သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမစ္ေျခၿမိဳ႕ စစ္တပ္ ျမင္းေမြးျမဴေရးစခန္း ေဒသခံ PDF ေတြ ဝင္တိုက္


မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕နယ္ ျမစ္ေျခၿမိဳ႕မွာ႐ွိတဲ့ ျမန္မာစစ္တပ္ရဲ႕ ျမင္းေမြးျမဴေရးတပ္ကို ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြ ပူးေပါင္းၿပီး ဒီကေန႔ ဝင္ေရာက္ တိုက္ခိုက္ခဲ့ၿပီး၊ စစ္တပ္က ေလေၾကာင္းက ျပန္တိုက္ခိုက္တာေၾကာင့္ ႏွစ္ဘက္ တိုက္ပြဲေတြ ျပင္းထန္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံေတြ အမ်ားအျပား ထြက္ေျပးတိမ္းေ႐ွာင္ေနရပါတယ္။ ျမစ္ေျခၿမိဳ႕က ေနာက္ဆံုးအေျခအေနကို တင္ျပထားပါတယ္။

မေကြးတိုင္း ပခုကၠဴၿမိဳ႕နယ္ ျမစ္ေျခၿမိဳ႕ အမွတ္ (၅) ရပ္ကြက္မွာ႐ွိတဲ့ ျမန္မာစစ္တပ္ရဲ႕ ျမင္းေမြးျမဴေရးစခန္းေဒသအေခၚ BBI တပ္ကို ေဒသခံ၊ ပူးေပါင္းကာကြယ္ေရး တပ္ဖြဲ႔ေတြက ေဖေဖာ္ဝါရီ ၁၁ ရက္ မနက္လင္းအားႀကီးအခ်ိန္မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။

တိုက္ပြဲဟာ မနက္ ၆ နာရီကေန ၈ နာရီေက်ာ္အထိ ၾကာျမင့္ၿပီး စစ္တပ္ဘက္က ဂ်က္ေလယာဥ္ေတြနဲ႔ လာေရာက္ ဗံုးႀကဲတိုက္ခိုက္တာ ႐ွိခဲ့တယ္လို႔ ပါဝင္တိုက္ခိုက္ခဲ့တဲ့ ေဒါင္းရင္ေသြးအဖြဲ႔က ကိုေက်ာ္ႀကီးက အခုလို ေျပာျပပါတယ္။

“ျမစ္ေျခၿမိဳ႕ အမွတ္ (၅) ရပ္ကြက္နားေပါ့။ ေမြးျမဴေရးတပ္ေပါ့။ ဒီေကာင္ေတြရဲ႕ ျမင္းေမြးျမဴေရးတပ္ေပါ့။ ၆ နာရီေလာက္ကေန စတိုက္လိုက္တာ ၈ နာရီထိုးၿပီးခ်ိန္မွာ ျပန္ဆုတ္ခြါခဲ့ရတယ္။ အေပၚမွာ ေလယာဥ္ဝဲလို႔မို႔လို႔ လာၿပီးပစ္ခတ္လို႔မို႔လို႔ ကြၽန္ေတာ္တို႔မွာ ျပန္ၿပီး ဆုတ္ခြါခဲ့ရတယ္။ ကြၽန္ေတာ္တို႔ဆုတ္ၿပီး ခဏၾကာေတာ့ သူတို႔က ေလယာဥ္ထြက္လာတယ္။ တပ္ကူေတြေကာ ထြက္လာတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔က ျပန္ဆုတ္ခြါလိုက္တာ။ ဘယ္ေနရာေတြကို ႀကဲလဲဆိုရင္ အဲ့ BBI အနီးဝန္းက်င္ ေတာအုပ္ထူထပ္တဲ့ေနရာေတြကို ႀကဲခ်သြားတာ။ ေသဆုံးမႈေတြက ၇ ဦး ႐ွိခဲ့တယ္။ စစ္ေကာင္စီဘက္က”

တိုက္ပြဲေၾကာင့္ တပ္အနီးမွာ႐ွိတဲ့ သိမ္ေတာ္၊ ေညာင္နီပင္၊ ေညာင္လွ၊ အိုင္ႀကီး၊ ေပါက္ေတာစတဲ့ ေက်း႐ြာ ၅ ႐ြာထက္ မနည္းက ေဒသခံေတြ တိမ္းေ႐ွာင္ေနၾကရပါတယ္။ လက္႐ွိမွာ ျမင္းေမြးျမဴေရးတပ္စခန္းမွာ သံခ်ပ္ကာကားေတြ အပါအဝင္ တပ္အင္အား ထပ္ျဖည့္တင္းထားတဲ့အတြက္ ေဒသခံေတြ ေနရပ္ျပန္ဖို႔ အခက္အခဲ ျဖစ္ေနပါတယ္။

ညေနပိုင္းမွာပဲ ေဒသခံေတြ တိမ္းေ႐ွာင္တဲ့ဘက္ေတြကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာ႐ွိတယ္လို႔ တိမ္းေ႐ွာင္ေနရတဲ့ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“လူဦးေရအေနနဲ႔ကေတာ့ မေျပာတတ္ဘူး ႐ြာနဲ႔ခ်ီဆိုရင္ ၄/၅/၁၀ ႐ြာေလာက္က ေျပးေနရတယ္။ အခုသူတို႔က လက္နက္အင္အားေတြလည္း ထပ္ျဖည့္ေနတယ္။ ထပ္ၿပီးေတာ့ တပ္စြဲဖို႔လည္း ရိကၡာကားေတြေကာ ထပ္ေရာက္လာတယ္။ အင္အားေတြေကာ ထပ္ျဖည့္ေနတာ။ လက္နက္ႀကီးေတြနဲ႔လည္း ညေနပိုင္းမွာ ရမ္းသမ္းပစ္တယ္။ ျပည္သူေတြေ႐ွာင္တဲ့ဘက္ေတြ ႐ြာဘက္ေတြ အဲ့လိုေတြေလွ်ာက္ပစ္ေနတာ။ ေဒသခံေတြက ျပန္ဖို႔က ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္ေနတယ္။ တိမ္းေ႐ွာင္ရတဲ့ေနရာၾကေတာ့လည္း ေတာ္ေတာ္ေလး စိုးရိမ္ရတဲ့ အေနအထားေတာ့ ႐ွိတယ္။”

ေဒသခံေတြဟာ တိုက္ပြဲျဖစ္ျဖစ္ခ်င္း တိမ္းေ႐ွာင္လာရတာေၾကာင့္ ဘာမွ ယူမမေဆာင္လာႏိုင္ဘဲ စားေသာက္ဖို႔အတြက္ အခက္အခဲေတြ ႐ွိေနတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ျမစ္ေျခၿမိဳ႕ တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မေတြ႔ရေသးပါဘူး။ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြကေတာ့ ေနရာအေတာ္မ်ားမ်ားမွာ ပိုိမိုျပင္းထန္လာၿပီး အခုလို ျမန္မာစစ္တပ္ တပ္စြဲထားတဲ့ ေနရာေတြအျပင္ ရဲစခန္းေတြကိုပါ ဝင္ေရာက္ တိုက္ခိုက္တာေတြ ႐ွိလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==== Unicode =====

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ မြင်းမွေးမြူရေးတပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဒီကနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်က လေကြောင်းက ပြန်တိုက်ခိုက်တာကြောင့် နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ အများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မြစ်ခြေမြို့က နောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ အမှတ် (၅) ရပ်ကွက်မှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ မြင်းမွေးမြူရေးစခန်းဒေသအခေါ် BBI တပ်ကို ဒေသခံ၊ ပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက် မနက်လင်းအားကြီးအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲဟာ မနက် ၆ နာရီကနေ ၈ နာရီကျော်အထိ ကြာမြင့်ပြီး စစ်တပ်ဘက်က ဂျက်လေယာဉ်တွေနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဒေါင်းရင်သွေးအဖွဲ့က ကိုကျော်ကြီးက အခုလို ပြောပြပါတယ်။

“မြစ်ခြေမြို့ အမှတ် (၅) ရပ်ကွက်နားပေါ့။ မွေးမြူရေးတပ်ပေါ့။ ဒီကောင်တွေရဲ့ မြင်းမွေးမြူရေးတပ်ပေါ့။ ၆ နာရီလောက်ကနေ စတိုက်လိုက်တာ ၈ နာရီထိုးပြီးချိန်မှာ ပြန်ဆုတ်ခွါခဲ့ရတယ်။ အပေါ်မှာ လေယာဉ်ဝဲလို့မို့လို့ လာပြီးပစ်ခတ်လို့မို့လို့ ကျွန်တော်တို့မှာ ပြန်ပြီး ဆုတ်ခွါခဲ့ရတယ်။ ကျွန်တော်တို့ဆုတ်ပြီး ခဏကြာတော့ သူတို့က လေယာဉ်ထွက်လာတယ်။ တပ်ကူတွေကော ထွက်လာတယ်ဆိုတော့ ကျွန်တော်တို့က ပြန်ဆုတ်ခွါလိုက်တာ။ ဘယ်နေရာတွေကို ကြဲလဲဆိုရင် အဲ့ BBI အနီးဝန်းကျင် တောအုပ်ထူထပ်တဲ့နေရာတွေကို ကြဲချသွားတာ။ သေဆုံးမှုတွေက ၇ ဦး ရှိခဲ့တယ်။ စစ်ကောင်စီဘက်က”

တိုက်ပွဲကြောင့် တပ်အနီးမှာရှိတဲ့ သိမ်တော်၊ ညောင်နီပင်၊ ညောင်လှ၊ အိုင်ကြီး၊ ပေါက်တောစတဲ့ ကျေးရွာ ၅ ရွာထက် မနည်းက ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။ လက်ရှိမှာ မြင်းမွေးမြူရေးတပ်စခန်းမှာ သံချပ်ကာကားတွေ အပါအဝင် တပ်အင်အား ထပ်ဖြည့်တင်းထားတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။

ညနေပိုင်းမှာပဲ ဒေသခံတွေ တိမ်းရှောင်တဲ့ဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာရှိတယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“လူဦးရေအနေနဲ့ကတော့ မပြောတတ်ဘူး ရွာနဲ့ချီဆိုရင် ၄/၅/၁၀ ရွာလောက်က ပြေးနေရတယ်။ အခုသူတို့က လက်နက်အင်အားတွေလည်း ထပ်ဖြည့်နေတယ်။ ထပ်ပြီးတော့ တပ်စွဲဖို့လည်း ရိက္ခာကားတွေကော ထပ်ရောက်လာတယ်။ အင်အားတွေကော ထပ်ဖြည့်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ညနေပိုင်းမှာ ရမ်းသမ်းပစ်တယ်။ ပြည်သူတွေရှောင်တဲ့ဘက်တွေ ရွာဘက်တွေ အဲ့လိုတွေလျှောက်ပစ်နေတာ။ ဒေသခံတွေက ပြန်ဖို့က တော်တော်လေး အခက်အခဲ ဖြစ်နေတယ်။ တိမ်းရှောင်ရတဲ့နေရာကြတော့လည်း တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားတော့ ရှိတယ်။”

ဒေသခံတွေဟာ တိုက်ပွဲဖြစ်ဖြစ်ချင်း တိမ်းရှောင်လာရတာကြောင့် ဘာမှ ယူမမဆောင်လာနိုင်ဘဲ စားသောက်ဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မြစ်ခြေမြို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေကတော့ နေရာအတော်များများမှာ ပိိုမိုပြင်းထန်လာပြီး အခုလို မြန်မာစစ်တပ် တပ်စွဲထားတဲ့ နေရာတွေအပြင် ရဲစခန်းတွေကိုပါ ဝင်ရောက် တိုက်ခိုက်တာတွေ ရှိလာနေပါတယ်။

XS
SM
MD
LG