သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါလ်မက္ကာနေ ၆၉ နှစ်မှာ မင်္ဂလာဆောင်

ပေါလ်မက္ကာနေ ၆၉ နှစ်မှာ မင်္ဂလာဆောင်
ပေါလ်မက္ကာနေ ၆၉ နှစ်မှာ မင်္ဂလာဆောင်

အရင်တုန်းက နာမည်ကြီး ဘီတဲလ်စ် (Beatles) တေးဂီတအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပေါလ်မက္ကာနေ (Paul McCartney) ဟာ အမေရိကန်က ချမ်းသာတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ နန်စီရှဗဲလ် (Nancy Shevell) နဲ့ တနင်္ဂနွေနေ့မှာ လက်ထပ် ထိမ်းမြားခဲ့ပါတယ်။

ဒါဟာ သူ့အတွက် တတိယအကြိမ်မြောက် ထိမ်းမြားလက်ထပ်တာ ဖြစ်ပါတယ်။ ပေါလ်မက္ကာနေဟာ လွန်ခဲ့တဲ့ ၄၂ နှစ်က သူ့ရဲ့ ပထမဆုံးဇနီးဖြစ်တဲ့ လင်ဒါ (Linda) နဲ့ လက်ထပ်ခဲ့တဲ့ လန်ဒန်မြို့က တရားရုံးမှာ မှတ်ပုံတင်ခဲ့ ပါတယ်။

သူတို့ နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားဟာ ၄၅ မိနစ်ကြာခဲ့ပြီး ရင်းနှီးတဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ဒရမ်တီးတဲ့ ရင်ဂိုစတား၊ သတို့သမီးနဲ့ ညီအစ်မနှစ်ဝမ်းကွဲ တော်သူ တီဗွီရုပ်သံသတင်းထောက် ဘာဘရာ ဝေါ်လ်တာစ် (Barbara Walters) တို့လည်း တက်ရောက်ခဲ့ပါတယ်။

အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ရှဗဲလ်ဟာ ပေါလ်မက္ကာနေရဲ့ သမီး ဒီဇိုင်းဆွဲပေးခဲ့တဲ့ အဖြူရောင် သတို့သမီးဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG