သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးတိုင္း စစ္ေဘးေရွာင္တဲတခ်ိဳ႕ ပ်ဴေစာထီးေတြ မီးရိႈ႕ဖ်က္ဆီး


ေပါက္ျမဳိ႕ ျမင္ကြင္း ( photo : C J )

--- [ Zawgyi ] ---

မေကြးတိုင္း စစ္ေဘးေရွာင္တဲတခ်ိဳ႕ ပ်ဴေစာထီးေတြ မီးရိႈ႕ဖ်က္ဆီး

မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္း ၀န္ၿခံဳးရြာမွာ စစ္ေကာင္စီက တပ္စြဲထားတဲ့အတြက္ ေဘးလြတ္ရာ ေတာေတာင္ေတြထဲ စစ္ေဘးေရွာင္ေနသူေတြ ေနထိုင္တဲ့ေနရာေတြ မီးရိႈ႕ဖ်က္ဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ေက်းရြာသားေတြကိုလည္း ႏွိပ္စက္တာေတြရွိတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္က ေျပာျပပါမယ္။

ဒီဇင္ဘာ ၂၈ ရက္မနက္ပိုင္းက မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းက ၀န္းၿခံဳရြာ အနီး ေတာေတာင္ေတြထဲမွာ စစ္ေဘးေရွာင္ေနရသူေတြ ေနထိုင္တဲ့ တဲေတြကို စစ္ေကာင္စီနဲ႔ နီးစပ္သူေတြျဖစ္တဲ့ ပ်ဴေစာထီးေတြက မီးရိႈ႕ဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

စစ္ေဘးေရွာင္ေတြေနထိုင္တဲ့ တဲ ၄/၅ ခုထက္မနည္းကို မီးရိႈ႕ဖ်က္ဆီးသြားတယ္လို႔ ေဒသခံေတြက အခုလိုေျပာတာပါ။

“၀န္ၿခံဳးရြာရဲ႕ အေနာက္နားေလးမွာရွိတဲ့ ေတာတိုက္မွာ ၀န္ၿခံဳးရြာထဲမွာ ၀င္ၿပီးမေနရဲလို႔ စစ္ေဘးေရွာင္ေနတဲ့ မိသားစုေပါ့ဗ်ာ။ အဲ့မိသားစုေတြကို ရြာထဲမွာရွိတဲ့ ပ်ဴေစာထီးနဲ႔ အဖြဲ႕က မိသားစုေတြကို လိုက္ရွာၿပီးေတာ့မွ ရြာထဲကို ၀င္ရင္၀င္ မ၀င္ရင္ တဲေတြကိုမီးရိႈ႕မယ္ေပါ့ဗ်ာ။ တဲ ၅ လံုးမီးရိႈ႕တယ္လို႔ေတာ့ ကြ်န္ေတာ္တို႔ သိရတယ္။ တဲရွင္တဦးကိုက မသိရေသးဘူး။”

၀န္းၿခံဳးရြာအနီးမွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ၂ ႀကိမ္ထက္မနည္း တိုက္ပြဲျဖစ္ပြားၿပီးတဲ့ေနာက္ ေက်းရြာထဲမွာ စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးေတြ တပ္စြဲထားတဲ့ အတြက္ ေဒသခံ ရြာသားေတြဟာ နီးစပ္ရာေတာေတာင္ေတြမွာ ခိုလံႈေနရတာပါ။

စစ္ေဘးေရွာင္တဲေတြ မီးရိႈ႕ခံရတာနဲ႔ ပတ္သက္ၿပီး ကိုယ္တိုင္ေတြ႕ရွိတဲ့သူတဦးကလည္း အခုလိုေျပာပါတယ္။

“အဲ့ဒါပ်ဴေစာထီးအဖြဲ႕ေတြက လာရိႈ႕တာ။ မနက္ ၉ နာရီေလာက္မွာ တႀကိမ္လာတယ္။ ညေန ၄ နာရီေလာက္ကို တႀကိမ္လာတယ္။ ေၾကာက္တာမို႔လို႔ေျပးရတယ္။ သူတို႔က ေသနတ္ေတြ တေဖာင္းေဖာင္းနဲ႔ ပစ္ၿပီးေတာ့ ၀င္လာေတာ့ က်န္တဲ့သူေတြက ေၾကာက္လို႔ေျပးၾကတာ။ သူတုိ႔က ပထမဆံုး ၿပီးခဲ့တဲ့ ၂၅ ရက္ စေနေန႔တုန္းကလည္း လာတယ္။ လာၿပီးေတာ့မွ လူေတြကိုေတြ႕ေတာ့လည္း ရန္လုပ္တယ္။ လက္သီးေတြနဲ႔ ထိုးတယ္။ သူတို႔ေျပာင္း၀ေတြနဲ႔ ေခါင္း၀ေတြကို ႀကိတ္ထိုးတယ္။ အဲ့လိုေတြလည္း ခံရပါတယ္။”

၀န္းၿခံဳးေက်းရြာသားေတြဟာ ၿပီးခဲ့တဲ့ ဇြန္လကတည္းကစလို႔ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြတိုက္ပြဲေတြျဖစ္ပြားၿပီး စစ္ေကာင္စီက တပ္စြဲလိုက္တဲ့ အတြက ေနရပ္မျပန္ေတာ့ဘဲ ေတာေတာင္ေတြထဲနဲ႔ အနီးနားက ေက်းရြာေတြမွာ တိမ္းေရွာင္ေနရတာပါ။

ေဖေဖာ္၀ါရီလကစလို႔ စစ္ေကာင္စီက ျပန္လည္၀င္ေရာက္ေနထိုင္ဖို႔ ေျပာေပမယ့္ စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေတြဟာ ေက်းရြာထဲမွာ လက္နက္ေတြနဲ႔ တပ္စြဲထားတဲ့အတြက္ ေဒသခံရြာသားေတြဟာ စိုးရိမ္ၿပီး ေနရပ္မျပန္ႏိုင္ျဖစ္ေနတာပါ။

ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းေရးေတြလုပ္ၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲျဖစ္ပြားသလို မိုင္ဆြဲတိုက္ခိုက္တာေတြလည္း ႀကံဳရပါတယ္။

တိုက္႐ိုက္ လင့္ခ္


--- { Unicode } ---

မကွေးတိုင်း စစ်ဘေးရှောင်တဲတချို့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ဝန်ခြုံးရွာမှာ စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ဘေးလွတ်ရာ တောတောင်တွေထဲ စစ်ဘေးရှောင်နေသူတွေ နေထိုင်တဲ့နေရာတွေ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျေးရွာသားတွေကိုလည်း နှိပ်စက်တာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်က ပြောပြပါမယ်။

ဒီဇင်ဘာ ၂၈ ရက်မနက်ပိုင်းက မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းက ဝန်းခြုံရွာ အနီး တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရသူတွေ နေထိုင်တဲ့ တဲတွေကို စစ်ကောင်စီနဲ့ နီးစပ်သူတွေဖြစ်တဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ဘေးရှောင်တွေနေထိုင်တဲ့ တဲ ၄/၅ ခုထက်မနည်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက အခုလိုပြောတာပါ။

“ဝန်ခြုံးရွာရဲ့ အနောက်နားလေးမှာရှိတဲ့ တောတိုက်မှာ ဝန်ခြုံးရွာထဲမှာ ဝင်ပြီးမနေရဲလို့ စစ်ဘေးရှောင်နေတဲ့ မိသားစုပေါ့ဗျာ။ အဲ့မိသားစုတွေကို ရွာထဲမှာရှိတဲ့ ပျူစောထီးနဲ့ အဖွဲ့က မိသားစုတွေကို လိုက်ရှာပြီးတော့မှ ရွာထဲကို ဝင်ရင်ဝင် မဝင်ရင် တဲတွေကိုမီးရှို့မယ်ပေါ့ဗျာ။ တဲ ၅ လုံးမီးရှို့တယ်လို့တော့ ကျွန်တော်တို့ သိရတယ်။ တဲရှင်တဦးကိုက မသိရသေးဘူး။”

ဝန်းခြုံးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ၂ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ကျေးရွာထဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ အတွက် ဒေသခံ ရွာသားတွေဟာ နီးစပ်ရာတောတောင်တွေမှာ ခိုလှုံနေရတာပါ။

စစ်ဘေးရှောင်တဲတွေ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ရှိတဲ့သူတဦးကလည်း အခုလိုပြောပါတယ်။

“အဲ့ဒါပျူစောထီးအဖွဲ့တွေက လာရှို့တာ။ မနက် ၉ နာရီလောက်မှာ တကြိမ်လာတယ်။ ညနေ ၄ နာရီလောက်ကို တကြိမ်လာတယ်။ ကြောက်တာမို့လို့ပြေးရတယ်။ သူတို့က သေနတ်တွေ တဖောင်းဖောင်းနဲ့ ပစ်ပြီးတော့ ဝင်လာတော့ ကျန်တဲ့သူတွေက ကြောက်လို့ပြေးကြတာ။ သူတို့က ပထမဆုံး ပြီးခဲ့တဲ့ ၂၅ ရက် စနေနေ့တုန်းကလည်း လာတယ်။ လာပြီးတော့မှ လူတွေကိုတွေ့တော့လည်း ရန်လုပ်တယ်။ လက်သီးတွေနဲ့ ထိုးတယ်။ သူတို့ပြောင်းဝတွေနဲ့ ခေါင်းဝတွေကို ကြိတ်ထိုးတယ်။ အဲ့လိုတွေလည်း ခံရပါတယ်။”

ဝန်းခြုံးကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းကစလို့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီက တပ်စွဲလိုက်တဲ့ အတွက နေရပ်မပြန်တော့ဘဲ တောတောင်တွေထဲနဲ့ အနီးနားက ကျေးရွာတွေမှာ တိမ်းရှောင်နေရတာပါ။

ဖေဖော်ဝါရီလကစလို့ စစ်ကောင်စီက ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ပြောပေမယ့် စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ ကျေးရွာထဲမှာ လက်နက်တွေနဲ့ တပ်စွဲထားတဲ့အတွက် ဒေသခံရွာသားတွေဟာ စိုးရိမ်ပြီး နေရပ်မပြန်နိုင်ဖြစ်နေတာပါ။

ပေါက်မြို့နယ်တောင်ပိုင်းမှာ မကြာခဏဆိုသလို နယ်မြေရှင်းလင်းရေးတွေလုပ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားသလို မိုင်ဆွဲတိုက်ခိုက်တာတွေလည်း ကြုံရပါတယ်။

XS
SM
MD
LG