သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ပြည်ပခရီးစဉ် ဖျက်သိမ်း


အမေရိကန်သမ္မတ Donald Trump နဲ့ အောက်လွှတ်တော်ဥက္က
Nancy Pelosi
အမေရိကန်သမ္မတ Donald Trump နဲ့ အောက်လွှတ်တော်ဥက္က Nancy Pelosi

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi အရပ်သုံးလေယာဉ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံသို့ သွားမယ့်ခရီးစဉ်ကို သောကြာနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။

သမ္မတ Trump က အရေးကြီးတဲ့ ခရီးစဉ်တွေအကြောင်း ဖွင့်ချလိုက်တဲ့အတွက် လုံခြုံရေးအန္တရာယ် ကြီးကြီးမားမားတိုးလာကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက စိစစ်အပြီးမှာ ခရီးစဉ်ကို ဖျက်လိုက်ရ တာပါ။

အရပ်သုံးလေယာဉ်နဲ့ ခရီးသွားမယ့်အစီအစဉ်ကိုလည်း Trump အစိုးရက ပေါက်ကြားစေခဲ့တဲ့ အကြောင်း Pelosi ရုံး ပြောခွင့်ရက ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်သမိုင်းမှာ အကြာဆုံး အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အပေါ် နိုင်ငံရေးစစ်ထိုးနေတဲ့တချိန်တည်းမှာပဲ Pelosi နဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေ ဘရပ်ဆဲလ်က နေတိုးမဟာမိတ်တွေနဲ့ အာဖဂန်က အမေရိကန် တပ်သားတွေနဲ့ တွေ့ဆုံဖို့ ကြာသပတေးနေ့မှာ သွားဖို့ ပြင်ဆင်ထားတဲ့ ခရီးစဉ်အတွက် စစ်တပ်သုံးလေယာဉ် သုံးစွဲခွင့်ကို Trump က ရုပ်သိမ်းလိုက်တာပါ။

အမေရိကန်လုပ်သားကောင်း ၈ သိန်းကျော် လစာတောင်မရတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ဒီလို လူထု ဆက်သွယ်ရေးလုပ်ငန်းတွေကို ရွှေ့ဆိုင်းလိုက်ရတာ အင်မတန် သင့်တော်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ လက်ခံလိမ့်မယ်လို့ ထင်ပါတယ် ဆိုပြီး သမ္မတ Trump က အောက်လွှတ်တော် ဥက္ကဋ္ဌ Pelosi ထံ ပေးစာထဲမှာ ဖော်ပြထားပါတယ်။

သမ္မတရဲ့ လုပ်ရပ်ကြောင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များစွာ တိုးသွားတဲ့အချိန်မှာ အမေရိကန် တပ်သားတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ အန္တရာယ်ရောက်မယ့်အရေးကို ရှောင်ရှားတဲ့အနေနဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း Pelosi ရုံးပြောခွင့်ရက တုံ့ပြန်လိုက်ပါတယ်။

please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG