သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်လွှတ်တော် ဥက္ကဋ္ဌ တင်မြှောက်


အမေရိကန် အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ရီပတ်ဘလစ်ကန်အမတ် Paul Ryan ကို တင်မြှောက်။
အမေရိကန် အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ရီပတ်ဘလစ်ကန်အမတ် Paul Ryan ကို တင်မြှောက်။

အမေရိကန် အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် Wisconsin ပြည်နယ်က ရီပတ်ဘလစ်ကန်အမတ် Paul Ryan ကို မကြာသေးခင် အချိန်ပိုင်း အတွင်းက အောက် လွှတ်တော် မှာ မဲပေးတင်မြှောက် လိုက်ပါ တယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ အသစ် အဖြစ် Paul Ryan ရွေးချယ် ခံရပြီးတဲ့နောက် Ryan က ဥက္ကဋ္ဌ ထိုင်ခုံနေရာကို တက်သွားပြီး ရာထူးက နှုတ်ထွက်သွားတဲ့ John Boehner က နုတ်ဆက် ထွက်သွားပါတယ်။

John Boehner ဟာ လွှတ်တော်အမတ်၊ လွှတ်တော် ဥက္ကဋ္ဌ စသည်အားဖြင့် ကွန်ဂရက်လွှတ်တော်မှာ ၂၅ နှစ်ကြာတာဝန် ထမ်းဆောင်ပြီးတဲ့နောက် နှုတ်ထွက် သွားတာပါ။ ဥက္ကဋ္ဌအဖြစ်ကတော့ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ပြီးတဲ့နောက် ပထမဆုံးပြောတဲ့ မိန့်ခွန်းထဲမှာ ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တွေအတွက် ဒီမိုကရက်တွေက ရီပတ်ဘလစ်ကန်တွေအတွက် အပြန်အလှန် ဆုတောင်းပေးကြဖို့ Ryan က ပန်ကြားပါတယ်။

အမေရိကန် အောက်လွှတ်တော်ဟာ ပြဿနာ ဖြေရှင်းတဲ့နေရာမဟုတ်ပဲ၊ ဒီနေရာကိုယ်တိုင်က ပြဿနာတခု ဖြစ်လာနေပြီလို့လဲ Paul Ryan ကပြောသွားပါတယ်။ အသက် ၄၅ နှစ်အရွယ် Paul Ryan ဟာ Wisconsin ပြည်နယ်ကတက်လာတဲ့ ပထမဆုံး အောက်လွှတ်တော် ဥက္ကဋ္ဌပါ။ အသက် ၂၈ နှစ်အရွက် ၁၉၉၈ ခုနှစ်မှာ လွှတ်တော် အမတ် စဖြစ်လာသူပါ။ သူဟာ နှစ်ပေါင်း ၁၃၀ ကျော်အတွင်း အသက်အငယ်ဆုံး အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၃၅ ဦးရှိပါတယ်။

XS
SM
MD
LG