သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pennsylvania ပြည်နယ် ပစ်ခတ်မှု ၄ ယောက်သေ


 Pennsylvania ပြည်နယ် ပစ်ခတ်မှု ဖြစ်ပွားစဉ်။
Pennsylvania ပြည်နယ် ပစ်ခတ်မှု ဖြစ်ပွားစဉ်။
အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း Pennsylvania ပြည်နယ်မှာ သောကြာနေ့က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၄ယောက်သေဆုံးပြီးတော့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာရ သွားခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ပြည်နယ်မြို့တော် Harrisburg မြို့ ရဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ Frankstown မြို့မှာ ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။

သေဆုံးသူ လေးယောက်ထဲမှာ သေနတ်သမားလည်း ပါဝင်ခဲ့ပြီး အရေးပေါ် အခြေအနေက ကျော်လွန် သွားပြီဖြစ်တယ်လို့ ပြောပါတယ်။ သေနတ်သမားက ပစ်ခတ်တာကြောင့် အမျိုးသားနှစ်ယောက်၊ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က Sandy Hook မူလတန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပတ်အကြာမှာ အခုလို ထပ်ပြီးတော့ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
XS
SM
MD
LG