သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် တိုက်ခိုက်မှု သံသယရှိသူ နောက်တဦး ဘယ်လ်ဂျီယံ ဖမ်းဆီး


ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ လုံခြုံရေးတင်းကျပ်။ (ဒီဇင်ဘာ ၂၀၊ ၂၀၁၅)
ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ လုံခြုံရေးတင်းကျပ်။ (ဒီဇင်ဘာ ၂၀၊ ၂၀၁၅)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နိုဝင်ဘာလ ၁၃ ရက် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်သူလို့ သံယသရှိထားတဲ့ ၉ ယောက်မြောက် အမျိုးသားကို ဘယ်လ်ဂျီယံ အစိုးရအရာရှိတွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဘရက်ဆဲလ်မြို့မှာ ဒီသီတင်းပတ် အစောပိုင်း ကတည်းက ဖမ်းဆီးလိုက်တာဖြစ်ပေမဲ့ သူနဲ့ပူးပေါင်းကြံစည်သူတွေကို သတိပေးလိုက်တာမျိုး ဖြစ်မှာစိုးတဲ့အတွက် ဖမ်းဆီးမှုကို လျှို့ဝှက်ထားခဲ့တာလို့ ဖက်ဒရယ် အစိုးရရှေ့နေရုံး ပြောခွင့်ရတဦးက ပြောပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေ မကြာခင် ထပ်သိရဖို့လည်း မျှော်လင့်ရပါတယ်။

အခုသံသယနဲ့ဖမ်းဆီးလိုက်သူဟာ ပါရီမြို့ တိုက်ခိုက်မှုကို စီစဉ်ခဲ့သူအဖြစ် သံသယရှိထားတဲ့ Abdelhamin Abaaoud ရဲ့ ဝမ်းကွဲတယောက်နဲ့ တယ်လီဖုန်း ကနေ အဆက်အသွယ် ရှိတယ်လို့ ယုံကြည်ရပါတယ်။ Abaaoud နဲ့ သူ့ရဲ့ ဝမ်းကွဲညီအစ်ကို Hasna Ait Boulahcen တို့ကတော့ ပါရီမြို့ တိုက်ခိုက်မှုတွေ အပြီး Saint Denis မြို့မှာ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ တွင်း သေဆုံးခဲ့တာပါ။

အခုသံသယရှိသူကို အင်္ဂါနေ့က ဖမ်းဆီးလိုက်တာဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံ DH သတင်းစာမှာ ဖော်ပြထားပါတယ်။ ဖမ်းဆီးခံရသူရဲ့ နံမည်ကိုတော့ မဖော်ပြထားပါဘူး။

တနင်္လာနေ့တုန်းကလည်း ပါရီမြို့ တိုက်ခိုက်မှုနဲ့ ဆက်စပ်တဲ့ စီးနင်းရှာဖွေမှုတွေတွင်း ညီအစ်ကိုနှစ်ဦး အပါအဝင် သံသယရှိသူ ၅ ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ဒီစီးနင်းရှာဖွေမှုတွေတွင်း ဖောက်ခွဲပစ္စည်းတွေ ဒါမှမဟုတ် လက်နက်တွေ ရှာတွေ့ တာလည်း မရှိပါဘူး။

နိုဝင်ဘာလ ၁၃ ရက်နေ့က ပါရီမြို့တော်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ တွင်းမှာတော့ လူ ၁၃၀ သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG