သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ ၈ ရက္ေျမာက္ တိုက္ပြဲျဖစ္ 


ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တဝုိက္က စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ေဒသခံျပည္သူမ်ား။ (ဇြန္ ၁၊ ၂၀၂၁) 

[[Zawgyi/Unicode]]

ကယားျပည္နယ္ ေဒသအေခၚ ကရင္နီ၊ ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြဆက္တိုက္ျဖစ္ေနတာ ဒီေန႔ဆိုရင္ ၈ ရက္ေျမာက္ ျဖစ္လာပါၿပီ။ လက္နက္ႀကီးသံေတြ ေန႔စဥ္နဲ႔အမွ် ၾကားေနရတာေၾကာင့္ ေဒသခံေတြလည္း ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္တခြင္မွာ ႏိုဝင္ဘာ ၃၀ ရက္ေန႔ကစၿပီး စစ္ေကာင္စီတပ္ဘက္က စစ္ဆင္ေရးေတြလုပ္ေနရာမွာ ရက္ဆက္ဆိုသလို တိုက္ပြဲေတြ ျဖစ္ပြားေနတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာ႐ြာ စစ္ေဘးေရွာင္တဦးက ေျပာပါတယ္။

“ေန႔တိုင္းလိုလိုေတာ့ တေနရာမဟုတ္ တေနရာေတာ့ ျဖစ္ေနတယ္ဗ်။ ဒီေန႔လည္း ဒီးေမာ့ဆိုနဲ႔ ခပ္လွမ္းလွမ္း ၃ မိုင္အကြာေလာက္မွာ တိုက္ပြဲျဖစ္တယ္ဗ်-ဟုတ္။ လက္နက္ႀကီးကေတာ့ မၾကားတဲ့ရက္ဆိုတာ ရွိကိုးမရွိဘူးဗ် ဟုတ္။ ပစ္တယ္၊ ၁၂၀ မမ ေတြ အဲ့လိုမ်ိဳးေတြ ပစ္တာမ်ိဳးရွိတယ္ဗ်။ ေန႔တိုင္းပါပဲ-ဟုတ္။”

ဒီးေမာ့ဆိုၿမိဳ႕နယ္ ပူဖားေက်း႐ြာတဝိုက္မွာလည္း ဒီေန႔ မနက္ပိုင္းက တိုက္ပြဲျပန္ျဖစ္တယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ဗဟိုျပန္ၾကားေရးတာဝန္ခံတဦးက VOA ကို ေျပာပါတယ္။ အရင္ရက္ေတြထဲက ႏွစ္ဘက္တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ခဲ့တဲ့ ေနရာေတြျဖစ္ပါတယ္။

“ဒီ ပူဖားဘက္နားမွာ နဲ႔ ကုန္းသာဘက္မွာ ျပန္ျဖစ္တယ္။ အဲ့ေလာက္က်ေနာ္တို႔ သတင္းၾကားရတယ္ေပါ့ေနာ္ အေသးစိတ္ေတာ့ မသိရေသးဘူးဗ်။ သတင္းပို႔လာတယ္ေပါ့ေနာ္၊ ဒီကုန္းသာဘက္မွာနဲ႔ ဒီပူဖားေပါ့ေနာ္ အရင္က စစ္ေကာင္စီ စိုးလို႔ရတဲ့ေနရာ စစ္ျပန္ဆင္တယ္လို႔ အဲ့လိုမ်ိဳးေပါ့၊ က်ေနာ္တို႔ၾကားရတယ္။ ေအာ္-ဟုတ္ကဲ့၊ ဆက္တိုက္ျဖစ္တာေတာ့ ၁ ရက္၊ ၂ ရက္ေပါ့ေနာ္၊ ၁ ရက္နား ၂ ရက္နားၿပီးေတာ့ ဒီမနက္ညမွာပဲ ျပန္ျဖစ္တယ္ေပါ့ေနာ္။ ဒီကေန႔ပဲျပန္ျဖစ္တာေပါ့။ အဲ့ဒီ(တိုက္ပြဲ) တပတ္ေလာက္ တပတ္ဝန္းက်င္ေလာက္ေတာ့ ရွိၿပီးေပ့ါေနာ္။”

လတ္တေလာ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း အေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္တာမရွိေသးပါဘူး။ လက္ရွိတိုက္ပြဲျဖစ္ေနတဲ့ ပူဖား႐ြာနဲ႔ ပတ္ဝန္းက်င္ေက်း႐ြာက ပိတ္မိေနတဲ့ ေဒသခံေတြကို ေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ေနတယ္လို႔လည္း ဒီေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ ေရးတပ္ ဗဟိုျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ ကရင္နီ ဒီေမာ့ဆိုးၿမိဳ႕နယ္နဲ႔ ရွမ္းနယ္စပ္ မိုးၿဗဲေဒသက အခုရက္ပိုင္းတိုက္ပြဲေတြေၾကာင့္ အိုးအိမ္စြန႔္ခြာေျပးရတဲ့ စစ္ေျပးဒုကၡသည္ေတြလည္း တိုးမ်ားလာေနပါတယ္။

ဒီးေမာ့ဆိုမွာ ၈ ရက္ေျမာက္ တိုက္ပြဲျဖစ္.mp3
please wait

No media source currently available

0:00 0:01:59 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒီးမော့ဆိုမှာ ၈ ရက်မြောက် တိုက်ပွဲဖြစ်

ကယားပြည်နယ် ဒေသအခေါ် ကရင်နီ၊ ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ဒီနေ့ဆိုရင် ၈ ရက်မြောက် ဖြစ်လာပါပြီ။ လက်နက်ကြီးသံတွေ နေ့စဉ်နဲ့အမျှ ကြားနေရတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်တခွင်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်က စစ်ဆင်ရေးတွေလုပ်နေရာမှာ ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“နေ့တိုင်းလိုလိုတော့ တနေရာမဟုတ် တနေရာတော့ ဖြစ်နေတယ်ဗျ။ ဒီနေ့လည်း ဒီးမော့ဆိုနဲ့ ခပ်လှမ်းလှမ်း ၃ မိုင်အကွာလောက်မှာ တိုက်ပွဲဖြစ်တယ်ဗျ-ဟုတ်။ လက်နက်ကြီးကတော့ မကြားတဲ့ရက်ဆိုတာ ရှိကိုးမရှိဘူးဗျ ဟုတ်။ ပစ်တယ်၊ ၁၂၀ မမ တွေ အဲ့လိုမျိုးတွေ ပစ်တာမျိုးရှိတယ်ဗျ။ နေ့တိုင်းပါပဲ-ဟုတ်။”

ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတဝိုက်မှာလည်း ဒီနေ့ မနက်ပိုင်းက တိုက်ပွဲပြန်ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေးတာဝန်ခံတဦးက VOA ကို ပြောပါတယ်။ အရင်ရက်တွေထဲက နှစ်ဘက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ နေရာတွေဖြစ်ပါတယ်။

“ဒီ ပူဖားဘက်နားမှာ နဲ့ ကုန်းသာဘက်မှာ ပြန်ဖြစ်တယ်။ အဲ့လောက်ကျနော်တို့ သတင်းကြားရတယ်ပေါ့နော် အသေးစိတ်တော့ မသိရသေးဘူးဗျ။ သတင်းပို့လာတယ်ပေါ့နော်၊ ဒီကုန်းသာဘက်မှာနဲ့ ဒီပူဖားပေါ့နော် အရင်က စစ်ကောင်စီ စိုးလို့ရတဲ့နေရာ စစ်ပြန်ဆင်တယ်လို့ အဲ့လိုမျိုးပေါ့၊ ကျနော်တို့ကြားရတယ်။ အော်-ဟုတ်ကဲ့၊ ဆက်တိုက်ဖြစ်တာတော့ ၁ ရက်၊ ၂ ရက်ပေါ့နော်၊ ၁ ရက်နား ၂ ရက်နားပြီးတော့ ဒီမနက်ညမှာပဲ ပြန်ဖြစ်တယ်ပေါ့နော်။ ဒီကနေ့ပဲပြန်ဖြစ်တာပေါ့။ အဲ့ဒီ(တိုက်ပွဲ) တပတ်လောက် တပတ်ဝန်းကျင်လောက်တော့ ရှိပြီးပေ့ါနော်။”

လတ်တလော ဒီးမော့ဆိုမြို့နယ်တွင်း အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ပူဖားရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာက ပိတ်မိနေတဲ့ ဒေသခံတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေတယ်လို့လည်း ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ် ဗဟိုပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကရင်နီ ဒီမော့ဆိုးမြို့နယ်နဲ့ ရှမ်းနယ်စပ် မိုးဗြဲဒေသက အခုရက်ပိုင်းတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း တိုးများလာနေပါတယ်။

XS
SM
MD
LG