သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ Pulitzer ဆုရှင် Esther Htusan နဲ့ မေးမြန်းချက် ဒုတိယပိုင်း


Public Service ဆိုတဲ့ လူထုအကျိုးပြုတဲ့ သတင်းယူမှုကဏ္ဍ Pulitzer ရွှေတံဆိပ်ဆုကို ဒီနှစ်အတွက် AP သတင်းဌာနက ဆုချီးမြှင့်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ Seafood from Slaves ဆိုတဲ့ ကျွန်တွေထံက ပင်လယ်စာ ဆိုတဲ့ ဒီသတင်းမှာ မြန်မာနိုင်ငံက အများစုပါဝင်တဲ့ လူကုန်ကူးခံရသူတွေဟာ အင်ဒိုနီးရှား ကျွန်းတကျွန်းမှာ ငါးဖမ်းသမားတွေအဖြစ် အတင်းအဓမ္မ ကျွန်ပြုခိုင်းစေခံခဲ့ကြရတဲ့အကြောင်းကို စုံစမ်း ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ခုလို အဖြစ်မှန်ကို စုံစမ်းပြီး ကမ္ဘာကို တင်ပြနိုင်ခဲ့လို့ ကျွန်ပြုခံနေရသူပေါင်း ၂ ထောင်ကို ကယ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို စုံစမ်း ထောက်လှမ်းခဲ့ကြတဲ့ ဆုရှင် AP သတင်းထောက် ၄ ဦးစလုံးဟာ အမျိုးသမီးတွေဖြစ်ကြပြီး၊ အဲဒီနောက် တဦးက မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ Esther Htu San ဖြစ်ပါတယ်။ သူ့ရဲ့ ဒီသတင်းယူမှု အတွေ့အကြုံနဲ့ ပတ်သက်လို့ Esther Htu San နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ပထမပိုင်းကို ပြီးခဲ့တဲ့သီတင်းပတ်က တင်ပြခဲ့ပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာတော့ ဒုတိယပိုင်းနဲ့ နောက်ဆုံးပိုင်းကို ဒေါ်လှလှသန်းက ဆက်လက် တင်ဆက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG