သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဥက္ကဋ္ဌနဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌတွေ့


စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းတို့ အဖွဲ့ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်။ (မေ ၂၃၊ ၂၀၂၂)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းတို့ အဖွဲ့ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့စဉ်။ (မေ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းတို့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရေး၊ မွန်ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရေး စတာတွေ ဆွေးနွေးခဲ့သလို လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဆွေးနွေးအဖြေရှာဖို့အတွက် လည်း ဆွေးနွေးခဲ့ကြတယ်လို့ NMSP ပြောခွင့်ရက VOA ကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဒုတိယမြောက်တွေ့ဆုံတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

နှစ်ဘက်တွေ့ဆုံပွဲမှာ NMSP ဘက်က အဓိက တင်ပြဆွေးနွေးခဲ့တာတွေကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက အခုလို ပြောပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အခြေခံဥပဒေ အမြန်ဆုံးရေးဆွဲပြီးတော့ အမြန်အဆန်အကောင်အထည်ဖော်ဖို့ ဒါလည်း ကျနော်တို့ ပြောကြတယ်။ နောက်တော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒါပြည်နယ်နဲ့ တိုင်းဆိုင်ရာမှာလည်း အမြန်ဆုံးရေးဆွဲဖို့ ကျနော်တို့ တောင်းဆိုတာပေါ့နော်။ သူတို့ ဘက်ခြမ်းကတော့ ကျနော်တို့ ဒီတင်ပြချက်အပေါ်မှာ အရင်ကလည်း ဒီအနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် သဘောတူညီချက်ရှိထားတဲ့အတွက်ကြောင့် ဒါကိုလည်း အမြန်ဆုံးလုပ်ပါမယ်လို့ ပြောတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ အတွက်လည်း အမြန်ဆုံးအကောင်အထည်ဖော်ပါမယ်လို့လည်း ကျနော်တို့ကို ပြောကြားခဲ့ပါတယ်ခင်ဗျ။”

အခြား ဆွေးနွေးဖြစ်တဲ့အချက်တော့ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေပါ အချင်းချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့နဲ့ နောက် တဆင့်အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို အကြံပြုဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးချက်အပေါ် စစ်ကောင်စီဘက်က သဘောထားကိုတော့ နိုင်အောင်မငေးက အခုလို ဆက်ပြောပါတယ်။

“ဒီအကြံပြုဆွေးနွေးချက်အပေါ်မှာ နစကဥက္ကဋ္ဌကနေပြီးတော့ ကျနော်တို့ ၁၀ ဖွဲ့ပြီးတဲ့အခါကျရင် ဘယ်လိုနည်းလမ်းနဲ့ အရင်ဆုံး အကောင်အထည်ဖော်ပြီးတော့ ကျနော်တို့ သုံးပွင့်ဆိုင် တပ်မတော် ရောအစိုးရပေါ့နော်။ တပ်မတော်၊ ပြီးတော့ EAO တွေရော၊ နိုင်ငံရေးပါတီတွေ စုဖွဲ့ပြီးတော့ ဒါကို ကျနောတို့ စုပေါင်းပြီးတော့ နည်းလမ်းရှာမယ်။ ရလဒ်တခု ထွက်လာအောင်တော့ ပြောကြဆိုကြမယ်ပေါ့။ အဲလိုတော့ ကျနော်တို့ကိုတော့ ပြောထားပါတယ်ခင်ဗျ။ ”

စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားများအားလုံး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရေးနဲ့ ပညာရေးအခြေအနေ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်တွေ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

နောက်ရက်တွေမှာတော့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေမှာတော့ မွန်ပြည်သစ်ပါတီဘက်က အမျိုးသားရေး၊ ပါတီအရေးကိစ္စတွေ ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင် ကော်မတီ နိုင်ဗညားလယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီလ ၂၀ ရက်နေ့ကနေ ၂၂ နေ့အထိကတော့ စစ်ကောင်စီ ဥက္ကဌဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားရာမှာ NCA အပစ်ရပ်အဖွဲ့က ၇ ဖွဲ့နဲ့ အပစ်မရပ်တဲ့အဖွဲ့ ၃ ဖွဲ့တို့က လက်ခံထားပါတယ်။ ဒီဖိတ်ကြားချက်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ကရင် KNU၊ ကချင် KIO တို့နဲ့အတူ ကရင်နီ KNPP၊ ချင်းCNF၊ ကျောင်းသားတပ်မတော် ABSDF တို့က လက်မခံကြောင်း ထုတ်ပြန်ခဲ့သလို တအန်း(ပလောင်) TNLA၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA အဖွဲ့တို့လည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF တွေကို မဖိတ်ကြားတဲ့အပေါ်မှာတော့ ဝေဖန်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]

စဈကောငျစီဥက်ကဋ်ဌနဲ့ မှနျပွညျသဈပါတီ ဒုဥက်ကဋ်ဌတှေ့













============

XS
SM
MD
LG