သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု သံသယရှိသူ ဓါတ်ပုံ ပြင်သစ်ရဲထုတ်ပြန်


သံသယဖြစ်ခံရသူတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဆာလပ် အက်ဒီစလာမ် (Salah Abdeslam)
သံသယဖြစ်ခံရသူတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဆာလပ် အက်ဒီစလာမ် (Salah Abdeslam)

လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့ရတဲ့ သောကြာနေ့ည ပဲရစ်မြို့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သံသယဖြစ်ခံရသူတစ်ဦးရဲ့ ဓါတ်ပုံကို ပြင်သစ်ရဲတွေက ထုတ်ဖော်ကြညာလိုက်ပြီဖြစ်ပါတယ်။ သေဆုံးသူစာရင်းထဲမှာ ဆေးရုံရောက်ပြီးမှ သေဆုံးသူ သုံးဦးလည်းပါဝင်ပါတယ်။

သံသယဖြစ်ခံရသူတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဆာလပ် အက်ဒီစလာမ် (Salah Abdeslam) ဟာ ဘလ်ဂျီယံနိုင်ငံ ဘရာဆဲလ် မြို့မှာ မွေးဖွားသူဖြစ်ပါတယ်။ ဒီ ၈ ယောက်မြောက် လို့ယူဆရတဲ့ သံသယဖြစ်ခံရသူဟာ အန္တရာယ်ရှိပြီး သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေရှိရင် အာဏာပိုင်တွေကို အကြောင်းကြားဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ သောကြာနေ့ညက ပဲရစ်မြို့ တဝိုက် တိုက်ခိုက်ခံရမှုနဲ့ ဆက်နွယ်မှုရှိတဲ့ ညီအစ်ကိုသုံးဦးထဲက တစ်ဦးဖြစ်ပါတယ်။

သူတို့ညီအစ်တွေထဲက တစ်ဦးဖြစ်တဲ့ အီဘရာဟင် ဆာလပ် (Ibrahim Salah) ဟာ လူပေါင်း ၈၀ လောက် သေဆုံးခဲ့တဲ့ ဘာတာကလန် ဖျော်ဖြေရေးပွဲရုံအတွင်း အသေခံဗုံးခွဲတိုက်ခိုက်သူဖြစ်ပါတယ်။ တတိယမြောက် ညီအစ်ကိုတစ်ဦးကိုတော့ အာဏာပိုင်တွေ ဖမ်းဆီးထားပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူအတော်များများကို ပြင်သစ်ရဲနဲ့ ဘယ်လ်ဂျီယံရဲတွေ ဖမ်းဆီးထားသလို သံယသဖြစ်ခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဆက်စပ်မှုရှိတဲ့သူတွေကိုလည်း စစ်ဆေးမေးမြန်း နေပါတယ်။

ပြင်သစ် အသေခံဗုံးခွဲတိုက်ခိုက်သူ သုံးဦးဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုလို့ရပြီးလို့လည်း ပြင်သစ် သတင်းဌာနက ဆိုပါတယ်။ ဒါ့အပြင် တိုက်ခိုက်သူတွေ သုံးခဲ့တယ်လို့ ထင်ရတဲ့ ကားနှစ်စင်းကိုလည်း တွေ့ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ အဲဒီကားတွေဟာ ဘယ်လ်ဂျီယံ လိုင်စင်ပြား တပ်ထားတဲ့ ကားတွေဖြစ်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အတည်ပြုလို့ရတဲ့ အကြမ်းဖက်သမား အိုမာ အစ္စမေးလ် မို့စ်တီဖိုင် (Omar Ismail Mostefai)နဲ့ အနီးစပ်ဆုံး ဆွေးမျိုးတွေကို ပြင်သစ်ရဲတွေက တနင်္ဂနွေနေ့မှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

XS
SM
MD
LG