သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီး ဘောလုံးအကျော်အမော် ပီလီရဲ့ဈာပန မွေးရပ်မြေမှာပြုလုပ်


Brazil Pele
Brazil Pele

[[Zawgyi/Unicode]]

ဘရာဇီးနိုင်ငံက ကမ္ဘာကျော် ဘောလုံးအကျော်အမော် ပီလီရဲ့ဈာပနကို သူ့ရဲ့မွေးရပ်မြေ Santos မှာ ဒီနေ့ကျင်းပပြီး Santos မြို့ Urbano Caldira အားကစားကွင်းမှာ လူတွေ တန်းစီပြီး နောက်ဆုံး နှုတ်ဆက် ဂါရဝပြုကြပါတယ်။ ဒီနေ့ Santos မြို့ထဲမှာ ပီလီရဲ့ ခေါင်းတလားကို လှည့်လည်ပြီးရင် သီးသန့်နေရာမှာ မြေမြုတ်သင်္ဂြိုဟ်မှာပါ။

ဈာပအနအခမ်းအနားကို FIFA ကမ္ဘာ့ဖလားအဖွဲ့ချုပ် ဥက္ကဋ္ဌ Gianni Infantino အပါအဝင် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ ထင်ရှားတဲ့ အားကစားသမားတွေ တက်ရောက်ကြပါတယ်။ အသက် ၈၂ နှစ်ရှိနေပြီဖြစ်တဲ့ ပီလီဟာ အူမကြီးကင်ဆာရောဂါနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ဆေးရုံတက် ကုသမှု ခံယူနေခဲ့ရာက ကြာသပတေးနေ့တုန်းက ကွယ်လွန်သွားခဲ့တာပါ။

ပီလီဟာ ဘရာဇီးဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလားဆု ၃ ကြိမ်ရအောင် ကစားပေးခဲ့သူဖြစ်ပါတယ်။

၁၅ နှစ်အရွယ်မှာ ဘရာဇီး Santos ကလပ်အသင်းမှာ စတင်ကစားခဲ့ပြီး နောက်တနှစ်မှာပဲ နိုင်ငံလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အသက်အငယ် ဆုံး ဘောလုံးသမားအဖြစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး သူ ပထမဆုံး ဝင်ပြိုင်ကစားတဲ့ ၁၉၅၈ ခုနှစ်မှာပဲ ပထမဆုံးကမ္ဘာ့ဖလား ရရှိခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၇၀ ခုနှစ်တွေမှာလည်း နောက်ထပ် ကမ္ဘာ့ဖလားတွေကို Brazil နိုင်ငံအတွက် ဆွတ်ခူးပေးခဲ့ပါတယ်။

သူ့ကို ရာစုနှစ်တခုအတွင်းအကောင်းဆုံး ဘောလုံးသမားအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ FIFA ကမ္ဘာ့ဖလားအဖွဲ့ချုပ် ကရွေးချယ်ဂုဏ်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

====================

ဘရာဇီး ဘောလုံးအကြောျအမောျ ပီလီရဲ့ဈာပန မှေးရပျမွမှောပွုလုပျ






XS
SM
MD
LG