သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်မြို့ဖြစ်ရပ် ဝမ်းနည်းခြင်း အီဖဲလ်မျှော်စင် အမှောင်ချ


ပဲရစ်မြို့က Eiffel မျှော်စဉ်။
ပဲရစ်မြို့က Eiffel မျှော်စဉ်။

ပဲရစ်မြို့က အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ဝင်ရောက် စီးနင်းပြီး လူအများအပြားကို လုပ်ကြံသတ်ဖြတ် သွားခဲ့ရာမှာ အဓိက ပါဝင်သူတွေလို့ သံသယရှိသူ ၂ ယောက်ကို ပြင်သစ် ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေနေချိန်မှာ သေဆုံးသွားခဲ့ရသူ တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြာသပတေးည ပိုင်းမှာ ပဲရစ်မြို့က Eiffel မျှော်စဉ်ကြီးမှာ ထွန်းထားတဲ့ မီးတွေကို မှိန်ပစ်ခဲ့ပါတယ်။

ပြင်သစ် လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်သောင်း ရှစ်ထောင်ကျော်က သေနတ်သမားတွေလို့ သံသယရှိသူ ပြင်သစ်နိုင်ငံဖွား ကွာချီ Kouachi ညီအကို ၂ ယောက်ကို လိုက်လံရှာဖွေနေကြပါတယ်။ သေနတ်သမား ၂ ယောက်ဟာ အသက် ၃၄ နှစ်အရွယ် Said နဲ့ အသက် ၃၂ နှစ် အရွယ်ရှိတဲ့ သူ့ရဲ့ညီဖြစ်သူ Cherif Kouachi တို့ကို ဗုဒ္ဓဟူးနေ့က Charlie Hebdo အပတ်စဉ်ဂျာနယ်တိုက်ကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ပြီး လူပေါင်း ၁၂ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ရဲတပ်ဖွဲ့က အလိုရှိနေတာပါ။

ကြာသပတေးနေ့က Reims မြို့ရဲ့အနောက်ဖက် မိုင်ငါးဆယ်ခန့်အကွာမှာ ရှိတဲ့ ဗိုင်ယေး ကိုတာယေး Villers-Cotterets အရပ်မှာ ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အတည်ပြုလို့မရသေးတဲ့ သတင်းတွေအရ သံသယဖြစ် ခံထားရသူ ညီအကို ၂ ယောက်ဟာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းက ဝန်ဆောင်မှုပေးတဲ့ ဌာနတခုကို ဝင်ရောက်ပြီး လုယက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ယောက်လက်ထဲမှာ လက်နက်တွေရှိပြီး အန္တရာယ်ရှိသူတွေဖြစ်ကြ တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူ ၉ ယောက်ကို ဖမ်းဆီးထားကြောင်း သူတို့ဟာ သံသယရှိသူတွေနဲ့ နီးစပ်ပတ်သက် နေသူတွေ ဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့ကပြောပါတယ်။

XS
SM
MD
LG