သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Park Geun-hye စစ်ဆေးခံရဖွယ်ရှိ


တောင်ကိုရီးယား သမ္မတ Park Geun-hye
တောင်ကိုရီးယား သမ္မတ Park Geun-hye

တောင်ကိုရီးယား သမ္မတ Park Geun-hye ကို တောင်ကိုရီးယား အစိုးရ ရှေ့နေတွေက အဂတိ လိုက်စားမှု အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ဒီသတင်းပတ်ထဲမှာဘဲ စစ်ဆေး မေးမြန်းကြမယ့် အခြေအနေ ရှိနေပါတယ်။

အဂတိ လိုက်စားမှု အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယား အစိုးရအဖွဲ့ အကြပ်အတည်း ဆိုက်လာစေခဲ့ပြီး သမ္မတ Park Geun-hye နှုတ်ထွက်ပေးရေး လူထု ဆန္ဒပြပွဲတွေလည်း ကြီးထွား ပျံ့နှံ့လာခဲ့ပါတယ်။ နောက်ဆုံး အခြေအနေကတော့ သမ္မတကို အင်္ဂါနေ့ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့မှာ မေးခွန်းတွေ မေးမြန်းဖို့ ဖြစ်ပါတယ်လို့ ဆိုလ်းမြို့တော် အစိုးရ ရှေ့နေရုံးက အရာရှိ တဦးက Yonhap သတင်း အေဂျင်စီကို ပြောပါတယ်။

လူထု ထောက်ခံမှု ၅ ရာခိုင်နှုန်း ကျဆင်းလာတဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye ဟာ ရာဇဝတ် ပြစ်မှုနဲ့ ပတ်သက်ပြီး အစိုးရ ရှေ့နေတွေ စစ်ဆေး မေးမြန်းခံရတဲ့ လက်ရှိ အာဏာရှိနေဆဲ သမ္မတတဦး အနေနဲ့ ပထမဆုံး ဖြစ်ပါတယ်။ မိတ်ဆွေရင်း Choi Soon-sil က စီစဉ်လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံရတဲ့ ဒေါ်လာ သန်းပေါင်းများစွာကို မတော်သြဇာသုံး ရယူခဲ့မှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး သမ္မတ ပတ်ခ် စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

ဒီကိစ္စကြောင့်ဘဲ အဂတိ လိုက်စားမှု မရှိတဲ့ ခေါင်းဆောင် တဦး အဖြစ် ဂရုတစိုက် ပုံဖော်ခဲ့တဲ့ သမ္မတ ပတ်ခ် ရဲ့ နိုင်ငံရေး ပုံရိပ်ကိုလည်း ထိခိုက်စေခဲ့ပါတယ်။ Choi Soon-sil ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကို တောင်ကိုရီးယားရဲ့ ထိပ်တန်း ကော်ပိုရေးရှင်းကြီးတွေက ဒေါ်လာ သန်း ဆယ်ဂဏန်းနဲ့ချီ ပေးဖို့ အတွက် သမ္မတ ပက်ခ်က ဖိအားပေးခဲ့တယ်လို့လည်း စွပ်စွဲချက်တွေထဲမှာ ပါရှိပါတယ်။

သမ္မတ Park ရဲ့ ယုံကြည် ကိုးစားမှုကို ရရှိအောင် လုပ်ဆောင်ပြီး သြဇာလွှမ်းဖို့ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ Choi Soon-sil ကိုလည်း အစိုးရ ရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။ Choi ကိုတော့ အစိုးရ တာဝန်ရယူမထားဘဲ၊ လုံခြုံရေး စစ်ဆေးမေးမြန်းမှု ခံယူမထားဘဲ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာ ကြားဝင်ဆောင်ရွက်တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေကလည်း မနေ့ စနေနေ့က သမ္မတပတ်ခ် နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။

သမ္မတ Park Geun-hye စစ်ဆေးခံရဖွယ်ရှိ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG