သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ အိုလံပစ်အားကစားပွဲ ဒုတိယနေ့ ပြင်သစ်မှာ ဆက်လက်ကျင်းပ


အမျိုးသမီး ၁၀ မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယား Oh Ye Jin (ရွှေ)၊ တောင်ကိုရီးယား Kim Yeji (ငွေ)၊ အိန္ဒိယက Manu Bhaker (ကြေး) ရ
အမျိုးသမီး ၁၀ မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယား Oh Ye Jin (ရွှေ)၊ တောင်ကိုရီးယား Kim Yeji (ငွေ)၊ အိန္ဒိယက Manu Bhaker (ကြေး) ရ

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဒီနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေတာမှာ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက သေနတ်ပစ်ပြိုင်ပွဲတွေကနေ ရွှေတံဆိပ်တွေ ရရှိထားပါတယ်။

အမျိုးသား ၁၀ မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ပွဲ တရုတ်နိုင်ငံက Xie Yu က ပထမ ရွှေတံဆိပ်ရပြီး၊ အီတလီနိုင်ငံက Federico Nila Maldini နဲ့ Paolo Monna တို့က ဒုတိယနဲ့ တတိယ ရသွားခဲ့ပါတယ်။ အမျိုးသမီး ၁၀ မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်မှာတော့ တောင်ကိုရီးယားက Oh Ye Jin က ပထမ ရွှေတံဆိပ်ရပြီး သူနဲ့တနိုင်ငံတည်းသူ Kim Yeji က ဒုတိယ၊ အိန္ဒိယက Manu Bhaker က တတိယ ကြေးတံဆိပ်ရသွားပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကနေ သွားရောက်ယှဉ်ပြိုင်တဲ့ မြန်မာကြက်တောင် ကစားသမား သက်ထားသူဇာဟာ မနေ့ကတော့ ဂျပန်နိုင်ငံက Akane Yamaguchi နဲ့ ကစားတာမှာ ၂၁-၁၂ ၊ ၂၁-၁၀ နဲ့ ၂ ပွဲ ပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာ ၂ ပွဲ ပြတ်ရှုံးပေမယ့်လည်း ကစားတာအားရကြောင်း လာမယ့် ၂၉ ရက်နေ့ပွဲအတွက် ဆက်တိုက်ပွဲဝင်သွားမှာြဖစ်ပြီး အားပေးတဲ့ ပရိသတ်အယောက်ချင်းစီတိုင်း အထူးသဖြင့် ကွင်းကို လာအားပေးတဲ့သူတိုင်းကို ကျေးဇူးတင်တယ်လို့ သက်ထားသူဇာက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ပြောထားပါတယ်

ဇူလိုင် ၂၈ ရက် အစောပိုင်းအထိ နိုင်ငံအလိုက် ဆုရရှိမှုအနေအထားမှာတော ဩစတြေးလျက ရွှေ ၃ ခု၊ ငွေ ၂ ခု နဲ့ ပထမနေရာမှာ ရှိနေပြီး တရုတ်နိုင်ငံက ရွှေ ၃ ခု၊ ကြေး ၁ ခု နဲ့ ဒုတိယ။ တောင်ကိုရီးယားက ရွှေ ၂၊ ငွေ ၂၊ ကြေး ၁ နဲ့ တတိယနေရာမှာ ရှိနေပြီး အမေရိကန်က ရွှေ ၁၊ ငွေ ၂၊ ကြေး ၂ နဲ့ အဆင့် ၄ နေရာမှာရှိနေပြီး အိမ်ရှင်ပြင်သစ်နိုင်ငံကတော့ ရွှေ ၁၊ ငွေ ၂၊ ကြေး ၁ နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။

Forum

XS
SM
MD
LG