သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pennsylvania အောက်လွှတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်အနိုင်ရ


အမေရိကန်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲတွေကို Pennsylvania ပြည်နယ်မှာ ပြုလုပ်ခဲ့ရာမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းဖက်က သူ ကပ်ပြီး အနိုင်ရခဲ့တယ်လို့ ဒီနေ့ မနက်စောစောမှာပဲ ကြေညာလိုက်ပါတယ်။

ဒီအောက်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲကို ပြည်နယ်မြို.တော် Pittsburg အပြင်ဖက် မြို.တစ်ခုမှာကျင်းပရာမှာ ဒီမိုကရက်တစ်ပါ ကိုယ်စားလှယ် Conor Lamb အနေနဲ့ မနေ့ည မဲရေတွက်ပြီးချိန်ထိ စုစုပေါင်း မဲ ၂၂၇ ၀၀၀ ကျော်ရှိရာမှာမဲ ၅၀၀ နဲ့ပဲ ကပ်ပြီး အသာစီးရနေတာပါ။

ဒါပေမဲ့ မြို.နယ်ရွေးကောက်ပွဲ အရာရှိတွေဖက်ကတော့မနေ့က ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို မကြေညာသေးပါဘူး။

သတင်းမီဒီယာတွေအတွက်လည်း အခု Mr. Lamb နဲ့ သူ့ပြိုင်ဖက် အစိုးရပါတီ Republican ကိုယ်စားလှယ်လောင်း Rick Saccone တို့အကြား မဲသိပ်မပြတ်တာကြောင့် ဘယ်သူနိုင်တယ်ဆိုတာ အတိအကျပြောဖို့ စောင့်နေပါသေးတယ်။

အမေရိကန်ရေတပ်တာဝန်နဲ့ အစိုးရရှေ.နေတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့အသက် ၃၃ နှစ်အရွယ် Mr. Lamp ကသူ့ မဲဆွယ်ရွေးကောက်ပွဲ ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာအခုလို အနိုင်ရသွားပြီလို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ သူ့ပြိုင်ဖက် အသက် ၆၀ အရွယ် လေတပ်ထောက်လှမ်းရေးအရာရှိဟောင်း Mr. Saccone ကတော့သူ့မဲဆွယ်ပွဲတွေကို တညလုံးဆက်လုပ်သွားမှာဖြစ်ပြီး၊ဒီ ရွေးကောက်ပွဲက အဆုံးမသတ်သေးဘူးလို့ ဒိ့မတိုင်ခင်က ပြောထားပါတယ်။

Pennsylvania အောက်လွှတ်တော်ရွေးကောက်ပွဲ ဒီမိုကရက်အနိုင်ရ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG