သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပြည်နယ်က သံမဏိအဆုတ်နဲ့လူသား ကွယ်လွန်


သံမဏိအဆုတ်နဲ့ လူသား" လို့ လူသိများတဲ့ တကိုယ်လုံးနီးပါးမလှုပ်ရှားနိုင်တဲ့ ပိုလီယိုရောဂါသည် ပေါလ် အလက်ဇန္ဒား (Paul Alexander) (Photo: GoFundMe)
သံမဏိအဆုတ်နဲ့ လူသား" လို့ လူသိများတဲ့ တကိုယ်လုံးနီးပါးမလှုပ်ရှားနိုင်တဲ့ ပိုလီယိုရောဂါသည် ပေါလ် အလက်ဇန္ဒား (Paul Alexander) (Photo: GoFundMe)

အမေရိကန်ပြည်ထောင်စုက တက္ကဆက်ပြည်နယ်က "သံမဏိအဆုတ်နဲ့ လူသား" လို့ လူသိများတဲ့ တကိုယ်လုံးနီးပါးမလှုပ်ရှားနိုင်တဲ့ ပိုလီယိုရောဂါသည် ပေါလ် အလက်ဇန္ဒား (Paul Alexander) ဟာ အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားကြောင်း သူ့ရဲ့မိသားစုနဲ့ ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ပါတယ်။

အလက်ဇန္ဒား တရားဝင် TikTok အကောင့်မှာ နောက်ဆုံးတင်ထားတာတခုကတော့ သူ့ကို Covid-19 ကူးစက်ခံရပြီး အရေးပေါ်ခန်းကို အရေးတကြီးပို့ခဲ့ရကြောင်း ရေးသားထားပါတယ်။ အလက်ဇန္ဒားဟာ အသက်ခြောက်နှစ်အရွယ်မှာ ပိုလီယိုရောဂါကူးစက်ခံရပြီး လည်ပင်းအောက်ပိုင်းတလျှောက် အောက်ပိုင်းသေသွားကာ နောက်ပိုင်းမှာ အသက်ရှူဖို့အတွက် အသက်ရှူစက်ကိရိယာအပေါ် အားကိုးခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ မကြာခဏဆိုသလို ရေငုပ်သင်္ဘောလို ဆလင်ဒါပုံစံ စက်ကြီးထဲမှာနေရပေမယ့် ပညာရေးမှာ ထူးချွန်ခဲ့ပြီး ဥပဒေဘွဲ့ရရှိကာ ဥပဒေနယ်ပယ်မှာ အလုပ်လုပ်ကိုင်ခဲ့သလို စာအုပ်တအုပ်လည်း ရေးသား ပြုစုခဲ့ပါတယ်။

အမှုလိုက်ရှေ့နေ့တဦးဖြစ်တဲ့ အလက်ဇန္ဒားဟာ ခန္ဓာကိုယ်ကို မတ်မတ်ထားနိုင်အောင် အထူး တီထွင်ထားတဲ့ အထူးဘီးတပ်ကုလားထိုင်နဲ့ တရားရုံးမှာ အမှုတွေလိုက်ခဲ့သူ ဖြစ်ပါတယ်။

သံအဆုတ်ဆိုတာက မော်တာပန့်တွေတပ်ထားတဲ့ အလုံပိတ်အခန်းဖြစ်ပြီး ဖိအားကို လိုသလို နိမ့်မြှင့်တက်ကျလုပ်စေပြီး လူနာရဲ့အဆုတ်ကို အလုပ်လုပ်စေတာပါ။ အလက်ဇန္ဒားဟာ အဲဒီ စက်ခန်းထဲမှာ အချိန်အကြာဆုံးနေရသူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။ သူသေဆုံးသွားကြောင်းကို ညီဖြစ်သူ ဖိလစ် အလက်ဇန္ဒားက သူ့ရဲ့ လူမှုကွန်ရက် Facebook မှာ ဗုဒ္ဓဟူးနေ့ အစောပိုင်းကတင်ခဲ့သလို အလက်ဇန္ဒားအတွက် ရန်ပုံငွေ ရှာဖွေပေးနေတဲ့ မသန်စွမ်းသူတွေအရေး ဆောင်ရွက်နေတဲ့ Christopher Ulmer ကလည်း အင်္ဂါနေ့တုန်းက GoFundMe ရန်ပုံငွေရှာဖွေရေး ဝက်ဘ်ဆိုဒ်မှာ အတည်ပြုထားပါတယ်။

"သူ့အကြောင်းက ကမ္ဘာတဝန်းက လူတွေအပေါ် သြဇာလွှမ်းမိုးခဲ့ပြီး သူဟာ မယုံနိုင်စရာ စံနမူနာပြ နေထိုက်ခဲ့သူအဖြစ် ဆက်လက်ပြီး အမှတ်ရနေရမယ်” လို့ Ulmer က ပြောပါတယ်။

ဂင်းနစ်မှတ်တမ်းရဲ့ဖော်ပြချက်မှာတော့ အလက်ဇန္ဒားဟာ ကာယကုထုံးပညာရှင်ရဲ့ အကူအညီနဲ့ "ဖား အသက်ရှူခြင်း" ဆိုင်ရာနည်းလမ်းကိုသင်ယူပြီးနောက်မှာ သံမဏိအဆုတ် စက်ခန်း အပြင်မှာ အချိန်အတော်ကြာ ထွက်နေနိုင်ခဲ့ပါတယ်။ ညဘက်တွေမှာတော့ အဲဒီ သံအဆုတ်အခန်းထဲမှာ ပြန်ဝင်အိပ်ရပါတယ်။

အလက်ဇန္ဒား ကွယ်လွန်ပြီးနောက်မှာ လက်ရှိမှာတော့ အဲဒီလိုနေထိုင်ရတဲ့ သံမဏိ အဆုတ် လူသားအဖြစ် အိုကလာဟိုးမားပြည်နယ်၊ Shawnee က အသက် ခုနစ်ဆယ့်ငါးနှစ်အရွယ် Martha Lillard ဆိုသူပဲ နောက်ဆုံးကျန်ရစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG