲ့ နိုင်ငံပေါင်း ၆၂ နိုင်ငံ စာချုပ်မှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂက နောက် သတင်းပတ်ထဲမှာ စာချုပ်ကို အတည်ပြုမယ်လို့ ပြောဆိုထားပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်တို့ကတော့ ပြီးခဲ့တဲ့ လက အတည်ပြုခဲ့တာပါ။ ပါရီ သဘောတူညီချက်က ကမ္ဘာကြီး ပူနွေးလာမှုနှုန်းကို စက်မှုလုပ်ငန်းတွေ အတိုင်ခင်က ရှိထားတဲ့ အပူအချိန်ရဲ့ ၂ ဒီဂရီ စင်တီဂရိတ်အောက်မှာ ထိန်းထားနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီ ရဲ့ မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာ အိန္ဒိယ နိုင်ငံက ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုတာ ဖြစ်ပါတယ်။

မဟတ္တမ ဂန္ဒီဟာဆိုရင် ရာသီဥတု ပြောင်းလဲခြင်း အပေါ် သက်ရောက်မှုနည်းအောင် ဘယ်လို နေထိုင်မလဲ ဆိုတာရဲ့ စံပြ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကိုးကားပြီး အိန္ဒိယ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီး Anil Madhav Dave က ကမ္ဘာ့ သယံဇာတတွေ အပေါ် မှီခိုမှု လျှော့ချဖို့ အတွက် လူနေမှုပုံစံကို ပြောင်းလဲဖို့ လိုအပ်မယ်လို့ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG