သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်နဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးမည်


ထိုင်းနိုင်ငံခြားရေးဝန်ကြီးလဲဖြစ် ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ Parnpree Bahindra-Nukara မဲဆောက်မြို့ကို သွားရောက်ခဲ့စဉ်
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလဲဖြစ် ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ Parnpree Bahindra-Nukara မဲဆောက်မြို့ကို သွားရောက်ခဲ့စဉ်

မြန်မာ့အကျအတည်းကို အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တနင်္လာနေ့ကျရင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ စစ်ပွဲတွေပြင်းထန်လာချိန် လူသားချင်းစာနာမှုအကူအညီပေးရေး ဦးစားပေးဆောင်ရွက်မယ်လို့ ပြောထားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလဲဖြစ် ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ Parnpree Bahindra-Nukara နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ဝါရှင်တန်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားမှုနဲ့ လာရောက်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ရက် ခရီးစဉ်အတွင်း မြန်မာ့အရေးကို အဓိကထား ဆွေးနွေးမှာလို့ ထိုင်းအစိုးရထိပ်ပိုင်း တာဝန်ရှိသူကို ကိုကားပြီး ထိုင်းအစိုးရပိုင် PBS သတင်းဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်ကို ခရီးမထွက်ခင် ဝန်ကြီး Parnpree ဟာ ထိုင်း မြန်မာနယ်စပ်က မဲဆောက်မြိုကို ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီပေးရေးနေရာတခု နယ်စပ်မှာ ထားရှိနိုင်ဖို့ လေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုတွေကြောင့် နယ်စပ်တလျှောက် လက်နက်ကိုင်အုပ်စုတွေ များပြားလာပြီး ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေး အကျိုးစီးပွားတွေ ထိခိုက်မှာ စိုးရိမ်တယ်လို့ မဲဆောက်မြို့မှာ ဝန်ကြီး Parnpree ကပြောကြားသွားခဲ့ပါတယ်။ မြန်မာဒုက္ခသည် ၂ သောင်းအတွက် အစားအသောက်နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီတွေကို မတ်လမှာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတဆင့် ပို့ဆောင်ပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီး Pampree ဟာ ဇန်နဝါရီလက Switzerland ဆွစ်ဇာလန်နိုင်ငံ Davos မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတကာက အဆင့်မြင့်အရာရှိတွေနဲ့ သီးခြားတွေဆုံပြီး မြန်မာ့အရေး သီးသန့်ဆွေးနွေးခဲ့ပါတယ်။ အခုသူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ကူးသန်းရောင်းဝယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံခြားရေးရာ အမေရိကန် အထက်လွှတ်တော်အမတ်တွေနဲ့လည်းတွေ့ဖို့ အစီအစဉ်ရှိပါတယ်။

XS
SM
MD
LG