သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီဆွေးနွေးပွဲ နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာစံနှုန်းများ ပြင်ဆင်ရေးရည်ရွယ်


ပါရီမြို့က အထင်ကရ Eiffel ေမျှာ်စင် ဂျွန် ၂၁၊ ၂၀၂၃
ပါရီမြို့က အထင်ကရ Eiffel ေမျှာ်စင် ဂျွန် ၂၁၊ ၂၀၂၃

နိုင်ငံတကာဘဏ္ဍာရေးထိပ်သီး အစည်းအဝေးပွဲ တခုကို ပြင်သစ်နိုင်ငံမြို့တော် ပါရီမှာ ဇွန်လ ၂၂ နဲ့ ၂၃ ရက်တွေမှာ နှစ်ရက်တာကျင်းပမှာ ဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးကဏ္ဍက ဦးဆောင်သူတွေ၊ နိုင်ငံပေါင်းစုံ အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့တွေ တက်ရောက်ကြဖို့ ရှိပါတယ်။ အဲဒီမှာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး စနစ်အဖွဲ့တခုလုံးကို အသစ်တဖန် ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားကြတယ်လို့ ဆိုပါတယ်။

New Global Financial Pact လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးကဏ္ဍ သဘောတူညီရေး ဆိုင်ရာ နိုင်ငံတကာညီလာခံဟာ ရာသီဥတုပြောင်းလဲမှုကြောင့် အထူးသဖြင့် ကြွေးမြီဝန်ပိနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုမိုပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်နေချိန်မှာ အခုလို ဘဏ္ဍာရေး ကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ ခေါင်းဆောင်တွေစုဝေးဆွေးနွေးကြတာပါ။

အခု ဆွေးနွေးပွဲတွေရဲ့ ရည်ရွယ်ချက်က မျက်မှောက်ခေတ်မှာ အဆိုးဆုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တချို့ကို တုံ့ပြန်နိုင်ဖို့ ဘဏ္ဍာရေးစနစ်တရပ် အခြေခံအုတ်မြစ်ချနိုင်ဖို့ ဖြစ်တယ်လို့ အိမ်ရှင် အဖြစ် လက်ခံကျင်းပတဲ့ ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောပါတယ်။ စိန်ခေါ်မှုတွေထဲမှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာနေတာ၊ ရာသီဥတု ပြောင်းလဲမှု၊ နိုင်ငံတွေကြား မညီမျှမှုတွေ အကြောင်းနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကနေ ဇီဝမျိုးစုမျိုးကွဲတွေ ထိန်းသိမ်း ကာကွယ်ရေး အထိ ပါဝင်တယ် ဆိုပါတယ်။

ပြင်သစ်နိုင်ငံ Le Monde သတင်းစာမှည ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ဟာအခြားနိုင်ငံ ခေါင်းဆောင် ၁၁ ဦးနဲ့အတူ အကူအညီလိုအပ်နေတဲ့ နိုင်ငံတွေ အတွက် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ ဆင်းရဲမွဲတေမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်ဖို့ "တရားမျှတပြီး အားလုံးပါဝင်တဲ့" အသွင်ကူးပြောင်းရေးကို တောင်းဆိုခဲ့ပါတယ်။

အခုပါရီဆွေးနွေးပွဲကို အာဖရိကခေါင်းဆောင်တွေ၊ ဘရာဇီးသမ္မတ လူလာ၊ တရုတ်ဝန်ကြီးချုပ် လီချန် ( Li Qiang) နဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါလီယန်နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန် တို့ တက်ရောက်ဆွေးနွေးကြပါမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG