သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးနဲ႔ စစ္ကိုင္းတိုင္းထဲက စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး 


MYANMAR-POLITICS/BURNINGAn aerial view of Bin village of the Mingin Township in Sagaing region after villagers say it was set ablaze by the Myanmar military, in Myanmar February 3, 2022. Picture taken February 3, 2022. Picture taken with a drone. REUTERS/

စစ္ေကာင္စီက မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းေတြက တခ်ိဳ႕ေနရာေတြမွာ နယ္ေျမရွင္းလင္းေရး ေတြ လုပ္ေနၿပီး မေကြးတိုင္း လက္ယက္မ ေက်းရြာ မွာေတာ့ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္ခြါသြားခ်ိန္မွာ မီးေလာင္ေသဆံုးေနတဲ့ ရြာသားေတြရဲ႕ ႐ုပ္အေလာင္းေတြ ေတြ႕ရတယ္လို႔ ရြာခံေတြက ေျပာပါတယ္။ ကိုရဲမြန္ ကေ ျပာျပေပးမွာပါ။

မေကြးနဲ႔ စစ္ကိုင္းတိုင္းထဲက စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းေရး

{{Zawgyi/Unicode}}
စစ္ေကာင္စီက မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းေတြက တခ်ိဳ႕ေနရာေတြမွာ နယ္ေျမရွင္းလင္းေရး ေတြ လုပ္ေနၿပီး မေကြးတိုင္း လက္ယက္မ ေက်းရြာ မွာေတာ့ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္ခြါသြားခ်ိန္မွာ မီးေလာင္ေသဆံုးေနတဲ့ ရြာသားေတြရဲ႕ ႐ုပ္အေလာင္းေတြ ေတြ႕ရတယ္လို႔ ရြာခံေတြက ေျပာပါတယ္။ စစ္ကိုင္းတိုင္းထဲက ကနီၿမိဳ႕နယ္မွာေတာ့ တိုက္ပြဲေတြဆက္ၿပီး ျဖစ္ပြါးေနပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ကိုရဲမြန္ ကေ ျပာျပေပးမွာပါ။

မေကြးတိုင္းေဒသႀကီး ၿမိဳင္ၿမိဳ႕နယ္ ထဲက အိမ္ေျခ ၁၈၀၀ ေက်ာ္ရွိတဲ့ လက္ယက္မ ေက်းရြာကို ေမလ ၁၄ ရက္ေန႔က စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လာၿပီး ေနအိမ္ေတြကို မီးရိႈ႕ခဲ့တဲ့အတြက္ ေနအိမ္ ၁၀၀၀ ေက်ာ္ မီးေလာင္ကြ်မ္းသြားၿပီး မတ္လ ၁၆ ရက္ တနလၤာေန႔အထိ မီးေလာင္ကြ်မ္းတဲ့ ေနအိမ္ေတြကို ၿငိမ္းသတ္ေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္ခြါ သြားတဲ့ မတ္လ ၁၅ ရက္ေန႔မွာေတာ့ မီးေလာင္ကြ်မ္းၿပီးေသဆံုးေနတဲ့ အရပ္သား ၂ ဦးကို ေတြ႕ခဲ့ရၿပီး မတ္လ ၁၆ ရက္ ေန႔လည္ပိုင္းမွာေတာ့ ေနာက္ထပ္ ၄ ေလာင္း ကို ေတြ႕ခဲ့ရတယ္လို႔ လက္ယက္မ ရြာသားတဦးက VOA ကို ေျပာပါတယ္။

“လက္ရွိအေနအထားအရ စစ္ေၾကာင္းက အနားပတ္၀န္းက်င္မွာရွိေနတဲ့အတြက္ မီးေလာင္တာ အတိအက်ေတာ့ မသိရေသးဘူး။ မီး၀င္ၿငိမ္းလိုက္ ျပန္ထြက္လိုက္ လုပ္ေနရတယ္။ ေတာက္ေလွ်ာက္၀င္ၿပီး ၿငိမ္းမရေသးဘူး အခုခ်ိန္ထိ။ လက္ရွိအခ်ိန္ထိ အိမ္ထဲကေတြ႕တာ လူေသအေလာင္း ၁ ေလာင္း အိမ္သာထဲမွာေတြ႕တာက ၁ ေလာင္း။ ေလာေလာဆယ္ ၂ ေလာင္းေတြ႕ထားတယ္။ ၁ ေလာင္္းက နဖူးမွာ ေသနတ္ဒဏ္ရာလိုမ်ိဳး ခြက္၀င္ေနတာ ေတြ႕ရတယ္ မီးေလာင္ၿပီး။ ေနာက္တေလာင္းက ဒဏ္ရာဒဏ္ခ်က္ေတာ့မေတြ႕ရဘူး။ မီးေလာင္ၿပီးေသေနတာ။ ကြ်န္ေတာ္တို႔ရြာရဲ႕ အေရွ႕ဘက္မွာ ကန္တကန္ရွိတယ္။ ဒီညေနမွသိရတာ အဲ့ကန္ေဘာင္ေပၚမွာ လူေသအေလာင္း ၄ ေလာင္း။ ဒီေန႔တင္မွ သတ္ထားတဲ့ပံုစံ။ အဲ့မွာ စစ္ေၾကာင္းကရွိေနေတာ့ ကြ်န္ေတာ္တို႔ သြားမသယ္ရဲဘူး။ အဲ့ ၄ ေလာင္းကို။ အဲ့ ၄ ေလာင္းထဲက ၁ ေလာင္းကိုေတာ့ ဘယ္သူဘယ္၀ါဆိုတာသိရၿပီ ။ က်န္တဲ့ ၃ ေယာက္က မသိရေသးဘူး။”

ေမ ၁၂ ရက္မွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေမ ၁၄ ရက္မွာစစ္ေကာင္စီက လက္ယက္မေက်းရြာထဲက ေနအိမ္ေတြကို မီးရိႈ႕ခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။ စစ္ေကာင္စီတပ္ေတြ ရြာက ျပန္လည္ထြက္ခါြသြားခ်ိန္မွာ ေဒသခံအခ်ိဳ႕ကိုလည္း ဖမ္းဆီးသြားတယ္လို႔လည္း ေျပာပါတယ္။ လက္ယက္မေက်းရြာသူ ေက်းရြာသားေတြဟာ နီးစပ္ရာ ေတာေတာင္ေတြထဲ ခိုလံႈေနရၿပီး အခုဆို သူတို႔ ေဒသမွာ ဒုကၡသည္ ဦးေရက ၆ ေထာင္နီးပါးရွိေနၿပီး အကူအညီေတြလည္း လိုအပ္ေနတယ္လို႔ ရြာသားေတြက ေျပာပါတယ္။

အနားက စစ္ကိုင္းတုိင္း ကနီၿမိဳ႕နယ္ထဲမွာလည္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြၾကား တိုက္ပြဲေတြ ၂ ရက္ဆက္တိုက္ ျဖစ္ပြါးေနတယ္လို႔ ကနီေဒသခံေတြက ေျပာပါတယ္။ ေမလ ၁၅ ရက္မွာ ေခ်ာင္းမရြာအနီးနဲ႔ ေမ ၁၆ ရက္မွာေတာ့ သမင္ၿခံေက်းရြာအနီးေတြမွာ တိုက္ပြဲေတြျဖစ္ပြားခဲ့တာလို႔ ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕တာ၀န္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“၁၅ ရက္ေန႔မွာ ေခ်ာင္းမရြာကို၀င္တယ္။ ေခ်ာင္းမရြာကို ခဏပဲ၀င္ၿပီး တခါတည္းျပန္ထြက္ေတာ့ ေခ်ာင္းမရြာအလြန္မွာ တိုက္ပြဲတပြဲျဖစ္တယ္။ မေန႔က စုစုေပါင္း ၃ ႀကိမ္ျဖစ္တယ္။ ဒီေန႔မနက္ခင္း ၆ နာရီခြဲေလာက္ တပြဲျဖစ္တယ္။ သမင္ၿခံရဲ႕အေရွ႕ဘက္မွာ သမင္ၿခံရြာရဲ႕ အေရွ႕ဘက္မွာျဖစ္တာ။ ေက်ာက္စိမ္းတင္လာတဲ့ Flat သေဘၤာေတြကလည္း ကေလး၀ဘက္ကေန ဆင္းလာၿပီ။ ကနီနယ္ကို ျမစ္ေၾကာင္းလံုၿခံဳေရးအတြက္ ကာဗာေပးတဲ့အေနနဲ႔ ကနီနယ္ကို လံုးဖို႔လို႔ ကြ်န္ေတာ္တို႔အေနနဲ႔ သံုးသပ္ထားတယ္။”

ခ်င္းတြင္းျမစ္ေၾကာင္းေပၚက ကနီၿမိဳ႕နယ္ထဲမွာရွိတဲ့ ေက်းရြာေတြကို စစ္ေကာင္စီက မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းေရး လုပ္ေနတာ ျဖစ္ပါတယ္။ ဒီခ်င္းတြင္းျမစ္ထဲ စစ္ေကာင္စီရဲ႕ ေက်ာက္စိမ္းနဲ႔ လက္နက္ ၊ ရိကၡာသယ္ယူတဲ့ သေဘၤာေတြဟာလည္း မၾကာမၾကာ အတိုက္ခိုက္ခံရတာပါ။

တိုက္႐ိုက္ လင့္ခ္

......................................................................

မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး

{{Zawgyi/Unicode}}
စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေက တချို့နေရာတွေမှာ နယ်မြေရှင်းလင်းရေး တွေ လုပ်နေပြီး မကွေးတိုင်း လက်ယက်မ ကျေးရွာ မှာတော့ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွါသွားချိန်မှာ မီးလောင်သေဆုံးနေတဲ့ ရွာသားတွေရဲ့ ရုပ်အလောင်းတွေ တွေ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက ကနီမြို့နယ်မှာတော့ တိုက်ပွဲတွေဆက်ပြီး ဖြစ်ပွါးနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုရဲမွန် ကေ ပြာပြပေးမှာပါ။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ထဲက အိမ်ခြေ ၁၈၀၀ ကျော်ရှိတဲ့ လက်ယက်မ ကျေးရွာကို မေလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၀၀၀ ကျော် မီးလောင်ကျွမ်းသွားပြီး မတ်လ ၁၆ ရက် တနင်္လာနေ့အထိ မီးလောင်ကျွမ်းတဲ့ နေအိမ်တွေကို ငြိမ်းသတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွါ သွားတဲ့ မတ်လ ၁၅ ရက်နေ့မှာတော့ မီးလောင်ကျွမ်းပြီးသေဆုံးနေတဲ့ အရပ်သား ၂ ဦးကို တွေ့ခဲ့ရပြီး မတ်လ ၁၆ ရက် နေ့လည်ပိုင်းမှာတော့ နောက်ထပ် ၄ လောင်း ကို တွေ့ခဲ့ရတယ်လို့ လက်ယက်မ ရွာသားတဦးက VOA ကို ပြောပါတယ်။

“လက်ရှိအနေအထားအရ စစ်ကြောင်းက အနားပတ်ဝန်းကျင်မှာရှိနေတဲ့အတွက် မီးလောင်တာ အတိအကျတော့ မသိရသေးဘူး။ မီးဝင်ငြိမ်းလိုက် ပြန်ထွက်လိုက် လုပ်နေရတယ်။ တောက်လျှောက်ဝင်ပြီး ငြိမ်းမရသေးဘူး အခုချိန်ထိ။ လက်ရှိအချိန်ထိ အိမ်ထဲကတွေ့တာ လူသေအလောင်း ၁ လောင်း အိမ်သာထဲမှာတွေ့တာက ၁ လောင်း။ လောလောဆယ် ၂ လောင်းတွေ့ထားတယ်။ ၁ လောင်းက နဖူးမှာ သေနတ်ဒဏ်ရာလိုမျိုး ခွက်ဝင်နေတာ တွေ့ရတယ် မီးလောင်ပြီး။ နောက်တလောင်းက ဒဏ်ရာဒဏ်ချက်တော့မတွေ့ရဘူး။ မီးလောင်ပြီးသေနေတာ။ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်မှာ ကန်တကန်ရှိတယ်။ ဒီညနေမှသိရတာ အဲ့ကန်ဘောင်ပေါ်မှာ လူသေအလောင်း ၄ လောင်း။ ဒီနေ့တင်မှ သတ်ထားတဲ့ပုံစံ။ အဲ့မှာ စစ်ကြောင်းကရှိနေတော့ ကျွန်တော်တို့ သွားမသယ်ရဲဘူး။ အဲ့ ၄ လောင်းကို။ အဲ့ ၄ လောင်းထဲက ၁ လောင်းကိုတော့ ဘယ်သူဘယ်ဝါဆိုတာသိရပြီ ။ ကျန်တဲ့ ၃ ယောက်က မသိရသေးဘူး။”

မေ ၁၂ ရက်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မေ ၁၄ ရက်မှာစစ်ကောင်စီက လက်ယက်မကျေးရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာက ပြန်လည်ထွက်ခါွသွားချိန်မှာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့လည်း ပြောပါတယ်။ လက်ယက်မကျေးရွာသူ ကျေးရွာသားတွေဟာ နီးစပ်ရာ တောတောင်တွေထဲ ခိုလှုံနေရပြီး အခုဆို သူတို့ ဒေသမှာ ဒုက္ခသည် ဦးရေက ၆ ထောင်နီးပါးရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ရွာသားတွေက ပြောပါတယ်။

အနားက စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ၂ ရက်ဆက်တိုက် ဖြစ်ပွါးနေတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။ မေလ ၁၅ ရက်မှာ ချောင်းမရွာအနီးနဲ့ မေ ၁၆ ရက်မှာတော့ သမင်ခြံကျေးရွာအနီးတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“၁၅ ရက်နေ့မှာ ချောင်းမရွာကိုဝင်တယ်။ ချောင်းမရွာကို ခဏပဲဝင်ပြီး တခါတည်းပြန်ထွက်တော့ ချောင်းမရွာအလွန်မှာ တိုက်ပွဲတပွဲဖြစ်တယ်။ မနေ့က စုစုပေါင်း ၃ ကြိမ်ဖြစ်တယ်။ ဒီနေ့မနက်ခင်း ၆ နာရီခွဲလောက် တပွဲဖြစ်တယ်။ သမင်ခြံရဲ့အရှေ့ဘက်မှာ သမင်ခြံရွာရဲ့ အရှေ့ဘက်မှာဖြစ်တာ။ ကျောက်စိမ်းတင်လာတဲ့ Flat သင်္ဘောတွေကလည်း ကလေးဝဘက်ကနေ ဆင်းလာပြီ။ ကနီနယ်ကို မြစ်ကြောင်းလုံခြုံရေးအတွက် ကာဗာပေးတဲ့အနေနဲ့ ကနီနယ်ကို လုံးဖို့လို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ထားတယ်။”

ချင်းတွင်းမြစ်ကြောင်းပေါ်က ကနီမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းရေး လုပ်နေတာ ဖြစ်ပါတယ်။ ဒီချင်းတွင်းမြစ်ထဲ စစ်ကောင်စီရဲ့ ကျောက်စိမ်းနဲ့ လက်နက် ၊ ရိက္ခာသယ်ယူတဲ့ သင်္ဘောတွေဟာလည်း မကြာမကြာ အတိုက်ခိုက်ခံရတာပါ။

XS
SM
MD
LG