သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီ ဆိန်းမြစ် စပြီး ရေပြန်ကျ


ရေကြီးရေလျှံမှု ဖြစ်နေသော ပါရီမြို့ Seine မြစ်ကမ်း တစ်နေရာကို ဂျွန်လ ၂ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - REUTERS/Pascal Rossignol )
ရေကြီးရေလျှံမှု ဖြစ်နေသော ပါရီမြို့ Seine မြစ်ကမ်း တစ်နေရာကို ဂျွန်လ ၂ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - REUTERS/Pascal Rossignol )

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ နှစ်ပေါင်း ၃၅ နှစ်အတွင်း အဆိုးရွားဆုံး ရေကြီး ရေလျှံမှု ဖြစ်နေပြီး Seine မြစ်တွင်း ဒီကနေ့ စနေနေ့မှာ ရေပြန်ကျစြ့ပု လာပြီလို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် လည်း ပုံမှန် ရေအမြင့်ကို ပြန်ရောက်ဖို့ ရက်ပေါင်း ဆယ်ချီကြာနိုင်တယ် လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ Seine မြစ်တွင်း ပုံမှန်ထက် ၁၅ ပေ အထိ ရေတက်ခဲ့တာပါ။

သီတင်းတပတ်ကြာအောင် မိုးကြီး သွားတာကြောင့် ပြင်သစ်၊ ဂျာမဏီ၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယံ နိုင်ငံတွေထဲက အချို့ဒေသတွေမှာ ဆိုးဆိုးရွားရွား ရေကြီးရေလျှံဖြစ်ပြီး လူ ၁၆ ဦးသေဆုံးသွားသလို လူတချို့လည်း ပျောက်ဆုံးနေပါတယ်။

ပြင်သစ်နိုင်ငံ အလယ်ပိုင်း နဲ့ ပါရီမြို့ အချို့ အပိုင်းက အိမ်ပေါင်း ၁သောင်း ၇ထောင်ကျော်မှာ ခုချိန်ထီ လျှပ်စစ်မီး ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ ပြင်သစ် စွမ်းအင် ကုမ္ပဏီ Enedis က ပြောပါတယ်။ လူဗာ Louvre ပြတိုက်၊ အမျိုးသား စာကြည့်တိုက်၊ Orsay ပြတိုက် နဲ့ မှန်တွေ စတီးတွေနဲ့ ဖန်တီး ဆောက်လုပ်ထားတဲ့ အထင်ကရ ပြခန်းတွေ၊ ပြတိုက်တွေရှိရာ သမိုင်းဝင်.. Gland Palais အဆောက်အအုံ ကိုလည်း တာဝန်ရှိသူတွေက ပိတ်ထားလိုက်ပါတယ်။

ပါရီ မြို့လယ်က မီးရထားလမ်း အတော်များများ ကိုလည်း ရပ်နားထားသလို ပါရီမြို့ လမ်းမတွေပေါ် ရေတက်နေတာကြောင့် ကားအသွားအလာလည်း အတော့်ကို ခက်ခဲနေတာ ဖြစ်ပါတယ်။

ပါရီ ဆိန်းမြစ် စပြီး ရေပြန်ကျ
please wait

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG