သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Paris တိုက်ခိုက်မှုကြံရာပါကို Belgium ရဲစုံစမ်းသိရှိ


မသင်္ကာခံရသူ အသက် ၂၄ နှစ်အရွယ် Najim Laachraouli
မသင်္ကာခံရသူ အသက် ၂၄ နှစ်အရွယ် Najim Laachraouli

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တိုက်ခိုက်မှုမှာ ကြံရာပါအဖြစ် ပါဝင်ခဲ့တယ်လို့ မသင်္ကာခံရသူ အမျိုးသားတဦး ဘယ်သူဖြစ်တယ်ဆိုတာ သိရှိထားပြီလို့ Belgium ဗဟိုအစိုးရရှေ့နေတွေက ပြောပါတယ်။

အသက် ၂၄ နှစ်အရွယ် Najim Laachraouli ဆိုသူဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Brussels မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုကို အဓိက ဦးဆောင်ပြုလုပ်ခဲ့သူလို့ မသင်္ကာခံရသူ Salah Abdeslam နဲ့အတူ စက်တင်ဘာလအတွင်း Austria – Hungary နယ်စပ်ကို အတူ သွားခဲ့တယ်လို့ ရှေ့နေရုံးက ပြောပါတယ်။

Belgium နိုင်ငံ၊ Auvelais မြို့မှာ Soufiane Kayale ဆိုသူရဲ့ အမည်နဲ့ ငှားထားတဲ့ အိမ်မှာ Laachraouli ရဲ့ DNA ကို တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Laachraouli ဟာ ၂၀၁၃ ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံကိုလည်း သွားခဲ့တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက Laachraouli အပါအဝင် တိုက်ခိုက်မှု မပြုလုပ်ခင် ရက်အနဲငယ်တုန်းက Abdeslam နဲ့အတူ ကားအတူ မောင်းသွားတာကို တွေ့လိုက်ရတဲ့ Mohamed Abrini ဆိုသူတို့ကို ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၃၀ သေဆုံးပြီး ၃၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တာပါ။

XS
SM
MD
LG