သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီမြို့ ဓါးနဲ့တိုက်ခိုက်မှု လူနှစ်ဦးသေဆုံး


ပြင်သစ်နိုင်ငံ ပါရီမြို့တော် ဆင်ခြေဖုံးအရပ်မှာ ဒီကနေ့ ဓားနဲ့တိုက်ခိုက်မှု ဖြစ်ပွားရာက လူ ၂ ဦး သေဆုံးပြီး၊ တဦးအပြင်းအထန် ဒဏ်ရာရသွားပါတယ်။ မြို့တော်အနောက်ဖက်မှာရှိတဲ့ Trappes အရပ်မှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူကိုတော့ ရဲတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်းလည်း ဒေသခံအာဏာပိုင်တယောက်က ပြောပါတယ်။ IS အစ္စလာမ်စစ်သွေးကြွ အုပ်စုကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အဖွဲ့ရဲ့ Amaq သတင်းဌာနကနေ ကြေညာခဲ့တာပါ။

IS အဖွဲ့အပေါ် စစ်ဆင်နေတဲ့ နိုင်ငံတွေက အရပ်သားတွေကို တိုက်ခိုက်ဖို့ တိုက်တွန်းချက်အရ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း သေဆုံးသွားသူ ၂ ဦးဟာ တိုက်ခိုက်သူရဲ့ မိခင်နဲ့ မောင်နှမ မိသားစုဝင်တွေ ဖြစ်ကြောင်း ပြင်သစ်အစိုးရနဲ့ နီးစပ်သူ အသိုင်းအဝန်းက ပြောဆိုထားကြတာပါ။

ချမ်းသာကြွယ်ဝသူတွေပေါတဲ့ ပါရီမြို့တော်ရဲ့ ဆင်ခြေဖုံးဒေသ Trappes ဆင်းရဲသားအရပ်မှာတော့ လူဦးရေ ၃ သောင်းလောက် နေထိုင်ကြပြီး၊ ဒါဇင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း ဆီးရီးယားနိုင်ငံမှာ တိုက်ခိုက်နေတဲ့ IS အစွန်းရောက်တွေနဲ့ ပူးပေါင်းဖို့ နိုင်ငံကနေ ပြင်သစ်ကနေ ထွက်ခွာသွားကြတယ်လို့လည်း ယူဆထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG