သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားကြားဝင်မှု Mueller စုံစမ်းရေး Manafort ကူညီမယ်


Paul Manafort အား အကျိုးဆောင် ရှေ့နေအဖွဲ့နှင့်အတူ တွေ့ရစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၈)
Paul Manafort အား အကျိုးဆောင် ရှေ့နေအဖွဲ့နှင့်အတူ တွေ့ရစဉ်။ (စက်တင်ဘာ ၁၄၊ ၂၀၁၈)

အမေရိကန်သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာဟောင်း Paul Manafort က အထူး စုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူလိုက်ပါတယ်။

မစ္စတာ Mueller က ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားတို့ရဲ့ ကြားဝင်နှောင့်ယှက်မှု အကြောင်းစုံစမ်းနေတာပါ။ Paul Manafort က ယူကရိန်းနိုင်ငံမှာ နိုင်ငံရေး အတိုင်ပင်ခံအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ရင်ဆိုင်နေရတဲ့စွဲချက်တွေမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပြီး ပိုကြီးမားတဲ့ပြစ်ဒဏ် ချမှတ်ခံရနိုင်တဲ့ ဒုတိယ တရား စစ်ဆေးမှုကိုရှောင်ဖို့အတွက် ပူးပေါင်း လုပ်ဆောင်ဖို့ ခုလိုသဘောတူလိုက်တာပါ။

Manafort အနေနဲ့ စုံစမ်းစစ်ဆေးရေးမှုးတွေကိုသမ္မတ Donald Trump နဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတိကျတဲ့ သတင်းအချက်အလက်တွေကို ပေးမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း ပြိုင်ဘက်သမ္မတလောင်း Hillary Clinton ကိုထိခိုက်နစ်နာစေမယ့် သတင်းအချက်အလက်တွေရှိထားတယ်ဆိုတဲ့ ရုရှားရှေ့နေတဦးနဲ့ Trump ရဲ့မဲဆွယ်ရေးအဖွဲ့တို့ ၂၀၁၆ ခုနှစ်က Trump Tower မှာတွေ့ဆုံခဲ့ကြတာမှာ Manafort လည်းတဦးအပါအဝင်ဖြစ်ပါတယ်။

မစ္စတာ Manafort ဟာ ဗာဂျီးနီးယားပြည်နယ်က သီးခြား တရားစစ်ဆေးမှုတခုကနေ ဘဏ္ဍာငွေကြေး ဆိုင်ရာ စွဲချက် ၈ ခုအတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့လကပဲ ဆုံးဖြတ်ခံထားရပြီး ထောင်ဒဏ် ၇ နှစ် ကနေ ၁၀ နှစ်အထိ ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG