သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေထိုင်စရိတ်ကြီးမြင့်မှု ပါရီမှာဆန္ဒပြ

paris protest
paris protest

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Champ Elysees လမ်းမကြီးတလျှောက် အတားအဆီးတွေ ချိုးဖျက်ပြီး ဝင်လာတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ သုံးပြီး ဒီကနေ့ ဖြိုခွဲခဲ့ပါတယ်။ အခုအခါမှာ ဆန္ဒပြသူ ၁၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ရဲလုံခြုံရေး ၆ ဦးနဲ့ ဆန္ဒပြသူ ၁၄ ဦး ဒဏ်ရာရထားတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဆန္ဒပြသူတချို့ဟာ နာမည်ကျော် Arc de Triomphe မုခ်ဦးကြီးအနီးမှာ သစ်သားစနဲ့ တခြား ပစ္စည်းတွေပုံပြီးတော့လည်း မီးရှို့ခဲ့ကြပါသေးတယ်။

လောင်စာဆီအခွန်တိုးမြှင့်ပြီး နေထိုင်မှုစရိတ်ကြီးမြင့်လာတာကြောင့် ပြင်သစ်သမ္မတ Emmanuel Macron ကို အခုသီတင်းပတ်အတွင်း တတိယအကြိမ်မြောက် ဆန္ဒပြကြတာပါ။ အခုအခါမှာတော့ Champ Elysees လမ်းမတလျှောက်က ရထားဘူတာရုံတွေကို ပိတ်ထားတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ လမ်းဆောက်လုပ်ရေးလုပ်သားတွေ လုပ်ငန်းခွင်အတွင်း လူမြင်သာသတိပြုမိအောင် ဝတ်ဆင်လေ့ရှိတဲ့ အဝါရောင်တောက်တောက် လက်ပြတ်အင်္ကျီကိုတော့ ဆန္ဒပြသူအများစုဝတ်ဆင်ထားကြတာပါ။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ဆန္ဒပြမှုတွေမှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် ၁၉၆၈ ခုနှစ်က မငြိမ်မသက်မှုမျိုးကို အမှတ်ရစေခဲ့တယ်လို့ ဆိုပါတယ်။လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပဲရစ်စ်ဆန္ဒပြပွဲအတွင်း လူပေါင်း ၈၀၀၀ လောက် ပါဝင်ခဲ့သလို တနိုင်ငံလုံးမှာတော့ လူပေါင်း တသိန်းကျော် ပါဝင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ သမ္မတ Macron ကတော့ တွင်းထွက်လောင်စာဆီအပေါ် မှီခိုအားထားနေတာကို လျှော့ချဖို့နဲ့ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုနိုင်ရေး ကြိုးပမ်းတဲ့ စီမံကိန်းတွေမှာ ရန်ပုံငွေ ပိုချပေးနိုင်ဖို့ အခုလို အခွန်တိုးကောက်တာဖြစ်ကြောင်း ကာကွယ်ပြောကြားပါတယ်။

နေထိုင်စရိတ်ကြီးမြင့်မှု ပါရီမှာဆန္ဒပြ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG