သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရးလႈပ္ရွားမႈေၾကာင့္ ၾကာအင္းဆိပ္ႀကီး ရြာ ၄ ရြာ ေဘးလြတ္ရာ ပုန္းေရွာင္ 


ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ (Crd: MIMU)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ပုလိန္ရြာ၊ ၿငိမ္းခ်မ္းၿမိဳင္႐ြာေတြကို ၿပီးခဲ့တဲ့ရက္ေတြအတြင္း စစ္ေကာင္စီတပ္က လက္နက္ႀကီးနဲ႔ပစ္ခတ္လို႔ အနီးအနား ေက်း႐ြာေလး႐ြာထက္မနည္းက ေဒသခံေထာင္ခ်ီ အိုးအိမ္စြန႔္ခြာေျပးေနရပါတယ္။ ပုလိန္ရြာနဲ႔ တံခြန္တိုင္႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြ တပ္စြဲေနရာယူထားတာမို႔ အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာႏိုင္တယ္ဆိုၿပီး ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။ ဒီအေၾကာင္းရန္ကုန္ကေပးပို႔တဲ့ သတင္းကို မဆုမြန္က ေျပာျပပါမယ္။

စစ္ေကာင္စီတပ္ေတြဟာ ႏိုဝင္ဘာ၂၇ ရက္ေန႔ကစလို႔ မြန္ျပည္နယ္ မုဒုံၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ နယ္စပ္ျဖစ္တဲ့ အဘစ္-ခလယ္တံခြန္တိုင္လမ္းကေန အင္အားအေတာ္မ်ားမ်ားနဲ႔ စစ္ေၾကာင္းဆင္းလာတာပါ။ အဲဒီေနာက္ မုဒုံၿမိဳ႕နယ္္ အဘစ္႐ြာမွာအေျခစိုက္တဲ့ အေျမာက္တပ္ (၃၁၈) တပ္ရင္းကေန လက္နက္ႀကီးေတြပစ္ခတ္ခဲ့တာေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန႔္ခြာေရွာင္တိမ္းၾကရတာလို႔ နန္းသိုင္းထြန္း႐ြာခံတဦးက VOA ကို ေျပာပါတယ္။

“ေသနတ္သံၾကားေတာ့ ေၾကာက္ၾကတာေပါ့၊ အဲ့ေသနတ္သံက အဘစ္ကေနၿပီးေတာ့ ၿငိမ္းခ်မ္းၿမိဳင္႐ြာမွာရွိတဲ့ ဒီ KNU ရဲ႕ စခန္းရွိတဲ့ေနရာကို အဲ့မွာ လက္နက္ႀကီးေတြနဲ႔ ပစ္ထည့္ၿပီးေတာ့ KNU ေတြက ဆုတ္သြားလား၊ ဘယ္လိုလဲေတာ့မသိဘူးေပါ့ေနာ္- တိုက္ပြဲေတာ့ မျဖစ္ဘူး။ တဖက္သတ္ပဲ။ အဲ့မွာ စစ္သားေတြ ဝင္ၿပီးေတာ့ အဲ့မွာ ၿငိမ္းခ်မ္းၿမိဳင္မွာ ေနတယ္။ ေနာက္ အခု ပုလိန္ရြာကို ဆင္းလာတယ္။ ေနာက္ စစ္သားေတြလည္း တံခြန္တိုင္မွာအမ်ားႀကီးရွိေနဆိုေတာ့ အဲ့ဒါေၾကာင့္ ႐ြာသားေတြ ေျပးၾကတာေပါ့။”

လက္နက္ႀကီးေတြနဲ႔ပစ္ခတ္တာေၾကာင့္ ပုလိန္ရြာ၊ ၿငိမ္းခ်မ္းၿမိဳင္႐ြာ၊ နန္းသိုင္းထြန္ရြာ၊ ခလယ္-တံခြန္တိုင္႐ြာ ဒီေက်း႐ြာ ေလး႐ြာက ေဒသခံေတြဟာ အိုးအိမ္စြန႔္ခြာၿပီး နီးစပ္ရာေက်း႐ြာ ေဆြမ်ိဳးေနအိမ္ေတြမွာ ခိုေအာင္းေနၾကရပါတယ္။ မြန္-ကရင္နယ္စပ္မွာရွိတဲ့ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ဒူးပလာယာခ႐ိုင္ရဲ႕ ၿငိမ္းခ်မ္းၿမိဳင္႐ြာေတာင္ေပၚမွာ KNU ဂိတ္စခန္းတခုရွိေနပါတယ္။ အဲ့ဒီစခန္းကို စစ္ေကာင္စီတပ္က မီးရႈိ႕ဖ်က္စီးလိုက္တယ္လို႔ ေဒသခံကေျပာပါတယ္။

''အဲ့ဒီယာယီစခန္းကိုလည္း မီးရႈိ႕လိုက္တယ္ေပါ့။ ပုလိန္ရြာရဲ႕အထက္ အေပၚဘက္ျခမ္းက ၿငိမ္းခ်မ္းၿမိဳင္႐ြာေလးပဲ သူတို႔ဝင္လာတာ။ အဲ့ဒီတပ္စခန္းေလးကို သူတို႔ မီးရႈိ႕လိုက္တာေပါ့။ (တိုက္ပြဲ) မျဖစ္ပါဘူး။ အဲ့မွာက KNU ဘက္က သူတို႔ေရွာင္ေပးလိုက္တာေပါ့၊ စစ္ေကာင္စီဘက္ကေတာ့ အင္အားနည္းနည္းမ်ားမယ္ထင္တယ္ ဒီမွာ က်ေနာ္တို႔ အဲ့ဒီဂိတ္မွာ ထိုင္ေနတဲ့အဖြဲ႔ကေတာ့ လူအင္အားနည္းဆိုေတာ့ သူတို႔က ေရွာင္လိုက္တယ္ျဖစ္မွာေပါ့။”

စစ္ေကာင္စီတပ္ေတြဟာ စစ္ေၾကာင္းလာရာလမ္းေတြမွာ ေတြ႔တဲ့႐ြာသားေတြကို လမ္းျပအျဖစ္ ဖမ္းဆီးေခၚေဆာင္ေနတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

“သူတို႔ကဝင္လာၿပီးခ်ိန္ ေတြ႔တဲ့လူေတြကေတာ့ သူတို႔ ဖမ္းေခၚၿပီးေတာ့ အေရွ႕ လမ္းျပေပါ့ ေပးသြားခိုင္းတယ္ေပါ့။ အဲ့ဒီၿငိမ္းခ်မ္းၿမိဳင္ကေန လူေတြဖမ္းေခၚလာရင္ ပုလိန္ေရာက္ရင္ ျပန္လႊတ္တယ္။ ပုလိန္ရြာကေန သူတို႔ ပုလိန္ကလူေတြကို ဖမ္းေခၚၿပီးရင္ တံခြန္တိုင္ေရာက္ရင္ေတာ့ သူတို႔ျပန္လႊတ္တယ္ေပါ့ အဲ့လိုမ်ိဳး။ အကုန္ လုံးက ေၾကာက္လန႔္ေနၾကကုန္တယ္ေပါ့။ အကုန္လုံးက တေယာက္မွ ႐ြာနားေလကပ္မရဲေတာ့ ႐ြာလည္း ျပန္မရဲေတာ့ အလုပ္လည္းမလုပ္ဘူး။”

မုဒုံၿမိဳ႕နယ္ဘက္က ရာဘာၿခံသမား အေယာက္၂၀ ထက္မနည္းကို စစ္ေကာင္စီတပ္က ဖမ္းေခၚၿပီးေနာက္ တခ်ိဳ႕ေတာ့ ျပန္လြတ္လာပါတယ္။ ေပၚတာဆြဲခံခဲ့ရသူေတြအေျပာအရ စစ္ေကာင္စီရဲ႕ လက္နက္ခဲယမ္းနဲ႔ သဲအိတ္ေတြ သယ္ေဆာင္ေပးရတယ္လို႔ ဆိုပါတယ္။

လက္ရွိခ်ိန္မွာ စစ္ေကာင္စီတပ္ေတြဟာ ပုလိန္ရြာ၊ တံခြန္တိုင္႐ြာေတြထဲမွာ တပ္စြဲ ေနရာယူထားၿပီး အခ်ိန္မေ႐ြး ႏွစ္ဘက္တိုက္ပြဲ ျပင္းထန္လာႏိုင္တယ္လို႔႐ြာခံေတြက ေျပာပါတယ္။ ဒီေဒသအေျခအေနေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။
#PDF #KNU #ၾကာအင္းဆိပ္ႀကီး #ပုလိန္ရြာ #ၿငိမ္းခ်မ္းၿမိဳင္ရြာ #စစ္ေကာင္စီတပ္

=============

[[Unicode]]

စစ်ရေးလှုပ်ရှားမှုကြောင့် ကြာအင်းဆိပ်ကြီး ရွာ ၄ ရွာ ဘေးလွတ်ရာ ပုန်းရှောင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အနီးအနား ကျေးရွာလေးရွာထက်မနည်းက ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာပြေးနေရပါတယ်။ ပုလိန်ရွာနဲ့ တံခွန်တိုင်ရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာယူထားတာမို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအကြောင်းရန်ကုန်ကပေးပို့တဲ့ သတင်းကို မဆုမွန်က ပြောပြပါမယ်။

စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ၂၇ ရက်နေ့ကစလို့ မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် နယ်စပ်ဖြစ်တဲ့ အဘစ်-ခလယ်တံခွန်တိုင်လမ်းကနေ အင်အားအတော်များများနဲ့ စစ်ကြောင်းဆင်းလာတာပါ။ အဲဒီနောက် မုဒုံမြို့နယ် အဘစ်ရွာမှာအခြေစိုက်တဲ့ အမြောက်တပ် (၃၁၈) တပ်ရင်းကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာရှောင်တိမ်းကြရတာလို့ နန်းသိုင်းထွန်းရွာခံတဦးက VOA ကို ပြောပါတယ်။

“သေနတ်သံကြားတော့ ကြောက်ကြတာပေါ့၊ အဲ့သေနတ်သံက အဘစ်ကနေပြီးတော့ ငြိမ်းချမ်းမြိုင်ရွာမှာရှိတဲ့ ဒီ KNU ရဲ့ စခန်းရှိတဲ့နေရာကို အဲ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ထည့်ပြီးတော့ KNU တွေက ဆုတ်သွားလား၊ ဘယ်လိုလဲတော့မသိဘူးပေါ့နော်- တိုက်ပွဲတော့ မဖြစ်ဘူး။ တဖက်သတ်ပဲ။ အဲ့မှာ စစ်သားတွေ ဝင်ပြီးတော့ အဲ့မှာ ငြိမ်းချမ်းမြိုင်မှာ နေတယ်။ နောက် အခု ပုလိန်ရွာကို ဆင်းလာတယ်။ နောက် စစ်သားတွေလည်း တံခွန်တိုင်မှာအများကြီးရှိနေဆိုတော့ အဲ့ဒါကြောင့် ရွာသားတွေ ပြေးကြတာပေါ့။”

လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပုလိန်ရွာ၊ ငြိမ်းချမ်းမြိုင်ရွာ၊ နန်းသိုင်းထွန်ရွာ၊ ခလယ်-တံခွန်တိုင်ရွာ ဒီကျေးရွာ လေးရွာက ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာ ဆွေမျိုးနေအိမ်တွေမှာ ခိုအောင်းနေကြရပါတယ်။ မွန်-ကရင်နယ်စပ်မှာရှိတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်ရဲ့ ငြိမ်းချမ်းမြိုင်ရွာတောင်ပေါ်မှာ KNU ဂိတ်စခန်းတခုရှိနေပါတယ်။ အဲ့ဒီစခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးလိုက်တယ်လို့ ဒေသခံကပြောပါတယ်။

''အဲ့ဒီယာယီစခန်းကိုလည်း မီးရှို့လိုက်တယ်ပေါ့။ ပုလိန်ရွာရဲ့အထက် အပေါ်ဘက်ခြမ်းက ငြိမ်းချမ်းမြိုင်ရွာလေးပဲ သူတို့ဝင်လာတာ။ အဲ့ဒီတပ်စခန်းလေးကို သူတို့ မီးရှို့လိုက်တာပေါ့။ (တိုက်ပွဲ) မဖြစ်ပါဘူး။ အဲ့မှာက KNU ဘက်က သူတို့ရှောင်ပေးလိုက်တာပေါ့၊ စစ်ကောင်စီဘက်ကတော့ အင်အားနည်းနည်းများမယ်ထင်တယ် ဒီမှာ ကျနော်တို့ အဲ့ဒီဂိတ်မှာ ထိုင်နေတဲ့အဖွဲ့ကတော့ လူအင်အားနည်းဆိုတော့ သူတို့က ရှောင်လိုက်တယ်ဖြစ်မှာပေါ့။”

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းလာရာလမ်းတွေမှာ တွေ့တဲ့ရွာသားတွေကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“သူတို့ကဝင်လာပြီးချိန် တွေ့တဲ့လူတွေကတော့ သူတို့ ဖမ်းခေါ်ပြီးတော့ အရှေ့ လမ်းပြပေါ့ ပေးသွားခိုင်းတယ်ပေါ့။ အဲ့ဒီငြိမ်းချမ်းမြိုင်ကနေ လူတွေဖမ်းခေါ်လာရင် ပုလိန်ရောက်ရင် ပြန်လွှတ်တယ်။ ပုလိန်ရွာကနေ သူတို့ ပုလိန်ကလူတွေကို ဖမ်းခေါ်ပြီးရင် တံခွန်တိုင်ရောက်ရင်တော့ သူတို့ပြန်လွှတ်တယ်ပေါ့ အဲ့လိုမျိုး။ အကုန် လုံးက ကြောက်လန့်နေကြကုန်တယ်ပေါ့။ အကုန်လုံးက တယောက်မှ ရွာနားလေကပ်မရဲတော့ ရွာလည်း ပြန်မရဲတော့ အလုပ်လည်းမလုပ်ဘူး။”

မုဒုံမြို့နယ်ဘက်က ရာဘာခြံသမား အယောက်၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်ပြီးနောက် တချို့တော့ ပြန်လွတ်လာပါတယ်။ ပေါ်တာဆွဲခံခဲ့ရသူတွေအပြောအရ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ သဲအိတ်တွေ သယ်ဆောင်ပေးရတယ်လို့ ဆိုပါတယ်။

လက်ရှိချိန်မှာ စစ်ကောင်စီတပ်တွေဟာ ပုလိန်ရွာ၊ တံခွန်တိုင်ရွာတွေထဲမှာ တပ်စွဲ နေရာယူထားပြီး အချိန်မရွေး နှစ်ဘက်တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ရွာခံတွေက ပြောပါတယ်။ ဒီဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
#PDF #KNU #ကြာအင်းဆိပ်ကြီး #ပုလိန်ရွာ #ငြိမ်းချမ်းမြိုင်ရွာ #စစ်ကောင်စီတပ်
=============

XS
SM
MD
LG