သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူကုန္ကူးမႈတိုက္ဖ်က္ေရး ထိုင္းနဲ႔ ၾသစေၾတးလ် ပူးေပါင္းေဆာင္႐ြက္မည္ 


Thailand Australia


[[Zawgyi/Unicode]]

Australia ႏိုင္ငံျခားေရးဝန္ႀကီး Penny Wong က ထိုင္းဝန္ႀကီးခ်ဳပ္ Chan-ocha ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဒီေန႔ ေတြ႕ဆုံခဲ့ပါတယ္။

Wong ဟာ ဘ႐ူႏိုင္းကို အရင္သြားခဲ့ၿပီး ထိုင္းႏိုင္ငံ မွာ ၂ ရက္ၾကာေနထိုင္ဖို႔ ေရာက္လာခဲ့တာပါ။ ထိုင္းတရားေရးဝန္ႀကီး Somsak Thepsuthin နဲ႔လည္း လူကုန္ကူးမႈတိုက္ဖ်က္ေရး သေဘာတူညီခ်က္တရပ္ကို Wong က လက္မွတ္ထိုးခဲ့ပါတယ္။ အာဆီယံတိုင္းျပည္ေတြနဲ႔ ၾသစေၾတးလ်နဲ႔ အျခားတိုင္းျပည္ေတြၾကား ေပါင္းစပ္ညႇိႏႈိင္းေပးတဲ့ ထိုင္းႏိုင္ငံ က လူကုန္ကူးမႈတိုက္ဖ်က္ေရး ႀကိဳးစားမႈဌာနလို႔ အဓိပၸါယ္ရတဲ့ CENTER OF EXCELLENCE ကို ၾသစေၾတးလ်ႏိုင္ငံက ကူညီမွာပါ။

ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူဖို႔ စဥ္းစားေနေပမယ့္ စဥ္းစားခ်က္ေတြကိုေတာ့ လူသိရွင္ၾကား ေျပာဆိုမွာမဟုတ္ပါဘူးလို႔ Penny Wong က ထိုင္းႏိုင္ငံ ႏိုင္ငံျခား သတင္းေထာက္မ်ား အသင္း FCCT မွာ ဒီေန႔ ေျပာသြားပါတယ္။

ၾသစေၾတးလ်ႏိုင္ငံျခားေရးဝန္ႀကီးဟာ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai နဲ႔လည္း ေတြ႕ဆုံခဲ့ၿပီး စစ္ေရး၊ စီးပြါးေရးနဲ႔ ရာသီဥတုဆိုင္ရာကိစၥရပ္မ်ား ပူးေပါင္းေဆာင္႐ြက္မႈ လုပ္ငန္းစီမံကိန္းကို လက္မွတ္ေရးထိုးခဲ့ပါတယ္။

ဒီႏွစ္ဟာ ၾသစေၾတးလ်နဲ႔ထိုင္းႏိုင္ငံတို႔ရဲ႕ သံတမန္ဆက္ဆံေရး အႏွစ္ ၇၀ ေျမာက္ ႏွစ္လည္း ျဖစ္ပါတယ္။ ထိုင္းႏိုင္ငံဟာ ၾသစေၾတးလ်ႏိုင္ငံရဲ႕တတိယအႀကီးဆုံးကုန္သြယ္ဖက္ ျဖစ္ၿပီး ကုန္သြယ္မႈပမာဏ ႏွစ္စဥ္ ေဒၚလာ ၂၁.၆ ဘီလီယံ ရွိပါတယ္။ ႏွစ္ႏိုင္ငံၾကား ကုန္သြယ္ေရး ရင္းႏွီးျမွဳပ္ႏွံမႈ တိုးမ်ားလာလိမ့္မယ္လို႔ တာဝန္ရွိသူေတြက ေမွ်ာ္လင့္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============


[[Unicode]]

လူကုန်ကူးမှုတိုက်ဖျက်ရေး ထိုင်းနဲ့ သြစတြေးလျ ပူးပေါင်းဆောင်ရွက်မည်

Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong က ထိုင်းဝန်ကြီးချုပ် Chan-ocha ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

Wong ဟာ ဘရူနိုင်းကို အရင်သွားခဲ့ပြီး ထိုင်းနိုင်ငံ မှာ ၂ ရက်ကြာနေထိုင်ဖို့ ရောက်လာခဲ့တာပါ။ ထိုင်းတရားရေးဝန်ကြီး Somsak Thepsuthin နဲ့လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး သဘောတူညီချက်တရပ်ကို Wong က လက်မှတ်ထိုးခဲ့ပါတယ်။ အာဆီယံတိုင်းပြည်တွေနဲ့ သြစတြေးလျနဲ့ အခြားတိုင်းပြည်တွေကြား ပေါင်းစပ်ညှိနှိုင်းပေးတဲ့ ထိုင်းနိုင်ငံ က လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးစားမှုဌာနလို့ အဓိပ္ပါယ်ရတဲ့ CENTER OF EXCELLENCE ကို သြစတြေးလျနိုင်ငံက ကူညီမှာပါ။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူဖို့ စဉ်းစားနေပေမယ့် စဉ်းစားချက်တွေကိုတော့ လူသိရှင်ကြား ပြောဆိုမှာမဟုတ်ပါဘူးလို့ Penny Wong က ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း FCCT မှာ ဒီနေ့ ပြောသွားပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့လည်း တွေ့ဆုံခဲ့ပြီး စစ်ရေး၊ စီးပွါးရေးနဲ့ ရာသီဥတုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီနှစ်ဟာ သြစတြေးလျနဲ့ထိုင်းနိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေး အနှစ် ၇၀ မြောက် နှစ်လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ သြစတြေးလျနိုင်ငံရဲ့တတိယအကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပြီး ကုန်သွယ်မှုပမာဏ နှစ်စဉ် ဒေါ်လာ ၂၁.၆ ဘီလီယံ ရှိပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု တိုးများလာလိမ့်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG