သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းတို႔မွာ စစ္ေကာင္စီနဲ႔ PDF တိုက္ပြဲျဖစ္


စစ္ကိုင္းတုိင္းထဲမွာေတြ႔ရတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္အတြင္းနဲ႔ မႏၱေလးတိုင္း မိုးကုတ္ၿမိဳ႕တို႔မွာ စစ္တပ္နဲ႔ ျပည္သူ႔ ကာကြယ္ေရးတပ္ေတြၾကား မေန႔ ႏုိဝင္ဘာ ၁၅ ရက္က တိုက္ခိုက္မႈေတြ႐ွိခဲ့ပါတယ္။ ပုလဲနဲ႔ မုိးကုတ္မွာ တိုက္ခိုက္မႈေတြျဖစ္ခဲ့တယ္ဆုိတာ စစ္ေကာင္စီဘက္က အတည္ျပဳေပမဲ့ ထိခိုက္ဒဏ္ရာရမႈ မ႐ွိဘူးလို႔ ဗီြအိုေအကို ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကိုကတင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕နယ္ထဲမွာ စစ္တပ္ယာဥ္တန္းေတြကို ေဒသခံကာကြယ္ေရးအဖဲြ႔ေတြက ႏိုဝင္ဘာလ ၁၅ ရက္ တနလၤာေန႔က မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔ ေျပာပါတယ္။ ၃ ႀကိမ္ထက္မနည္း တိုက္ခိုက္ခဲ့တယ္လို႔ ပုလဲၿမိဳ႕ နယ္ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ PPDF ေခါင္းေဆာင္တဦးျဖစ္တဲ့ကိုနဂါးက ခုလိုေျပာျပပါတယ္။

"(၉)နာရီေလာက္ျဖစ္တာကေတာ့ ဒီပုလဲၿမိဳ႕နယ္ထဲက ဒီေက်ာက္စလင္းေတာင္ဆိုတာရွိတယ္။ ေက်ာက္စလင္းေတာင္ကအဆင္းမွာ ျမစ္က်တံတားအနားမွာ ပေဒသာမိုင္းတြဲထားတဲ့ဟာကို သူတို႔ကဒီဟာကို ရွင္းလင္းဖို႔ ႀကိဳးစားေနတုန္းခြဲခ်လိုက္တယ္။ အဲဒါကတႀကိမ္ေပါ့။ (၁၂) နာရီမွာက်ေတာ့ နဂါးမေတာင္ရဲ႕ အေနာက္ဘက္နားေလာက္မွာ ေက်ာက္ပုံေကြးအနားမွာ ဒီေကာင္ေတြက ယာဥ္တန္းယာဥ္စစ္ေဆးေရး အဖြဲ႔ေတြ တက္လာတုန္း အေဝးကေန မိုင္းတလုံးခြဲၿပီး လွန္႔ထုတ္လိုက္ေတာ့ အဲဒီမွာ က်ေနာ္တို႔ကအသင့္ သူတို႔ဆင္းနိုင္ေခ်ရွိတဲ့ေနရာေတြကို တိုက္မိုင္းေတြ.. တိုက္မိုင္း (၆)လုံး၊တိုက္မိုင္းကြင္းထဲမွာပဲ ေတာ္ေတာ္မ်ားမ်ားထိၾကတယ္။ ေနာက္ တႀကိမ္ျဖစ္တာက ကန႔္ေဒါင့္ရြာရဲ႕အေရွ႕ဘက္နားမွာ သရက္ကန္ လမ္းခြဲအနားမွာေပါ့။ ဒီေတာေတြထဲမွာျဖန္႔ၿပီးေတာ့ တိုက္မိုင္းေတြ ဆြဲမိုင္းေတြခင္းထားတယ္။ မေန႔ကလည္း စစ္ေကာင္စီ တပ္ဖြဲ႔ဝင္ (၉)ေယာက္က ဒီမိုင္းကြင္းထဲေရာက္လာတဲ့အခ်ိန္မွာ ဆြဲခ်လိုက္တယ္တတိယအခ်ီက။ စတုတၳအခ်ီက သေျပကုန္းလမ္းခြဲနဲ႔ ဦးေႏွာက္လမ္းခြဲအၾကားမွာ။ မိုင္းက (၁၄)လုံး။ တဘက္ပြင့္ စိန္ေျပာင္းက (၄)လုံးေပါ့။ အဲဒါေတြ ကားလမ္းမွာ ခြဲခ်လိုက္တာ ကား (၅) စီးရွိတယ္။ (၃) စီးကေတာ့ သူတို႔ မေန႔ကဆြဲသြားတယ္။ ႏွစ္စီးက ဒီေန႔အထိ ဆြဲမသြားနိုင္ေသးဘူး။"

ခုလိုတိုက္ခိုက္မႈေတြအတြင္း သူတုိ႔ဘက္က အနည္းအက်ဥ္းသာ ထိခိုက္ေပမဲ့ စစ္ေကာင္ စီဘက္က ဆယ္ဂဏန္း က်ခဲ့ပံုရတယ္လို႔ေျပာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ပုလဲၿမိဳ႕နယ္ထဲမွာ တုိက္ပြဲေတြျဖစ္တယ္ဆိုတာ အတည္ျပဳေပမဲ့ စစ္တပ္ဘက္က ေသဆံုးမႈ မ႐ွိဘူးလို႔ေျပာပါတယ္။

"ပုလဲမွာေတာ့ သဖန္းဆိပ္ဆည္အေနာက္ျခမ္း ေမာ္ကြယ္ရြာအေနာက္ေတာင္ဘက္ မီတာ (၄၀၀၀) ေလာက္မွာေတာ့ အဲဒီမွာေတာ့ CDF နဲ႔ KIA တို႔ပဲ သိရတယ္။ KIA (၂၀) ေလာက္နဲ႔ပစ္ခတ္တာလို႔ေတာ့သိရတယ္။ ထိခိုက္ဒဏ္ရာရမွဳေတာ့မရွိဘူး။ ၿပီးရင္ ဟိုဘက္ ခင္ဦးဘက္မွာ ျဖစ္ခဲ့တာရွိတယ္။ ႀကံေတာရြာအနီးမွာေတာ့ ခင္ဦးဘက္မွာ ျဖစ္ခဲ့တာရွိတယ္။ အဲဒီမွာေတာ့ သူတို႔ဆီက လက္လုပ္စိန္ေျပာင္းကို သူတို႔ဆီက ေသနတ္ေတြ ရလိုက္တာရွိတယ္။ အဲဒီျဖစ္စဥ္ႏွစ္ခုပဲ ရွိတယ္။"

မုံရြာ၊ ပခုကၠဴ၊ ေယာ-ဂန႔္ေဂါတို႔ဘက္က စစ္ေကာင္စီတပ္အင္အား ၅၀၀ ေလာက္ကို ႏိုဝင္ဘာ ဒုတိယပတ္ေလာက္ကစၿပီး ပုလဲၿမိဳ႕နယ္ဘက္မွာ စစ္အင္အားျဖည့္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုလို စစ္ကိုင္းတုိင္းထဲမွာ တိုက္ခိုက္မႈေတြ႐ွိခဲ့သလို မႏၱေလးတုိင္းထဲက မိုးကုတ္ျမိဳ႕မွာလည္း မေန႔က နိုဝင္ဘာ (၁၅) ရက္ေန႔က တိုက္ခုိက္ မႈေတြ႐ွိခဲ့ပါတယ္။ မိုးကုတ္ၿမိဳ႕ အထက ၁ အနီးနဲ႔ မိုးကုတ္ရဲစခန္းအနီး ၂ ေနရာမွာ ပတၱျမားေျမ PDF အဖြဲ႔က ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မိုးကုတ္ၿမိဳ႕အတြင္းပစ္ခတ္မွဳအေျခအေနနဲ႔ ပက္သက္လို႔ အခုလိုေျပာပါတယ္။

"မိုးကုတ္ဘက္မွာေတာ့ ဟိုကဆုတ္ရြာအနားေလးမွာေတာ့ အင္အား (၃၀) ေလာက္နဲ႔ ညေနပိုင္းမွာ ထိေတြ႔မွဳျဖစ္ခဲ့တာရွိတယ္။ ထိခိုက္မွဳေတာ့မရွိပါဘူး။ "

မေန႔တုန္းက ၿမိဳ႕ထဲမွာ ပစ္ခတ္တိုက္ခိုက္သံေတြ ၾကားရေပမဲ့ ဒီေန႔ အဂၤါေန႔မွာေတာ့ မိုးကုတ္ၿမိဳ႕မွာ အေျခအေနေတြ တည္ၿငိမ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


============

{Unicode}}

စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တို့မှာ စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကြား မနေ့ နိုဝင်ဘာ ၁၅ ရက်က တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ ပုလဲနဲ့ မိုးကုတ်မှာ တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်ဆိုတာ စစ်ကောင်စီဘက်က အတည်ပြုပေမဲ့ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကိုကိုကျော်ကျော်သိန်းကတင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာ စစ်တပ်ယာဉ်တန်းတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက နိုဝင်ဘာလ ၁၅ ရက် တနင်္လာနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF ခေါင်းဆောင်တဦးဖြစ်တဲ့ကိုနဂါးက ခုလိုပြောပြပါတယ်။

"(၉)နာရီလောက်ဖြစ်တာကတော့ ဒီပုလဲမြို့နယ်ထဲက ဒီကျောက်စလင်းတောင်ဆိုတာရှိတယ်။ ကျောက်စလင်းတောင်ကအဆင်းမှာ မြစ်ကျတံတားအနားမှာ ပဒေသာမိုင်းတွဲထားတဲ့ဟာကို သူတို့ကဒီဟာကို ရှင်းလင်းဖို့ ကြိုးစားနေတုန်းခွဲချလိုက်တယ်။ အဲဒါကတကြိမ်ပေါ့။ (၁၂) နာရီမှာကျတော့ နဂါးမတောင်ရဲ့ အနောက်ဘက်နားလောက်မှာ ကျောက်ပုံကွေးအနားမှာ ဒီကောင်တွေက ယာဉ်တန်းယာဉ်စစ်ဆေးရေး အဖွဲ့တွေ တက်လာတုန်း အဝေးကနေ မိုင်းတလုံးခွဲပြီး လှန့်ထုတ်လိုက်တော့ အဲဒီမှာ ကျနော်တို့ကအသင့် သူတို့ဆင်းနိုင်ချေရှိတဲ့နေရာတွေကို တိုက်မိုင်းတွေ.. တိုက်မိုင်း (၆)လုံး၊တိုက်မိုင်းကွင်းထဲမှာပဲ တော်တော်များများထိကြတယ်။ နောက် တကြိမ်ဖြစ်တာက ကန့်ဒေါင့်ရွာရဲ့အရှေ့ဘက်နားမှာ သရက်ကန် လမ်းခွဲအနားမှာပေါ့။ ဒီတောတွေထဲမှာဖြန့်ပြီးတော့ တိုက်မိုင်းတွေ ဆွဲမိုင်းတွေခင်းထားတယ်။ မနေ့ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၉)ယောက်က ဒီမိုင်းကွင်းထဲရောက်လာတဲ့အချိန်မှာ ဆွဲချလိုက်တယ်တတိယအချီက။ စတုတ္ထအချီက သပြေကုန်းလမ်းခွဲနဲ့ ဦးနှောက်လမ်းခွဲအကြားမှာ။ မိုင်းက (၁၄)လုံး။ တဘက်ပွင့် စိန်ပြောင်းက (၄)လုံးပေါ့။ အဲဒါတွေ ကားလမ်းမှာ ခွဲချလိုက်တာ ကား (၅) စီးရှိတယ်။ (၃) စီးကတော့ သူတို့ မနေ့ကဆွဲသွားတယ်။ နှစ်စီးက ဒီနေ့အထိ ဆွဲမသွားနိုင်သေးဘူး။"

ခုလိုတိုက်ခိုက်မှုတွေအတွင်း သူတို့ဘက်က အနည်းအကျဉ်းသာ ထိခိုက်ပေမဲ့ စစ်ကောင် စီဘက်က ဆယ်ဂဏန်း ကျခဲ့ပုံရတယ်လို့ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ အတည်ပြုပေမဲ့ စစ်တပ်ဘက်က သေဆုံးမှု မရှိဘူးလို့ပြောပါတယ်။

"ပုလဲမှာတော့ သဖန်းဆိပ်ဆည်အနောက်ခြမ်း မော်ကွယ်ရွာအနောက်တောင်ဘက် မီတာ (၄၀၀၀) လောက်မှာတော့ အဲဒီမှာတော့ CDF နဲ့ KIA တို့ပဲ သိရတယ်။ KIA (၂၀) လောက်နဲ့ပစ်ခတ်တာလို့တော့သိရတယ်။ ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူး။ ပြီးရင် ဟိုဘက် ခင်ဦးဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ ကြံတောရွာအနီးမှာတော့ ခင်ဦးဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာတော့ သူတို့ဆီက လက်လုပ်စိန်ပြောင်းကို သူတို့ဆီက သေနတ်တွေ ရလိုက်တာရှိတယ်။ အဲဒီဖြစ်စဉ်နှစ်ခုပဲ ရှိတယ်။"

မုံရွာ၊ ပခုက္ကူ၊ ယော-ဂန့်ဂေါတို့ဘက်က စစ်ကောင်စီတပ်အင်အား ၅၀၀ လောက်ကို နိုဝင်ဘာ ဒုတိယပတ်လောက်ကစပြီး ပုလဲမြို့နယ်ဘက်မှာ စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို စစ်ကိုင်းတိုင်းထဲမှာ တိုက်ခိုက်မှုတွေရှိခဲ့သလို မန္တလေးတိုင်းထဲက မိုးကုတ်မြို့မှာလည်း မနေ့က နိုဝင်ဘာ (၁၅) ရက်နေ့က တိုက်ခိုက် မှုတွေရှိခဲ့ပါတယ်။ မိုးကုတ်မြို့ အထက ၁ အနီးနဲ့ မိုးကုတ်ရဲစခန်းအနီး ၂ နေရာမှာ ပတ္တမြားမြေ PDF အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မိုးကုတ်မြို့အတွင်းပစ်ခတ်မှုအခြေအနေနဲ့ ပက်သက်လို့ အခုလိုပြောပါတယ်။

"မိုးကုတ်ဘက်မှာတော့ ဟိုကဆုတ်ရွာအနားလေးမှာတော့ အင်အား (၃၀) လောက်နဲ့ ညနေပိုင်းမှာ ထိတွေ့မှုဖြစ်ခဲ့တာရှိတယ်။ ထိခိုက်မှုတော့မရှိပါဘူး။ "

မနေ့တုန်းက မြို့ထဲမှာ ပစ်ခတ်တိုက်ခိုက်သံတွေ ကြားရပေမဲ့ ဒီနေ့ အင်္ဂါနေ့မှာတော့ မိုးကုတ်မြို့မှာ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မိုးကုတ်#မိုင်းဆွဲတိုက်ခိုက်#စစ်ကိုင်း၊ပုလဲ#KIA#CDF#PDF

============

XS
SM
MD
LG