သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြလူအုပ်နဲ့ ပြင်သစ်ရဲပဋိပက္ခ လူတချို့ဒဏ်ရာရ


လောင်စာဆီဈေး မြင့်တက်မှုသင်္ကေတအဖြစ် ပြင်သစ်ကားသမားတွေဝတ်တဲ့ အဝါရောင်အင်္ကျီကိုဝတ်ပြီး ဆန္ဒပြနေပုံ။
လောင်စာဆီဈေး မြင့်တက်မှုသင်္ကေတအဖြစ် ပြင်သစ်ကားသမားတွေဝတ်တဲ့ အဝါရောင်အင်္ကျီကိုဝတ်ပြီး ဆန္ဒပြနေပုံ။

ပြင်သစ်နိုင်ငံမှာ စက်သုံးဆီ အခွန်တိုးကောက်မှုအပေါ် ထောင်ဂဏန်းတွေချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေအထိ ဒီနေ့ ဖြစ်သွားခဲ့တာကြောင့် ရဲ (၂) ဦးအပါအဝင် အနည်းဆုံး (၈) ဦး ဒဏ်ရာရခဲ့ပါတယ်။

ပဲရစ်မြို့တော်ရဲ့ အထင်ကရ Champs-Elysees လမ်းမကြီးပေါ်မှာ စုဝေးဆန္ဒပြသူတွေက သမ္မတ Emmanual Macron ကို နောက်တကြိမ် ထပ်မံ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့တွေဖက်က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ပိုက်တွေ သုံးပြီး သမ္မတရဲ့ Elysees နန်းတော်နားကနေ အဝေးကို တွန်းထုတ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း ပြင်သစ်မြို့တော်အပြင်၊ တခြားမြို့တွေမှာလည်း ဆန္ဒပြကြပြီး စက်သုံးဆီခွန် တိုးမြှင့်လိုက်မှုအပေါ် ဒေါသတကြီး မကျေနပ်မှုပြတဲ့အနေနဲ့ အတားအဆီးတွေသုံးပြီး လမ်းတွေကို ပိတ်ဆို့တာနဲ့ မီးရှို့တာတွေ လုပ်ခဲ့ကြပါတယ်။

တကယ်တော့ အဏုမြူစိမ်းရောင် အပေါ်အကျီၤတွေဝတ်ပြီး လမ်းမပေါ် ဆန္ဒပြတဲ့ပွဲတွေ စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ အပတ်တုံးကလည်း ကျေးလက်ဒေသကအများစုတက်လာတဲ့ လူပေါင်း ၂ သိန်း ၅ သောင်းအထိ ပါဝင်ခဲ့ကြပြီး ခုချိန်ထိဆို လူ (၂) ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ရဲတွေကဘက်ကတော့ ဆန္ဒပြသူတွေက ပစ္စည်းမျိုးစုံနဲ့ပစ်ပေါက်တာနဲ့ တခြားအကြမ်းဖက်တာတွေ လုပ်လာတာမို့ ခုလို နှိမ်နင်းခဲ့ရပြီး ဒီနေ့ပဲ လူပေါင်း ဒါဇင်တွေနဲ့ချီ ဖမ်းထားရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြလူအုပ်နဲ့ ပြင်သစ်ရဲပဋိပက္ခ လူတချို့ဒဏ်ရာရ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG