သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်ကလပ်နဲ့ မြန်မာ့ ချေးငွေ


ပဲရစ်ကလပ်နှင့် မြန်မာအစိုးရတို့အကြား ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြွေးမြီလျှော်ပစ်ရေးဆိုင်ရာ သဘောတူညီချက်ကို ရခဲ့ကြသည်။
ပဲရစ်ကလပ်နှင့် မြန်မာအစိုးရတို့အကြား ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြွေးမြီလျှော်ပစ်ရေးဆိုင်ရာ သဘောတူညီချက်ကို ရခဲ့ကြသည်။
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီတွေထဲက ဒေါ်လာသန်းပေါင်း ၆,၀၀၀ နီးပါးကို လျှော် ပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ရော၊ ရှေ့ဆက်ပြီး ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်သွားနိုင်ဖို့အတွက်ရော ဒီလို ကြွေးမြီလျှော်ပေးလိုက်တာဟာ အထူးအရေးပါတဲ့ ဖြစ်ထွန်းတိုးတက်မှုတစ်ခုဖြစ်တယ်လို့ ကြွေးမြီကိစ္စ ဆွေးနွေး ညှိနှိုင်းရာမှာ ပါဝင်ခဲ့သူတဦးက ပြောပါတယ်။

ညှိနှိုင်း ဆွေးနွေးပွဲ ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်မှာ ဇန်နဝါရီလ နောက်ဆုံးပတ်က လုပ်ခဲ့တာဖြစ်ပြီး မြန်မာအစိုးရ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာပါ။

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG