သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန႔္ဘလူၿမိဳ႕နယ္မွာ ေဒသခံတခ်ိဳ႕  ေပၚတာဆြဲခံရ 


ကန္႔ဘလူၿမိဳ႕နယ္ ေျမပံု (ျမန္မာအစိုးရ ၀က္ဘ္ဆိုဒ္)

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္အတြင္း ေက်း႐ြာေတြမွာ ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေနသလို စစ္တပ္ကိုေထာက္ခံတဲ့ ပ်ဴေစာထီးအဖြဲ႕နဲ႔ ျမန္မာစစ္တပ္ေတြပူးေပါင္းၿပီး ေက်း႐ြာေတြက ႐ြာသားေတြကို အတင္းအဓမၼ ေခၚယူ အလုပ္ခိုင္းတာ၊ တပ္သား စုေဆာင္းတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ကန႔္ဘလူၿမိဳ႕နယ္ ေ႐ြတို႔႐ြာ ေခၚ (ငတို႔႐ြာ) မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေတြက ႐ြာသား ၅၀ ေလာက္ကို ေပၚတာ ဆြဲထားၿပီး ႐ြာပတ္ပတ္လည္ကို ပိတ္ဆို႔ထားတယ္လို႔လည္း ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ကန႔္ဘလူၿမိဳ႕နယ္အေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ကန႔္ဘလူၿမိဳ႕နယ္ ေ႐ြတို႔႐ြာ (ငတို႔႐ြာ) ကို ျမန္မာစစ္တပ္နဲ႔ ပ်ဴေစာထီးေတြ မေန႔ကေရာက္လာၿပီး ႐ြာသား ၅၀ ပ်ဴေစာထီးအဖြဲ႔ဝင္ဖို႔ အတင္းအက်ပ္ ေတာင္းဆိုခဲ့တယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။ ပ်ဴေစာထီးအဖြဲ႔ဝင္ဖို႔ ျငင္းဆန္တဲ့အတြက္ ဖမ္းဆီး႐ိုက္ႏွက္တာခံခဲ့ရတယ္လို႔ အနီးဝန္းက်င္က ေဒသခံတဦးက ေျပာျပပါတယ္။

“ဟိုေန႔က ပ်ဴေစာထီးေတာင္းတဲ့ ငတို႔႐ြာကိုေတာ့ သူတို႔က ေတာင္းမရေတာ့ (မေန႔က) ၉ နာရီအခ်ိန္ကို ေပၚတာ ဝင္ဆြဲတယ္ဗ်။ သူတို႔က ႐ိုက္ႏွက္ၿပီးေတာ့ - ပ်ဴေစာထီးမလုပ္ရင္ ဖမ္းထားတဲ့လူေတြကို ျပန္မလႊတ္ဘူး။ သတ္ပစ္မယ္။ ၿပီးေတာ့ ႐ြာကိုလည္း မီးရႈိ႕မယ္ေပါ့- အဲ့လိုမ်ိဳးေျပာေတာ့ မေန႔က လက္မွတ္ထိုးလိုက္ရတယ္။ ပ်ဴဝင္ပါ့မယ္၊ က်ေနာ္တို႔ ႐ြာေတြကို ဒီလိုမလုပ္ဖို႔ေပါ့။ ဖမ္းတဲ့လူေတြကိုလည္း ျပန္လႊတ္ေပးဖို႔ေပါ့။ အဲ့လိုပ်ဴဝင္ရမယ္ဆိုၿပီး လက္မွတ္ထိုးလိုက္ရတယ္တဲ့။ အေယာက္ ၅၀ ေတာင္းတာဗ်။ ဒီေန႔ သူတို႔ စၿပီးေတာ့ ဖြင့္တယ္။ သင္တန္းဖြင့္တဲ့အခ်ိန္မွာ သူတို႔ ေဘးကလာၿပီးေတာ့ အင္အား ၅၀ ေက်ာ္ေလာက္နဲ႔ ႐ြာေဘးမွာ ကင္းခ်ၿပီးေတာ့ သင္တန္းေပးေနတယ္ဗ်။”

စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးတပ္ေတြက အမ်ိဳးသားအမ်ိဳးသမီး ၅၀ ေက်ာ္ေလာက္ကို ဖမ္းဆီးၿပီး ႐ိုက္ႏွက္ ၿခိမ္းေျခာက္ခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ေ႐ြတို႔႐ြာ (ငတို႔႐ြာ) ဟာ အိမ္ေျခ ၄၀၀ ေက်ာ္ ရွိၿပီး လက္ရွိမွာေတာ့ ေဒသခံေတြကို ဆက္သြယ္ႏိုင္ဖို႔ခက္ခဲေနသလို ႐ြာအေျခအေန သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။ ျမန္မာစစ္တပ္နဲ႔ ပ်ဴေစာထီးေတြက ႐ြာသူ႐ြာသားေတြရဲ႕ လက္ကိုင္ဖုန္းေတြကို သိမ္းဆည္းထားတယ္လို႔ အနီးဝန္းက်င္က ေဒသခံတဦးက ေျပာပါတယ္။ ေ႐ြတို႔႐ြာဟာ စစ္တပ္ တပ္စခန္းနဲ႔ ၂ မိုင္ေလာက္ပဲ ေဝးၿပီး အရင္က ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ေၾကာင္းေတြ မဝင္ေရာက္ဖူးတဲ့ ေက်း႐ြာျဖစ္ပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေတြဝင္လာတဲ့အခ်ိန္ ေက်း႐ြာသားတခ်ိဳ႕ ႐ြာကေန ထြက္ေျပးလာၾကတာရွိေပမယ့္ လူမရွိတဲ့အိမ္ေတြကို ဖ်က္ဆီးမယ္ဆိုၿပီး စစ္တပ္က ၿခိမ္း‌ေျခာက္တာေၾကာင့္ ႐ြာသားတခ်ိဳ႕ ႐ြာကိုျပန္ဝင္ၾကရတယ္လို႔ အနီးဝန္းက်င္က ေဒသခံတဦးက ေျပာပါတယ္။

“ထြက္ေျပးတဲ့သူေတြ ထြက္ေျပးၾကတယ္၊ ေၾကာက္ၿပီးေတာ့ေလ မေန႔က။ ၅ ရက္အတြင္း၊ ၁၀ ရက္အတြင္းျပန္ဝင္ဖို႔ရာ သူတို႔မေရာက္ရင္ အိမ္ေတြဘာေတြကို လုပ္မယ္ေပါ့၊ အဲ့လိုေျပာေတာ့ ျပန္ဝင္တဲ့သူေတြလည္း ေတာ္ေတာ္မ်ားမ်ား ျပန္ဝင္သြားၾကတယ္ဗ်။ ျပန္မဝင္ရဲတဲ့သူေတြကလည္း ၃၀ ေက်ာ္ေလာက္ေတာ့ ရွိအုံးမယ္ဗ်။ ႐ြာက အေျပးမခံေတာ့ဘူးဗ်။ သူတို႔က ႐ြာကို ဝိုင္းထားတယ္။ သူတို႔က ဘယ္လိုအေနအထားလဲဆိုေတာ့ ကာကြယ္ေရးတပ္ေတြလာၿပီးေတာ့ ပစ္မွာခတ္မွာကိုလည္း ေၾကာက္တဲ့ပုံစံမ်ိဳးနဲ႔ သူတို႔က တကယ္ေတာ့ ႐ြာသူ႐ြာသားထြက္ေျပးမွာ ေၾကာက္ၿပီးေတာ့ ဝိုင္းထားတာ။”

စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရအတြက္ေတြကလည္း ပိုၿပီးတိုးလာေနပါတယ္။ ျပည္သူ႔ ကာကြယ္ေရးတပ္ PDF ေတြဟာ ဒီေဒသက ေက်း႐ြာေတြကိုအေျခစိုက္ၿပီး အၾကမ္းဖက္လုပ္ငန္းေတြ လုပ္ေနတယ္ဆိုၿပီး ျမန္မာစစ္တပ္က စြပ္စြဲ ထားပါတယ္။ စစ္ေကာင္စီဘက္က ထိုးစစ္အတြင္း အရပ္သားေတြရဲ႕ ေနအိမ္ေတြကို မီးရႈိ႕ ဖ်က္ဆီးတာမလုပ္ဘူးလို႔ ေျပာဆိုထားေပမယ့္ ေက်း႐ြာေတြမွာ ေနအိမ္ေတြ မီးေလာင္တဲ့ သတင္းေတြကေတာ့ မၾကာခဏ ထြက္ေပၚေနပါတယ္။
#PDF #စစ္ေကာင္စီ #ကန္႔ဘလူ #ငတို႔ရြာ #ပ်ဴေစာထီး #ေပၚတာဆြဲ
==============

[[Unicode]]

ကန့်ဘလူမြို့နယ်မှာ ဒေသခံတချို့ ပေါ်တာဆွဲခံရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာတွေမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းနေသလို စစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီးအဖွဲ့နဲ့ မြန်မာစစ်တပ်တွေပူးပေါင်းပြီး ကျေးရွာတွေက ရွာသားတွေကို အတင်းအဓမ္မ ခေါ်ယူ အလုပ်ခိုင်းတာ၊ တပ်သား စုဆောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ် ရွေတို့ရွာ ခေါ် (ငတို့ရွာ) မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ရွာသား ၅၀ လောက်ကို ပေါ်တာ ဆွဲထားပြီး ရွာပတ်ပတ်လည်ကို ပိတ်ဆို့ထားတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ကန့်ဘလူမြို့နယ်အခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကန့်ဘလူမြို့နယ် ရွေတို့ရွာ (ငတို့ရွာ) ကို မြန်မာစစ်တပ်နဲ့ ပျူစောထီးတွေ မနေ့ကရောက်လာပြီး ရွာသား ၅၀ ပျူစောထီးအဖွဲ့ဝင်ဖို့ အတင်းအကျပ် တောင်းဆိုခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ပျူစောထီးအဖွဲ့ဝင်ဖို့ ငြင်းဆန်တဲ့အတွက် ဖမ်းဆီးရိုက်နှက်တာခံခဲ့ရတယ်လို့ အနီးဝန်းကျင်က ဒေသခံတဦးက ပြောပြပါတယ်။

“ဟိုနေ့က ပျူစောထီးတောင်းတဲ့ ငတို့ရွာကိုတော့ သူတို့က တောင်းမရတော့ (မနေ့က) ၉ နာရီအချိန်ကို ပေါ်တာ ဝင်ဆွဲတယ်ဗျ။ သူတို့က ရိုက်နှက်ပြီးတော့ - ပျူစောထီးမလုပ်ရင် ဖမ်းထားတဲ့လူတွေကို ပြန်မလွှတ်ဘူး။ သတ်ပစ်မယ်။ ပြီးတော့ ရွာကိုလည်း မီးရှို့မယ်ပေါ့- အဲ့လိုမျိုးပြောတော့ မနေ့က လက်မှတ်ထိုးလိုက်ရတယ်။ ပျူဝင်ပါ့မယ်၊ ကျနော်တို့ ရွာတွေကို ဒီလိုမလုပ်ဖို့ပေါ့။ ဖမ်းတဲ့လူတွေကိုလည်း ပြန်လွှတ်ပေးဖို့ပေါ့။ အဲ့လိုပျူဝင်ရမယ်ဆိုပြီး လက်မှတ်ထိုးလိုက်ရတယ်တဲ့။ အယောက် ၅၀ တောင်းတာဗျ။ ဒီနေ့ သူတို့ စပြီးတော့ ဖွင့်တယ်။ သင်တန်းဖွင့်တဲ့အချိန်မှာ သူတို့ ဘေးကလာပြီးတော့ အင်အား ၅၀ ကျော်လောက်နဲ့ ရွာဘေးမှာ ကင်းချပြီးတော့ သင်တန်းပေးနေတယ်ဗျ။”

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေက အမျိုးသားအမျိုးသမီး ၅၀ ကျော်လောက်ကို ဖမ်းဆီးပြီး ရိုက်နှက် ခြိမ်းခြောက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရွေတို့ရွာ (ငတို့ရွာ) ဟာ အိမ်ခြေ ၄၀၀ ကျော် ရှိပြီး လက်ရှိမှာတော့ ဒေသခံတွေကို ဆက်သွယ်နိုင်ဖို့ခက်ခဲနေသလို ရွာအခြေအနေ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ မြန်မာစစ်တပ်နဲ့ ပျူစောထီးတွေက ရွာသူရွာသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားတယ်လို့ အနီးဝန်းကျင်က ဒေသခံတဦးက ပြောပါတယ်။ ရွေတို့ရွာဟာ စစ်တပ် တပ်စခန်းနဲ့ ၂ မိုင်လောက်ပဲ ဝေးပြီး အရင်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ မဝင်ရောက်ဖူးတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဝင်လာတဲ့အချိန် ကျေးရွာသားတချို့ ရွာကနေ ထွက်ပြေးလာကြတာရှိပေမယ့် လူမရှိတဲ့အိမ်တွေကို ဖျက်ဆီးမယ်ဆိုပြီး စစ်တပ်က ခြိမ်း‌ခြောက်တာကြောင့် ရွာသားတချို့ ရွာကိုပြန်ဝင်ကြရတယ်လို့ အနီးဝန်းကျင်က ဒေသခံတဦးက ပြောပါတယ်။

“ထွက်ပြေးတဲ့သူတွေ ထွက်ပြေးကြတယ်၊ ကြောက်ပြီးတော့လေ မနေ့က။ ၅ ရက်အတွင်း၊ ၁၀ ရက်အတွင်းပြန်ဝင်ဖို့ရာ သူတို့မရောက်ရင် အိမ်တွေဘာတွေကို လုပ်မယ်ပေါ့၊ အဲ့လိုပြောတော့ ပြန်ဝင်တဲ့သူတွေလည်း တော်တော်များများ ပြန်ဝင်သွားကြတယ်ဗျ။ ပြန်မဝင်ရဲတဲ့သူတွေကလည်း ၃၀ ကျော်လောက်တော့ ရှိအုံးမယ်ဗျ။ ရွာက အပြေးမခံတော့ဘူးဗျ။ သူတို့က ရွာကို ဝိုင်းထားတယ်။ သူတို့က ဘယ်လိုအနေအထားလဲဆိုတော့ ကာကွယ်ရေးတပ်တွေလာပြီးတော့ ပစ်မှာခတ်မှာကိုလည်း ကြောက်တဲ့ပုံစံမျိုးနဲ့ သူတို့က တကယ်တော့ ရွာသူရွာသားထွက်ပြေးမှာ ကြောက်ပြီးတော့ ဝိုင်းထားတာ။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်တွေကလည်း ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသက ကျေးရွာတွေကိုအခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး မြန်မာစစ်တပ်က စွပ်စွဲ ထားပါတယ်။ စစ်ကောင်စီဘက်က ထိုးစစ်အတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာမလုပ်ဘူးလို့ ပြောဆိုထားပေမယ့် ကျေးရွာတွေမှာ နေအိမ်တွေ မီးလောင်တဲ့ သတင်းတွေကတော့ မကြာခဏ ထွက်ပေါ်နေပါတယ်။
#PDF #စစ်ကောင်စီ #ကန့်ဘလူ #ငတို့ရွာ #ပျူစောထီး #ပေါ်တာဆွဲ
==============

XS
SM
MD
LG