[[Zawgyi/Unicode]]
ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားတဲ့စနစ္ ကန႔္သတ္ဆိုင္းငံ့ထားမႈေၾကာင့္ က်န္းမာေရး၊ ပညာေရးနဲ႔အလုပ္အကိုင္အရ ႏိုင္ငံကူးလက္မွတ္ အေရးေပၚလိုအပ္ေနသူေတြအတြက္ အခက္ႀကဳံလာရပါတယ္။ အထူးသျဖင့္ ႏိုင္ငံရပ္ျခားေဆးကုသမႈယူဖို႔ အေရးေပၚလိုအပ္သူေတြအတြက္ ႏိုင္ငံကူးလက္မွတ္ခ်က္ျခင္းရေရး လိုအပ္တာပါ။ ဒီအေၾကာင္း ရန္ကုန္ကေန စုံစမ္းေမးျမန္ သတင္းေပးပို႔ထားတာကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။
ႏိုင္ငံကူးလက္မွတ္လုပ္ဖို႔ Online Booking ယူၿပီးေဆာင္ရြက္တဲ့စနစ္ကို ဒီဇင္ဘာ ၅ ရက္ ကစလို႔ ရပ္နားလိုက္ၿပီး Online ကေန Booking ယူသူေတြအေနနဲ႔ ၂၄ နာရီ Booking ယူႏိုင္ေအာင္ ျပင္ဆင္လုပ္ေဆာင္ေနတယ္လို႔ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။ လက္ရွိအသုံးျပဳေနတဲ့ ၁၄ ရက္ ဒါမွမဟုတ္ ရက္ ေပါင္း ၉၀ ႀကိဳတင္ၿပီး Online Booking ယူတဲ့စနစ္ကေန အခ်ိန္မေ႐ြး Online Booking ျပဳလုပ္ႏိုင္ တဲ့စနစ္ကို ေျပာင္းလဲမွာျဖစ္တယ္ဆိုတဲ့သေဘာပါ။ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ျပင္ဆင္ခ်ိန္ ကာလ သတ္မွတ္ထုတ္ျပန္ထားတာမရွိတဲ့အတြက္ ဘယ္အခ်ိန္မွာ Online Booking စနစ္ေတြ ျပန္လည္ ရရွိမယ္ဆိုတာ မေရမရာျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈအသစ္ လုပ္ငန္းစဥ္ေတြရပ္ထားသလိုျဖစ္ေနပါတယ္။
Online Booking စနစ္ရပ္ဆိုင္းထားလို႔ က်န္းမာေရး၊ ေက်ာင္းကိစၥေတြအျပင္ အျခား အေရးေပၚလိုအပ္သူေတြကို အေထာက္အထားမွန္ကန္ရင္ ျပဳလုပ္ေဆာင္႐ြက္ေပးသင့္တယ္လို႔ Online Booking ကူညီေဆာင္႐ြက္ေပးေနသူတဦးက အခုလို ေျပာပါတယ္။
“တကယ့္ အားခ်င္းလိုေနတဲ့သူေတြအတြက္ကေတာ့ ကိုယ္ကသြားလိမ္တာမွ မဟုတ္တာ။ ေက်ာင္းကိစၥသြားရမယ္။ တခ်ိဳ႕ဆိုရင္ ေဆးကုသခြင့္ တကယ့္အေရးတႀကီးသြားရမယ့္သူေတြရွိမယ္။ အဲ့လိုလူေတြအတြက္က လိုအပ္တဲ့အခ်က္အလက္ေတြ ယူသြားၿပီး သြားေျပာရင္ သူတို႔က ေပးဝင္သင့္တယ္လို႔ထင္တယ္။ ဘာလို႔ဆို သူက လာလိမ္တာလည္း မဟုတ္ဘူးေလ။ တကယ္လည္း လိုအပ္ေနသူေတြျဖစ္တဲ့အတြက္၊ ေနာက္တခုက Appointment ေလွ်ာက္ခြင့္ကို ရပ္ထားတဲ့ကာလျဖစ္ေနလို႔ တဖက္လူအတြက္က တကယ္ကို လိုအပ္တာ ျဖစ္ေနလို႔ ဒီလိုလူေတြကိုၾကေတာ့ သူတို႔ လုပ္ကို လုပ္ေပးသင့္တယ္လို႔ထင္ပါတယ္။”
အခုလို ရပ္ဆိုင္းထားခ်ိန္မွာ အရင္ Online Booking ရရွိထားသူေတြအေနနဲ႔ ရက္ခ်ိန္းရရွိထားတဲ့ရက္အတိုင္း ႐ုံးအတြင္း ဝင္ေရာက္ႏိုင္မွာလည္း ျဖစ္ပါတယ္။ ယခင္ Online Booking စနစ္ဟာ အစပိုင္းမွာ အဆင္ေျပလြယ္ကူခဲ့ေပမယ့္ ေနာက္ပိုင္းမွာ WebSite ဝင္ေရာက္ရာမွာ ခက္ခဲလာတာ၊ အခ်ိန္အကန႔္အသတ္နဲ႔ Booking ေပးတာေတြအျပင္ Booking ရရွိဖို႔ ခက္ခဲလာတဲ့အတြက္ အက်ိဳးေဆာင္ပြဲစားေတြကေနတဆင့္ အခေၾကးေငြ ေပးၿပီး လုပ္ေဆာင္လာၾကရပါတယ္။
ဒီလိုအေျခအေနေတြေၾကာင့္ ဒီစနစ္ကို ျပင္ဆင္မယ္ဆိုလည္း ပညာရွင္ေတြရဲ႕ အႀကံဉာဏ္ေတြကိုလည္း ရယူသင့္တယ္လို႔လည္း နည္းပညာကြၽမ္းက်င္သူတဦးက အခုလို အႀကံျပဳပါတယ္။
“သူတို႔ေျပာသလိုမ်ိဳး 24 Hour/7 days customers ေတြအားလုံးအတြက္ Reliable ျဖစ္မယ္၊ easy to use ဆိုရင္ ဒါက ေကာင္းတဲ့ဘက္ကို သြားတယ္လို႔ ေျပာလို႔ရတာေပါ့။ ဘက္ေပါင္းစုံက Professional ေတြရဲ႕ စကားသံကို နားေထာင္ၿပီးေတာ့ သူတို႔ျပန္ၿပီး နားေထာင္မယ္ ေလ့လာသုံးသပ္မယ္။ ဒါကိုအေျခခံၿပီးသူတို႔ ဒီ Knowledge ေတြနဲ႔ သူတို႔လုပ္မယ့္ Development team ကို အပ္မယ္ဆိုရင္ သူတို႔ အေကာင္းဆုံး ျဖစ္လာမွာပဲ။ သူတို႔ ဘက္က ဘာမွ Knowledge မရွိဘဲ၊ ဘာမွ ဒီလိုအႀကံဉာဏ္ေတြကို နားမေထာင္ဘဲ Project ကို ဒီအတိုင္းေလးပဲ ခ်ေပးလိုက္မယ္။ ဟိုဘက္ကလည္း ႀကိဳက္သလိုေရးၿပီးတင္လာရင္ ျဖစ္ခ်င္သလို ျဖစ္ေနမွာ။”
ႏိုင္ငံကူး လက္မွတ္ထုတ္ေပးတာကို အစပိုင္းမွာ လူကိုယ္တိုင္သြားေရာက္ၿပီး ျပဳလုပ္တဲ့စနစ္ကေန စစ္တပ္က အာဏာသိမ္းၿပီး ၁ လေက်ာ္အၾကာမွာ မလိုလားအပ္ဘဲ လူစုလူေဝး မျဖစ္ေစဖို႔နဲ႔ ကူးစက္ေရာဂါအႏၲရာယ္ကာကြယ္ႏိုင္ဖို႔ဆိုၿပီး Online Booking စနစ္ကို ေျပာင္းလဲလိုက္တာလည္းျဖစ္ပါတယ္။
အဲ့လိုေျပာင္းလဲၿပီးေနာက္ပိုင္းမွာ အက်ိဳးေဆာင္ေတြနဲ႔ ျပဳလုပ္တဲ့စနစ္ေခတ္စားလာၿပီး Online Booking QR Code တေစာင္အတြက္ ျပဳလုပ္ေပးတဲ့ အက်ဳိးေဆာင္ကို ေငြ ၁ ေသာင္းကေန ၁ သိန္းေက်ာ္အထိ ေပးၿပီး ျပဳလုပ္လာရသလို Online Booking တင္ေပးမယ္ဆိုၿပီး ေငြလိမ္လည္ခံရတာေတြလည္း ရွိလာခဲ့ပါတယ္။
ဒီလို လိမ္လည္တာေတြအျပင္ Online Booking တင္ရာမွာ အခက္အခဲေတြရွိလာတာနဲ႔ပတ္သက္လို႔ စစ္ေကာင္စီျပန္ၾကားေရး တာဝန္ရွိသူေတြကို သတင္းဌာနေတြက ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားခဲ့ျခင္းေတာ့မရွိပါဘူး။
====================
[[Unicode]]
နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့စံနစ် ကန့်သတ်ချက်ကြောင့် အရေးပေါ် ခရီးထွက်လိုသူတွေ အခက်ကြုံ
နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့စနစ် ကန့်သတ်ဆိုင်းငံ့ထားမှုကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့အလုပ်အကိုင်အရ နိုင်ငံကူးလက်မှတ် အရေးပေါ်လိုအပ်နေသူတွေအတွက် အခက်ကြုံလာရပါတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြားဆေးကုသမှုယူဖို့ အရေးပေါ်လိုအပ်သူတွေအတွက် နိုင်ငံကူးလက်မှတ်ချက်ခြင်းရရေး လိုအပ်တာပါ။ ဒီအကြောင်း ရန်ကုန်ကနေ စုံစမ်းမေးမြန် သတင်းပေးပို့ထားတာကို ကိုစံကျော်က တင်ပြပေးထားပါတယ်။
နိုင်ငံကူးလက်မှတ်လုပ်ဖို့ Online Booking ယူပြီးဆောင်ရွက်တဲ့စနစ်ကို ဒီဇင်ဘာ ၅ ရက် ကစလို့ ရပ်နားလိုက်ပြီး Online ကနေ Booking ယူသူတွေအနေနဲ့ ၂၄ နာရီ Booking ယူနိုင်အောင် ပြင်ဆင်လုပ်ဆောင်နေတယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ၁၄ ရက် ဒါမှမဟုတ် ရက် ပေါင်း ၉၀ ကြိုတင်ပြီး Online Booking ယူတဲ့စနစ်ကနေ အချိန်မရွေး Online Booking ပြုလုပ်နိုင် တဲ့စနစ်ကို ပြောင်းလဲမှာဖြစ်တယ်ဆိုတဲ့သဘောပါ။ ထုတ်ပြန်ချက်ထဲမှာတော့ ပြင်ဆင်ချိန် ကာလ သတ်မှတ်ထုတ်ပြန်ထားတာမရှိတဲ့အတွက် ဘယ်အချိန်မှာ Online Booking စနစ်တွေ ပြန်လည် ရရှိမယ်ဆိုတာ မရေမရာဖြစ်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအသစ် လုပ်ငန်းစဉ်တွေရပ်ထားသလိုဖြစ်နေပါတယ်။
Online Booking စနစ်ရပ်ဆိုင်းထားလို့ ကျန်းမာရေး၊ ကျောင်းကိစ္စတွေအပြင် အခြား အရေးပေါ်လိုအပ်သူတွေကို အထောက်အထားမှန်ကန်ရင် ပြုလုပ်ဆောင်ရွက်ပေးသင့်တယ်လို့ Online Booking ကူညီဆောင်ရွက်ပေးနေသူတဦးက အခုလို ပြောပါတယ်။
“တကယ့် အားချင်းလိုနေတဲ့သူတွေအတွက်ကတော့ ကိုယ်ကသွားလိမ်တာမှ မဟုတ်တာ။ ကျောင်းကိစ္စသွားရမယ်။ တချို့ဆိုရင် ဆေးကုသခွင့် တကယ့်အရေးတကြီးသွားရမယ့်သူတွေရှိမယ်။ အဲ့လိုလူတွေအတွက်က လိုအပ်တဲ့အချက်အလက်တွေ ယူသွားပြီး သွားပြောရင် သူတို့က ပေးဝင်သင့်တယ်လို့ထင်တယ်။ ဘာလို့ဆို သူက လာလိမ်တာလည်း မဟုတ်ဘူးလေ။ တကယ်လည်း လိုအပ်နေသူတွေဖြစ်တဲ့အတွက်၊ နောက်တခုက Appointment လျှောက်ခွင့်ကို ရပ်ထားတဲ့ကာလဖြစ်နေလို့ တဖက်လူအတွက်က တကယ်ကို လိုအပ်တာ ဖြစ်နေလို့ ဒီလိုလူတွေကိုကြတော့ သူတို့ လုပ်ကို လုပ်ပေးသင့်တယ်လို့ထင်ပါတယ်။”
အခုလို ရပ်ဆိုင်းထားချိန်မှာ အရင် Online Booking ရရှိထားသူတွေအနေနဲ့ ရက်ချိန်းရရှိထားတဲ့ရက်အတိုင်း ရုံးအတွင်း ဝင်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။ ယခင် Online Booking စနစ်ဟာ အစပိုင်းမှာ အဆင်ပြေလွယ်ကူခဲ့ပေမယ့် နောက်ပိုင်းမှာ WebSite ဝင်ရောက်ရာမှာ ခက်ခဲလာတာ၊ အချိန်အကန့်အသတ်နဲ့ Booking ပေးတာတွေအပြင် Booking ရရှိဖို့ ခက်ခဲလာတဲ့အတွက် အကျိုးဆောင်ပွဲစားတွေကနေတဆင့် အခကြေးငွေ ပေးပြီး လုပ်ဆောင်လာကြရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဒီစနစ်ကို ပြင်ဆင်မယ်ဆိုလည်း ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း ရယူသင့်တယ်လို့လည်း နည်းပညာကျွမ်းကျင်သူတဦးက အခုလို အကြံပြုပါတယ်။
“သူတို့ပြောသလိုမျိုး 24 Hour/7 days customers တွေအားလုံးအတွက် Reliable ဖြစ်မယ်၊ easy to use ဆိုရင် ဒါက ကောင်းတဲ့ဘက်ကို သွားတယ်လို့ ပြောလို့ရတာပေါ့။ ဘက်ပေါင်းစုံက Professional တွေရဲ့ စကားသံကို နားထောင်ပြီးတော့ သူတို့ပြန်ပြီး နားထောင်မယ် လေ့လာသုံးသပ်မယ်။ ဒါကိုအခြေခံပြီးသူတို့ ဒီ Knowledge တွေနဲ့ သူတို့လုပ်မယ့် Development team ကို အပ်မယ်ဆိုရင် သူတို့ အကောင်းဆုံး ဖြစ်လာမှာပဲ။ သူတို့ ဘက်က ဘာမှ Knowledge မရှိဘဲ၊ ဘာမှ ဒီလိုအကြံဉာဏ်တွေကို နားမထောင်ဘဲ Project ကို ဒီအတိုင်းလေးပဲ ချပေးလိုက်မယ်။ ဟိုဘက်ကလည်း ကြိုက်သလိုရေးပြီးတင်လာရင် ဖြစ်ချင်သလို ဖြစ်နေမှာ။”
နိုင်ငံကူး လက်မှတ်ထုတ်ပေးတာကို အစပိုင်းမှာ လူကိုယ်တိုင်သွားရောက်ပြီး ပြုလုပ်တဲ့စနစ်ကနေ စစ်တပ်က အာဏာသိမ်းပြီး ၁ လကျော်အကြာမှာ မလိုလားအပ်ဘဲ လူစုလူဝေး မဖြစ်စေဖို့နဲ့ ကူးစက်ရောဂါအန္တရာယ်ကာကွယ်နိုင်ဖို့ဆိုပြီး Online Booking စနစ်ကို ပြောင်းလဲလိုက်တာလည်းဖြစ်ပါတယ်။
အဲ့လိုပြောင်းလဲပြီးနောက်ပိုင်းမှာ အကျိုးဆောင်တွေနဲ့ ပြုလုပ်တဲ့စနစ်ခေတ်စားလာပြီး Online Booking QR Code တစောင်အတွက် ပြုလုပ်ပေးတဲ့ အကျိုးဆောင်ကို ငွေ ၁ သောင်းကနေ ၁ သိန်းကျော်အထိ ပေးပြီး ပြုလုပ်လာရသလို Online Booking တင်ပေးမယ်ဆိုပြီး ငွေလိမ်လည်ခံရတာတွေလည်း ရှိလာခဲ့ပါတယ်။
ဒီလို လိမ်လည်တာတွေအပြင် Online Booking တင်ရာမှာ အခက်အခဲတွေရှိလာတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူတွေကို သတင်းဌာနတွေက မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်းတော့မရှိပါဘူး။