သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းမှု သီတင်းတပတ်ပြည့်


အမေရိကန် အထက်လွှတ်တော်ဝန်းအပြင်ဘက် လူအသွားအလာမရှိတဲ့စင်္ကြန်ထောင့်က သမ္မတ Benjamin Franklin ရဲ့ ရုပ်တု
အမေရိကန် အထက်လွှတ်တော်ဝန်းအပြင်ဘက် လူအသွားအလာမရှိတဲ့စင်္ကြန်ထောင့်က သမ္မတ Benjamin Franklin ရဲ့ ရုပ်တု

အမေရိကန်အစိုးရ ယန္တရားတချို့ကိုလာမယ့် ၂၀၁၉ နှစ်စ ပိုင်းကာလအထိ ပိတ်ထားရမယ့်အခြေအနေ ဆိုက်နေပါတယ်။ ၂၀၁၈ နှစ်ကုန်ခါနီး ကျန်တဲ့ ရက်တွေမှာ အစိုးရလုပ်ငန်း ပြန်ဖွင့်နိုင်ရေး အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးက ဆွေးနွေးညှိ့နိုင်းမယ့် အစီအစဉ် မရှိပါဘူး။

အစိုးရလုပ်ငန်းတချို့ရပ်ထားရတာဟာ ဒီနေ့ သောကြာနေ့မှာ ရ ရက် တင်းတင်းပြည့်မှာပါ။ ဒီလို ပိတ်ထားတဲ့အတွက် ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ အလုပ်မဆင်းဘဲ နေနေကြရပါတယ်။

အမေရိကန်နဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး ကုန်ကျမယ့် ငွေတွေထဲက ကနဦး အသုံးစရိတ် ဒေါ်လာ ၅ ဘီလျံ အတည်ပြုပေးဖို့ အမေရိကန်သမ္မတ Donald Trump က လွှတ်တော်ကို တောင်းဆိုထားပါတယ်။ ဒီမိုကရက်အမတ်တွေဘက်က နယ်ခြားလုံခြုံရေးအတွက် အသုံးစရိတ်တချို့ အတည်ပြုဖို့ သဘောတူပေမယ့်လည်း တံတိုင်းကာရေးကိစ္စကို အခိုင်အမာ ကန့်ကွက်နေပါတယ်။

အထက်လွှတ်တော်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံး ကြာသာပတေးနေ့က မိနစ်အနည်းငယ် အစည်းအဝေးတွေကျင်းပခဲ့ပါတယ်။ အစိုးရလုပ်ငန်းတွေ ပြန်စနိုင်အောင် အဖြေရှာရေး ညှိ့နိုင်းခဲ့တာတော့မရှိပါဘူး။ ဒီဇင်ဘာ ၃၁ ရက်နေ့ တနလာၤနေ့မှာ လွှတ်တော်နှစ်ရပ်စလုံး အစည်းအဝေးတချို့ မြည်ကာမတ္တ ကျင်းပဖို့ အစီအစဉ်ရှိပေမယ့် လုပ်ငန်းဆောင်တာတွေ ထမ်းဆောင်မှာ၊ ဆုံးဖြတ်ချက်ချမှာ မဟုတ်တာကြောင့် အစိုးရလုပ်ငန်းတွေ ဆက်ပြီးရပ်ဆိုင်းနေအုံးမှာဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG