သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ


မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (Official Photo)
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (Official Photo)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တခြားရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို စစ်တပ်က မြန်မာနိုင်ငံတဝန်း ဆက်လုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ အောက်တိုဘာ ၂၈ ရက် သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ICJ နိုင်ငံတကာတရားရုံးရဲ့ နှစ်ပတ်လည်အစီရင်ခံစာနဲ့ပတ်သက်လို့ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးအတွင်း သုံးသပ်ဆွေးနွေးခဲ့ချိန်မှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲ့ဒီလို ပြောသွားတာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ICJ တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ကြိုဆိုကြောင်းနဲ့ ICJ နဲ့ အပြည့်အဝ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တရားရေးဆိုင်ရာ ပညာသင်ကြားမှု အစီအစဉ်တွေ ပေးသွားဖို့ ICJ ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကြိုဆိုခဲ့ပါတယ်။

“အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တရားရေးဆိုင်ရာ ပညာသင်ကြားမှုအစီအစဉ်တွေ လုပ်သွားဖို့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆိတ်သုဉ်းပြီး တရားမဝင် အာဏာသိမ်းမှုကို အောင်အောင်မြင်မြင် တွန်းလှန်ဖယ်ရှားနိုင်တဲ့အချိန်ကျရင် မြန်မာနိုင်ငံကလူငယ်တွေလည်း ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရဖို့ အထူးမျှော်လင့်ပါတယ်။” - ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောသွားတာပါ။

သိပ်မကြာခင် ရက်ပိုင်း လပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ အကြမ်းဖက် ဖိနှိပ်သက်ဖြတ်မှုတွေမှုတွေ ပို တိုးလာတယ်လို့ လည်း သံအမတ်ကြီးက ဖြစ်ရပ်တချို့ကိုထောက်ပြသွားပါတယ်။ ဒီလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်ဒေသ အနန့်ပါရွာမှာ ဂီတ ဖျော်ဖြေပွဲလုပ်နေချိန် မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် လူ ၁၀၀ ခန့် သေဆုံးခဲ့တဲ့အကြောင်း သံအမတ်ကြီးက ပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဒီပဲယင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကိုလည်း လေကြောင်းက တိုက်ခိုက်တာကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဒီလိုဖြစ်ရပ်တွေမှာ ထိခိုက် ဒဏ်ရာရခဲ့သူတွေအတွက် အရေးပေါ် အကူအညီတွေ အမြန်ဆုံး လိုအပ်နေတယ်လို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို သံအမတ်ကြီးက ပြောသွားပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်း ရခိုင်ပြည်နယ်မှာ နယ်မြေ ရှင်းလင်းစစ်ဆင်မှုတွေလုပ်ခဲ့တာမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုကို ICJ တရားရုံးက ဆက်လက် စစ်ဆေးကြားနာသွားဖို့ ဆုံးဖြတ်ချက်ချထားချိန်မှာ နောက်ထပ် ဒီလိုကျူးလွန်မှုတွေ နိုင်ငံအနှံ့ ဆက်လုပ်နေတယ်လို့ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ပြောကြားသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








XS
SM
MD
LG