သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေကြးတိုင္း ေဆာမွာ စစ္ေကာင္စီတပ္စြဲထားတဲ့ဌာနဆိုင္ရာ ႐ုံးေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြတိုက္ခိုက္


မေကြးတိုင္း ေဆာမွာ စစ္ေကာင္စီတပ္စြဲထားတဲ့ဌာနဆိုင္ရာ ႐ုံးေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြတိုက္ခိုက္ထားပံု။ (ေဖေဖၚဝါရီ ၄၊ ၂၀၂၂/ ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

မေကြးတိုင္း ေဆာမွာ စစ္ေကာင္စီတပ္စြဲထားတဲ့ဌာနဆိုင္ရာ ႐ုံးေတြကို ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြတိုက္ခိုက္

မေကြးတိုင္း ေဆာၿမိဳ႕မွာ စစ္ေကာင္စီတပ္စြဲထားတဲ့ဌာနဆိုင္ရာ႐ုံး အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြက ဒီေန႔ အေစာပိုင္းက တၿပိဳင္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ေဆာၿမိဳ႕နယ္ထဲက ေလာင္းရွည္ေက်း႐ြာမွာေတာ့ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး ပစ္ခတ္မႈအတြင္း အရပ္သား ၁ ဦးေသဆုံးခဲ့ပါတယ္။ ေဆာၿမိဳ႕နဲ႔ ေလာင္းရွည္ ေက်း႐ြာေတြဘက္ တိုက္ခိုက္ခံရမႈမွာ ႐ုံးဌာန ၈ ခုနဲ႔ လူေနအိမ္ ၂ လုံး တိုက္ခိုက္ ဖ်က္စီးခံရတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

မေကြးတိုင္း၊ ေဆာၿမိဳ႕လယ္ေခါင္မွာ ေဒသခံစစ္ေကာင္စီတပ္ေတြ တပ္စြဲထားတဲ့ ဌာနဆိုင္ရာ႐ုံးေတြကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႔ဝင္ေတြ ဒီကေန႔ ေဖေဖာ္ဝါရီ ၄ ရက္ မနက္အေစာပိုင္းမွာ တၿပိဳင္နက္တည္း ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ေထြအုပ္႐ုံး၊ ဦးဖိုးလႈိင္ခန္းမ၊ ရဲစခန္းစတဲ့ေနရာေတြကို ဝင္ေရာက္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး လူဝင္မႈႀကီးၾကပ္ေရး႐ုံး၊ သစ္ေတာ႐ုံး၊ စိုက္ပ်ိဳးေရး ႐ုံးေတြအျပင္ ေဆာၿမိဳ႕ USDP နဲ႔ စားေသာက္ဆိုင္တဆိုင္ကို မီးရႈိ႕ ဖ်က္စီးခဲ့ၾကပါတယ္။ ဒီေန႔မနက္ တိုက္ခိုက္ မႈနဲ႔ပတ္သက္လို႔ ေဆာ PDF တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“၄ နာရီ ၅၀ မွာ က်ေနာ္တို႔ စၿပီးဝင္စီးခဲ့တယ္။ ဝင္စီးၿပီးေတာ့မွ စျဖစ္တာေတာ့ စစ္ေကာင္စီတပ္စြဲထားတဲ့ ေထြအုပ္႐ုံးရယ္ ဦးဖိုးလႈိင္ခန္းမရယ္၊ ရဲစခန္းရယ္၊ ဒီ ၃ ေနရာကို လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ၾကတာခင္ဗ်။ ပထမဆုံး စျဖစ္တာေပါ့။ ေနာက္ၿပီး ႐ုံးအေဆာက္အဦးေတြ စကစ လက္ထက္ကလုပ္တဲ့ စာ႐ြက္စာတမ္း၊ မွတ္တမ္းမွတ္ ရာေတြအကုန္လုံးကို မီးရႈိ႕ဖ်က္စီးဖို႔ဆိုၿပီး က်ေနာ္တို႔က Mission ဆြဲခဲ့တာေပါ့။ ဘယ္လိုေျပာမလဲ- ၿခိမ္းေျခာက္တာ ေတာ္ေတာ္ႀကီးမ်ားတယ္ဗ်။ “ဘယ္လိုလုပ္ပစ္လိုက္မယ္၊ ငါတို႔က မလုပ္ခ်င္ေသးလို႔ထားတာ။ ဒါမ်ိဳးေတြ ခဏခဏ ထြက္လာတာခင္ဗ်။ ဘယ္လိုလုပ္လို႔ရတယ္။ မဖမ္းခ်င္ေသးလို႔...” (အဲလို) စကားေတြ ခဏခဏ ထြက္လာတဲ့အခါမွာ ၿမိဳ႕ေနလူထုက စိတ္မခ်မ္းသာေတာ့ဘူး။ အဲ့လိုဆိုရင္ က်ေနာ္တို႔က လုံးဝလက္မခံႏိုင္ေတာ့ဘူး။ အစကတည္းက က်ေနာ္တို႔က အစီအစဥ္ ရွိတယ္။ ၿမိဳ႕ေနလူထု ျပည္သူလူထုေတြ အထိတ္တလန႔္ျဖစ္သြားမွာေၾကာင့္ ဘာမွမလုပ္ဘဲ ဒီတိုင္းထားခဲ့တာ။ ၿမိဳ႕ေပၚကလြဲရင္ က်န္တဲ့ေနရာေတြ က်ေနာ္တို႔ ထိန္းခ်ဳပ္ႏိုင္ၿပီ။ ဒီအခ်ိန္မွာ ၿမိဳ႕ျပစစ္ပြဲလည္း စဖို႔အခ်ိန္က်ၿပီထင္လို႔ က်ေနာ္တို႔ ၿမိဳ႕ေပၚကို စၿပီး တက္ခဲ့တာပါ။”

CDM မလုပ္တဲ့ ဝန္ထမ္းေတြကို ေဆာၿမိဳ႕နယ္ကေန ေဖေဖာ္ဝါရီ ၅ ရက္ ေနာက္ဆုံးထား ထြက္သြားဖို႔ သတိေပးထားတယ္လို႔လည္း ဆိုပါတယ္။ အခုလို ေဆာၿမိဳ႕ေပၚမွာ တိုက္ခိုက္သလို ေဆာၿမိဳ႕ရဲ႕ ေတာင္ဘက္ ၁၂ မိုင္ေဝးတဲ့ ေလာင္းရွည္ေက်း႐ြာမွာလည္း စစ္ေကာင္စီတပ္နဲ႔ ေလာင္းရွည္ကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သား တဦးေသဆုံးၿပီး တဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ေဆာၿမိဳ႕နယ္ ျပည္သူ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕က အတည္ျပဳေျပာပါတယ္။

ေဆာၿမိဳ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြ စုေပါင္းဖြဲ႔ထားၾကတာျဖစ္ပါတယ္။

“က်ေနာ္တို႔ ေလာင္းရွည္ PDF က ေလာင္းရွည္ရဲစခန္းကို အေဝးကေန လွမ္းထုတယ္ေပါ့ေနာ္။ အဲ့လိုထုတာကို စစ္ေကာင္စီဘက္က ႐ြာေပၚကို လက္နက္ႀကီးနဲ႔ ရမ္းသမ္းထုတဲ့အခါမွာ အရပ္သားတေယာက္ ဆုံးပါးသြားတယ္။ တေယာက္က ထိခိုက္ဒဏ္ရာ ရသြားတယ္။”

ေဆာၿမိဳ႕နယ္ထဲမွာ ဒီကေန႔ မနက္ပိုင္းက ႐ုံးဌာန ၈ ခု၊ ႀကံ့ခိုင္ေရးပါတီ႐ုံး ၁ ခု၊ လူေနအိမ္ ၂ လုံးတို႔ိ တိုက္ခိုက္ခံရတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ပါတယ္။ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ က်ပ္သိန္း ၂,၀၀၀ ဖိုးေလာက္ ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ဆိုပါတယ္။ ထိခိုက္ဒဏ္ရာရသူေတြေတာ့ မရွိခဲ့ဘဲ နယ္ေျမလုံၿခဳံေရးအတြက္ လုံၿခဳံေရး တပ္ဖြဲ႔ဝင္ေတြက ဆက္လက္ ေဆာင္႐ြက္ေနတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ မေကြးတိုင္း ေဆာၿမိဳ႕နယ္ထဲမွာ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား ၂၀၂၁ ဒီဇင္ဘာလတုန္းက တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း ေဆာၿမိဳ႕နယ္ကို ကုန္စည္စီးဆင္းတဲ့ လမ္းေၾကာင္းျဖစ္တဲ့ ေပါက္ၿမိဳ႕နယ္ သရက္ေတာဂိတ္မွာ စစ္ေကာင္စီက တင္းၾကပ္စြာ စစ္ေဆးေနၿပီး ကုန္စည္ေတြကို အကန႔္အသတ္နဲ႔သာ သယ္ေဆာင္ခြင့္ျပဳေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မကွေးတိုင်း ဆောမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာ ရုံးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်

မကွေးတိုင်း ဆောမြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ဌာနဆိုင်ရာရုံး အပါအဝင် နေရာတော်တော်များများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဒီနေ့ အစောပိုင်းက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဆောမြို့နယ်ထဲက လောင်းရှည်ကျေးရွာမှာတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း အရပ်သား ၁ ဦးသေဆုံးခဲ့ပါတယ်။ ဆောမြို့နဲ့ လောင်းရှည် ကျေးရွာတွေဘက် တိုက်ခိုက်ခံရမှုမှာ ရုံးဌာန ၈ ခုနဲ့ လူနေအိမ် ၂ လုံး တိုက်ခိုက် ဖျက်စီးခံရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မကွေးတိုင်း၊ ဆောမြို့လယ်ခေါင်မှာ ဒေသခံစစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဌာနဆိုင်ရာရုံးတွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထွေအုပ်ရုံး၊ ဦးဖိုးလှိုင်ခန်းမ၊ ရဲစခန်းစတဲ့နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးရုံး၊ သစ်တောရုံး၊ စိုက်ပျိုးရေး ရုံးတွေအပြင် ဆောမြို့ USDP နဲ့ စားသောက်ဆိုင်တဆိုင်ကို မီးရှို့ ဖျက်စီးခဲ့ကြပါတယ်။ ဒီနေ့မနက် တိုက်ခိုက် မှုနဲ့ပတ်သက်လို့ ဆော PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“၄ နာရီ ၅၀ မှာ ကျနော်တို့ စပြီးဝင်စီးခဲ့တယ်။ ဝင်စီးပြီးတော့မှ စဖြစ်တာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ ထွေအုပ်ရုံးရယ် ဦးဖိုးလှိုင်ခန်းမရယ်၊ ရဲစခန်းရယ်၊ ဒီ ၃ နေရာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြတာခင်ဗျ။ ပထမဆုံး စဖြစ်တာပေါ့။ နောက်ပြီး ရုံးအဆောက်အဦးတွေ စကစ လက်ထက်ကလုပ်တဲ့ စာရွက်စာတမ်း၊ မှတ်တမ်းမှတ် ရာတွေအကုန်လုံးကို မီးရှို့ဖျက်စီးဖို့ဆိုပြီး ကျနော်တို့က Mission ဆွဲခဲ့တာပေါ့။ ဘယ်လိုပြောမလဲ- ခြိမ်းခြောက်တာ တော်တော်ကြီးများတယ်ဗျ။ “ဘယ်လိုလုပ်ပစ်လိုက်မယ်၊ ငါတို့က မလုပ်ချင်သေးလို့ထားတာ။ ဒါမျိုးတွေ ခဏခဏ ထွက်လာတာခင်ဗျ။ ဘယ်လိုလုပ်လို့ရတယ်။ မဖမ်းချင်သေးလို့...” (အဲလို) စကားတွေ ခဏခဏ ထွက်လာတဲ့အခါမှာ မြို့နေလူထုက စိတ်မချမ်းသာတော့ဘူး။ အဲ့လိုဆိုရင် ကျနော်တို့က လုံးဝလက်မခံနိုင်တော့ဘူး။ အစကတည်းက ကျနော်တို့က အစီအစဉ် ရှိတယ်။ မြို့နေလူထု ပြည်သူလူထုတွေ အထိတ်တလန့်ဖြစ်သွားမှာကြောင့် ဘာမှမလုပ်ဘဲ ဒီတိုင်းထားခဲ့တာ။ မြို့ပေါ်ကလွဲရင် ကျန်တဲ့နေရာတွေ ကျနော်တို့ ထိန်းချုပ်နိုင်ပြီ။ ဒီအချိန်မှာ မြို့ပြစစ်ပွဲလည်း စဖို့အချိန်ကျပြီထင်လို့ ကျနော်တို့ မြို့ပေါ်ကို စပြီး တက်ခဲ့တာပါ။”

CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ဆောမြို့နယ်ကနေ ဖေဖော်ဝါရီ ၅ ရက် နောက်ဆုံးထား ထွက်သွားဖို့ သတိပေးထားတယ်လို့လည်း ဆိုပါတယ်။ အခုလို ဆောမြို့ပေါ်မှာ တိုက်ခိုက်သလို ဆောမြို့ရဲ့ တောင်ဘက် ၁၂ မိုင်ဝေးတဲ့ လောင်းရှည်ကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ လောင်းရှည်ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပြောပါတယ်။

ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းဖွဲ့ထားကြတာဖြစ်ပါတယ်။

“ကျနော်တို့ လောင်းရှည် PDF က လောင်းရှည်ရဲစခန်းကို အဝေးကနေ လှမ်းထုတယ်ပေါ့နော်။ အဲ့လိုထုတာကို စစ်ကောင်စီဘက်က ရွာပေါ်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းထုတဲ့အခါမှာ အရပ်သားတယောက် ဆုံးပါးသွားတယ်။ တယောက်က ထိခိုက်ဒဏ်ရာ ရသွားတယ်။”

ဆောမြို့နယ်ထဲမှာ ဒီကနေ့ မနက်ပိုင်းက ရုံးဌာန ၈ ခု၊ ကြံ့ခိုင်ရေးပါတီရုံး ၁ ခု၊ လူနေအိမ် ၂ လုံးတို့ိ တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၂,၀၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘဲ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆက်လက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မကွေးတိုင်း ဆောမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ၂၀၂၁ ဒီဇင်ဘာလတုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆောမြို့နယ်ကို ကုန်စည်စီးဆင်းတဲ့ လမ်းကြောင်းဖြစ်တဲ့ ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေပြီး ကုန်စည်တွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ပြုနေပါတယ်။
=================

XS
SM
MD
LG