သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာကိုဒဏ္ခတ္ဖို႔ Australia ဆက္လက္စဥ္းစား


ထိုင္းႏုိင္ငံကိုေရာက္ေနတဲ့ ၾသစေၾတးလ်ႏုိင္ငံျခားေရးဝန္ႀကီး Penny Wong နဲ႔ထိုင္းႏိုင္ငံ လံုၿခံဳေရးနဲ႔ ႏုိင္ငံတကာဆက္ဆံေရးဌာနဒါ႐ိုက္တာ ပါေမာကၡ Dr. Thitinan Pongsudhirak တို႔ ႏုိင္ငံျခားသတင္းေထာက္မ်ားအသင္း FCCT မွာေဆြးေႏြးစဥ္။ (ႏိုင္ဘာ ၂၊ ၂၀၂၂/Crd: FCCT)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔ေရးမွာ ဩစေၾတးလ်ႏိုင္ငံဘက္က စဥ္းစားေနတာေတြ ရွိေပမယ့္ စဥ္းစားေနတာ၊ လုပ္ေဆာင္ေနတာေတြနဲ႔ပတ္သက္လို႔ လူသိရွင္ၾကား အမ်ားေရွ႕ ထုတ္ေဖၚေျပာဆိုတာမ်ိဳးေတာ့ လုပ္မွာမဟုတ္ဘူးလို႔ ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က ထိုင္းႏိုင္ငံ ႏိုင္ငံျခား သတင္းေထာက္မ်ားအသင္း FCCT မွာ ဒီေန႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ေအာင္ျမင္ဖို႔ ဩစေၾတးလ်ႏိုင္ငံအေနနဲ႔ ဆက္လက္ ေထာက္ခံသြားမယ့္အေၾကာင္း ေျပာသြားပါတယ္။ ဦးသိန္းထိုက္ဦး ဘန္ေကာက္ကေန သတင္းေပးပို႔ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ ဩစေၾတးလ်ႏိုင္ငံရဲ႕ရပ္တည္ခ်က္နဲ႔ ခ်ဥ္းကပ္မႈေတြဟာ တျခား ပိတ္ဆို႔ဒဏ္ခတ္မႈေတြခ်မွတ္တဲ့ အေနာက္ႏိုင္ငံေတြေလာက္ခိုင္မာမႈမရွိဘူးဆိုတဲ့ ေဝဖန္ ခ်က္ေတြ ရွိေနခ်ိန္မွာပဲ ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong ထိုင္းႏိုင္ငံကို ေရာက္လာတာပါ။ ႏိုင္ငံျခား သတင္းေထာက္မ်ားအသင္း FCCT မွာ က်င္းပတဲ့ ထိုင္းႏိုင္ငံ လုံၿခဳံေရးနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးဌာန ISIS ဒါ႐ိုက္တာ၊ ပါေမာကၡ Dr. Thitinan Pongsudhirak တို႔ ေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံအေၾကာင္း ေမးခြန္းေတြက အဓိက လႊမ္းမိုးခဲ့ပါတယ္။

ဩစေၾတးလ်ႏိုင္ငံျခားေရး ဝန္ႀကီး Penny Wong က ျမန္မာႏိုင္ငံအေပၚထားတဲ့ သေဘာထားကို အခုလို ေျပာပါတယ္။

“ဩစေၾတးလ်ႏိုင္ငံအေနနဲ႔ ေဒသတြင္းမွာရွိတဲ့ ႏိုင္ငံအားလုံးနဲ႔ထပ္တူ ျမန္မာႏိုင္ငံ့အေရး ဆုတ္ယုတ္ေနတဲ့အေျခအေနေတြအေပၚမွာ စိုးရိမ္ေနၾကပါတယ္။ ဩစေၾတးလ်ႏိုင္ငံဟာ ထိုင္းႏိုင္ငံလို ျမန္မာနဲ႔ နီးကပ္တဲ့အိမ္နီးခ်င္းႏိုင္ငံမဟုတ္ပါဘူး။ ဒါေပမယ့္ ျမန္မာႏိုင္ငံ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ‌ေဒသတြင္းႏိုင္ငံေတြနည္းတူ ပါဝင္ ေထာက္ခံေနတဲ့ ႏိုင္ငံပါ။

ျမန္မာႏိုင္ငံအတြင္း ျဖစ္ပ်က္ေနတဲ့လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈေတြဟာ သိပ္ကို စိတ္ပ်က္စရာေကာင္းတဲ့ အေၾကာင္းနဲ႔ အရပ္သားေတြ ထိခိုက္ဒဏ္ရာရတဲ့အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံေတြက ဆက္လက္ေတာင္းဆိုၾကဖို႔ တိုက္တြန္းလိုပါတယ္။”

ျမန္မာႏိုင္ငံအတြင္း မတရားဖမ္း ဆီးခံထားရသူေတြ လြတ္ေျမာက္ေရးနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေတြ ေပးႏိုင္ေရး အတြက္ ဆက္လက္ေတာင္းဆိုဖို႔လည္း သူကေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell နဲ႔ ပတ္သက္လို႔ Sean Turnell လြတ္ေျမာက္ေရးဟာ ဉီးစားေပး ေဆာင္႐ြက္မယ့္ကိစၥျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က FCCT မွာ ထည့္သြင္း ေျပာဆိုသြားပါတယ္။

အေမရိကန္တ႐ုတ္ၾကား အင္အားခ်ိန္ခြင္လွ်ာ၊ ယူကရိန္းအေပၚ ႐ုရွားရဲ႕က်ဴးေက်ာ္မႈနဲ႔ ျမန္မာႏိုင္ငံ့အေရးကိစၥေတြဟာ အာဆီယံအေရွ႕ေတာင္အာရွႏိုင္ငံေတြ အဓိကရင္ဆိုင္ေနရတဲ့ ပထဝီႏိုင္ငံေရးအရ စိန္ေခၚမႈေတြအျဖစ္ ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong နဲ႔ အဓိက ေဆြးေႏြးတဲ့ ထိုင္းႏိုင္ငံလုံၿခဳံေရးနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရး ဌာန ISIS ဒါ႐ိုက္တာ၊ ပါေမာကၡ Dr. Thitinan Pongsudhirak ကလည္း ဒီေန႔ FCCT ေဆြးေႏြးပြဲမွာ ေထာက္ျပေျပာဆိုသြားပါတယ္။

ဒါေပမယ့္လည္း Penny Wong ႏိုင္ငံျခားေရးဝန္ႀကီးမျဖစ္ခင္ အတိုက္အခံအျဖစ္ရပ္တည္တုန္းက ျမန္မာ့အေရးမွာ ဩစေၾတးလ်အစိုးရက ထိထိေရာက္ေရာက္ မလုပ္ဘူးဆိုၿပီး အရင္ အစိုးရကို ေဝဖန္ခဲ့တာေတြ ရွိပါတယ္။ ဒါေပမယ့္ အခုႏိုင္ငံျခားေရးဝန္ႀကီးျဖစ္တဲ့အခ်ိန္ ျမန္မာႏိုင္ငံအေပၚ အေရးယူေရး ၾကန္႔ၾကာ ေႏွာင့္ေႏွးေနတာကို သတင္းေထာက္ေတြက ေထာက္ျပပါတယ္။ ႏိုင္ငံျခားေရး ဝန္ႀကီး Penny Wong က အခုလို ေျပာပါတယ္။

“အေရးယူဒဏ္ခတ္ေရးနဲ႔ပတ္သက္လို႔ ဩစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က စဥ္းစားခ်က္ေတြကို လူသိရွင္ၾကားေျပာဆိုလာမယ္ဆိုၿပီး ႀကိဳတင္တြက္ဆ မထားေစခ်င္ပါဘူး။ ဒီကိစၥနဲ႔ ပတ္သက္လို႔ စဥ္းစားထားတဲ့အခ်က္ေတြထဲက တခ်ိဳ႕ကို အမ်ားေရွ႕ေမွာက္ ေျပာဆိုတာမ်ိဳးလုပ္မွာ မဟုတ္ပါဘူး။ က်မ ေျပာခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာေတြနဲ႔ပတ္သက္လို႔ က်မဟာ အၿမဲတေစ စိုးရိမ္ပူပန္တယ္ ဆိုတာပါ။ ဒါ့ေၾကာင့္လည္း ဆိုးဝါးလာတဲ့ လုံၿခဳံေရးနဲ႔ လူ႔အခြင့္အေရးအေျခအေနေတြကို က်မတို႔ ေဆြးေႏြးၾကတာပါ။”

ျမန္မာႏိုင္ငံအေရး အထူးသျဖင့္ လူ႔အခြင့္အေရး အေျခအေနေတြကို ဩစေၾတးလ်ႏိုင္ငံရဲ႕ တုံ႔ျပန္မႈ ခ်ဥ္းကပ္မႈအေပၚ ေဝဖန္မႈေတြကေတာ့ ရွိေနပါတယ္။ ျမန္ာစစ္ေကာင္စီအေပၚ အေရးယူပိတ္ဆို႔ေရးမွာ လူသိရွင္ၾကား မေဆြးေႏြးတဲ့ကိစၥကို သတင္းေထာက္ေတြက ေထာက္ျပပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong ကေတာ့ ျမန္မာႏိုင္ငံအေရး ထိုင္းႏိုင္ငံနဲ႔ အတူ ေဒသတြင္း သူ သြားေရာက္မယ့္ ႏိုင္ငံေတြမွာ ဆက္လက္ေဆြးေႏြးသြားမယ့္အေၾကာင္းနဲ႔ စိုးရိမ္တဲ့အေၾကာင္းကိုပဲ အဓိကေျပာဆိုသြားပါတယ္။

အာဆီယံႏိုင္ငံေတြနဲ႔ ပတ္သက္လို႔လည္း အခုလို ေျပာပါတယ္။

“အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြကို က်မတို႔ ဆက္ၿပီး ေထာက္ခံသြားမွာပါ။ ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ သိပ္ကို စိတ္မေကာင္းစရာအေျခအေနလို႔ က်မ ျမင္ပါတယ္။ အခ်ိန္တိုတိုအတြင္း ျမန္ျမန္ဆန္ဆန္ ေျဖရွင္းႏိုင္မယ့္ပုံလည္း မရွိပါဘူးလို႔ က်မထင္ပါတယ္။”

ျမန္မာ့အေရး ေဒသတြင္း ႏိုင္ငံေတြနဲ႔ပူးေပါင္းေဆာင္႐ြက္မယ့္အေၾကာင္း ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးအတြက္ တျခားလုပ္ႏိုင္မယ့္၊ ေဆာင္႐ြက္ႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြသြားမယ့္အေၾကာင္း ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ဖမ္းဆီးခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell နဲ႔ ပတ္သက္လို႔ Sean Turnell လြတ္ေျမာက္ေရးဟာ ဦးစားေပး ေဆာင္႐ြက္မယ့္ကိစၥျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က FCCT မွာ ထည့္သြင္း ေျပာဆိုသြားပါတယ္။ ပါေမာကၡ Sean Turnell အေပၚ ျပစ္ဒဏ္ခ်မွတ္ထားတာေတြကို လက္မခံတဲ့အေၾကာင္း သူ႔အေနနဲ႔ လူသိရွင္ၾကားေျပာဆိုထားၿပီးသားပါလို႔လည္း ဩစေၾတးလ်ႏိုင္ငံျခားေရး ဝန္ႀကီး Penny Wong က ေျပာဆိုသြားပါတယ္။

#PennyWang #ThitinanPongsudhirak #ျမန္မာ့အေရး #ၾသစေၾတးလ် #FCCT

ျမန္မာကိုထပ္မံအေရးယူဖို႔ ဩစေၾတးလ်စဥ္းစားေန
please wait

No media source currently available

0:00 0:03:59 0:00

===============


[[Unicode]]

မြန်မာကိုဒဏ်ခတ်ဖို့ Australia ဆက်လက်စဉ်းစား

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေးမှာ ဩစတြေးလျနိုင်ငံဘက်က စဉ်းစားနေတာတွေ ရှိပေမယ့် စဉ်းစားနေတာ၊ လုပ်ဆောင်နေတာတွေနဲ့ပတ်သက်လို့ လူသိရှင်ကြား အများရှေ့ ထုတ်ဖေါ်ပြောဆိုတာမျိုးတော့ လုပ်မှာမဟုတ်ဘူးလို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ ဒီနေ့ ပြောပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ဖို့ ဩစတြေးလျနိုင်ငံအနေနဲ့ ဆက်လက် ထောက်ခံသွားမယ့်အကြောင်း ပြောသွားပါတယ်။ ဦးသိန်းထိုက်ဦး ဘန်ကောက်ကနေ သတင်းပေးပို့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဩစတြေးလျနိုင်ငံရဲ့ရပ်တည်ချက်နဲ့ ချဉ်းကပ်မှုတွေဟာ တခြား ပိတ်ဆို့ဒဏ်ခတ်မှုတွေချမှတ်တဲ့ အနောက်နိုင်ငံတွေလောက်ခိုင်မာမှုမရှိဘူးဆိုတဲ့ ဝေဖန် ချက်တွေ ရှိနေချိန်မှာပဲ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ထိုင်းနိုင်ငံကို ရောက်လာတာပါ။ နိုင်ငံခြား သတင်းထောက်များအသင်း FCCT မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံ လုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးဌာန ISIS ဒါရိုက်တာ၊ ပါမောက္ခ Dr. Thitinan Pongsudhirak တို့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအကြောင်း မေးခွန်းတွေက အဓိက လွှမ်းမိုးခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong က မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ဩစတြေးလျနိုင်ငံအနေနဲ့ ဒေသတွင်းမှာရှိတဲ့ နိုင်ငံအားလုံးနဲ့ထပ်တူ မြန်မာနိုင်ငံ့အရေး ဆုတ်ယုတ်နေတဲ့အခြေအနေတွေအပေါ်မှာ စိုးရိမ်နေကြပါတယ်။ ဩစတြေးလျနိုင်ငံဟာ ထိုင်းနိုင်ငံလို မြန်မာနဲ့ နီးကပ်တဲ့အိမ်နီးချင်းနိုင်ငံမဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ‌ဒေသတွင်းနိုင်ငံတွေနည်းတူ ပါဝင် ထောက်ခံနေတဲ့ နိုင်ငံပါ။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေဟာ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ အကြောင်းနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဆက်လက်တောင်းဆိုကြဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာနိုင်ငံအတွင်း မတရားဖမ်း ဆီးခံထားရသူတွေ လွတ်မြောက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး အတွက် ဆက်လက်တောင်းဆိုဖို့လည်း သူကပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ ပတ်သက်လို့ Sean Turnell လွတ်မြောက်ရေးဟာ ဉီးစားပေး ဆောင်ရွက်မယ့်ကိစ္စဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က FCCT မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

အမေရိကန်တရုတ်ကြား အင်အားချိန်ခွင်လျှာ၊ ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်မှုနဲ့ မြန်မာနိုင်ငံ့အရေးကိစ္စတွေဟာ အာဆီယံအရှေ့တောင်အာရှနိုင်ငံတွေ အဓိကရင်ဆိုင်နေရတဲ့ ပထဝီနိုင်ငံရေးအရ စိန်ခေါ်မှုတွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး Penny Wong နဲ့ အဓိက ဆွေးနွေးတဲ့ ထိုင်းနိုင်ငံလုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဌာန ISIS ဒါရိုက်တာ၊ ပါမောက္ခ Dr. Thitinan Pongsudhirak ကလည်း ဒီနေ့ FCCT ဆွေးနွေးပွဲမှာ ထောက်ပြပြောဆိုသွားပါတယ်။

ဒါပေမယ့်လည်း Penny Wong နိုင်ငံခြားရေးဝန်ကြီးမဖြစ်ခင် အတိုက်အခံအဖြစ်ရပ်တည်တုန်းက မြန်မာ့အရေးမှာ ဩစတြေးလျအစိုးရက ထိထိရောက်ရောက် မလုပ်ဘူးဆိုပြီး အရင် အစိုးရကို ဝေဖန်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အခုနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့အချိန် မြန်မာနိုင်ငံအပေါ် အရေးယူရေး ကြန့်ကြာ နှောင့်နှေးနေတာကို သတင်းထောက်တွေက ထောက်ပြပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Penny Wong က အခုလို ပြောပါတယ်။

“အရေးယူဒဏ်ခတ်ရေးနဲ့ပတ်သက်လို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က စဉ်းစားချက်တွေကို လူသိရှင်ကြားပြောဆိုလာမယ်ဆိုပြီး ကြိုတင်တွက်ဆ မထားစေချင်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ စဉ်းစားထားတဲ့အချက်တွေထဲက တချို့ကို အများရှေ့မှောက် ပြောဆိုတာမျိုးလုပ်မှာ မဟုတ်ပါဘူး။ ကျမ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်လို့ ကျမဟာ အမြဲတစေ စိုးရိမ်ပူပန်တယ် ဆိုတာပါ။ ဒါ့ကြောင့်လည်း ဆိုးဝါးလာတဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကျမတို့ ဆွေးနွေးကြတာပါ။”

မြန်မာနိုင်ငံအရေး အထူးသဖြင့် လူ့အခွင့်အရေး အခြေအနေတွေကို ဩစတြေးလျနိုင်ငံရဲ့ တုံ့ပြန်မှု ချဉ်းကပ်မှုအပေါ် ဝေဖန်မှုတွေကတော့ ရှိနေပါတယ်။ မြန်ာစစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ရေးမှာ လူသိရှင်ကြား မဆွေးနွေးတဲ့ကိစ္စကို သတင်းထောက်တွေက ထောက်ပြပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Penny Wong ကတော့ မြန်မာနိုင်ငံအရေး ထိုင်းနိုင်ငံနဲ့ အတူ ဒေသတွင်း သူ သွားရောက်မယ့် နိုင်ငံတွေမှာ ဆက်လက်ဆွေးနွေးသွားမယ့်အကြောင်းနဲ့ စိုးရိမ်တဲ့အကြောင်းကိုပဲ အဓိကပြောဆိုသွားပါတယ်။

အာဆီယံနိုင်ငံတွေနဲ့ ပတ်သက်လို့လည်း အခုလို ပြောပါတယ်။

“အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ကျမတို့ ဆက်ပြီး ထောက်ခံသွားမှာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိပ်ကို စိတ်မကောင်းစရာအခြေအနေလို့ ကျမ မြင်ပါတယ်။ အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ့်ပုံလည်း မရှိပါဘူးလို့ ကျမထင်ပါတယ်။”

မြန်မာ့အရေး ဒေသတွင်း နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တခြားလုပ်နိုင်မယ့်၊ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ့်အကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့ ပတ်သက်လို့ Sean Turnell လွတ်မြောက်ရေးဟာ ဦးစားပေး ဆောင်ရွက်မယ့်ကိစ္စဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong က FCCT မှာ ထည့်သွင်း ပြောဆိုသွားပါတယ်။ ပါမောက္ခ Sean Turnell အပေါ် ပြစ်ဒဏ်ချမှတ်ထားတာတွေကို လက်မခံတဲ့အကြောင်း သူ့အနေနဲ့ လူသိရှင်ကြားပြောဆိုထားပြီးသားပါလို့လည်း ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong က ပြောဆိုသွားပါတယ်။

ျမန္မာကိုဒဏ္ခတ္ဖို႔ Australia ဆက္လက္စဥ္းစား.mp3
please wait

No media source currently available

0:00 0:04:28 0:00
တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG