သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ကာကွယ်ရေးဝန်ကြီး အီရတ်ရောက်ရှိ


အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter ကြိုတင် မကြေညာပဲ အီရတ်ကိုရောက် (ဇူလိုင် ၂၃၊ ၂၀၁၅)
အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter ကြိုတင် မကြေညာပဲ အီရတ်ကိုရောက် (ဇူလိုင် ၂၃၊ ၂၀၁၅)

အမေရိကန် ပြည်ထောင်စုက ဦးဆောင်တဲ့ လေကြောင်းထိုးစစ်တွေ၊ လေ့ကျင့်ရေး အကူအညီတွေနဲ့ IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter ကြိုတင်ကြေညာထားခြင်း မရှိပဲ ရုတ်တရက် သွားရောက်ခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းမှာပဲ ဘဂ္ဂဒက်မြို့တော် ကို ရောက် သွားတဲ့ ဝန်ကြီးကာတာဟာ အီရတ်ဝန်ကြီးချုပ် Haider al-Abadi ကာကွယ်ရေးဝန်ကြီး Khaled al-Obeidi အပါအဝင် အီရတ်အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာပါ။

အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ ထိန်းချုပ်ထားတဲ့ စစ်သွေးကြွတွေကို ချေမှုန်းရာမှာ ပူးပေါင်းပါဝင်လာအောင် အမေရိကန်က စည်းရုံးနေတဲ့ ဆွန်နီမူဆလင် ခေါင်းဆောင်တွေနဲ့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံမှာ ဖြစ်ပါတယ်။

အီရတ်အစိုးရက Anbar ပြည်နယ်မှာ စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Ramadi မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ကြီးတခု ဆင်နွှဲဖို့ ပြင်ဆင်နေတဲ့အတွက်၊ ဒါဟာ အီရတ်စစ်တပ် အတွက် အဓိကစမ်းသပ်ချက် တခုလည်း ဖြစ်လာနိုင် ပါတယ်။ မေလ ထဲမှာ Ramadi မြို့ကို စစ်သွေးကြွတွေ အလုံးအရင်းနဲ့ ဝင်ရောက် စီးနင်းချိန်မှာ အီရတ်တပ်ဖွဲ့တွေ ထွက်ပြေးခဲ့ကြတဲ့အတွက် တိုက်ခိုက် လိုတဲ့ ဆန္ဒမရှိကြဘူးဆိုပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

IS စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ အရှိန်မြှင့် ဆောင်ရွက်ဖို့ အမေရိကန်သမ္မတ Barack Obama ဟာလည်း ပြည်တွင်းမှာ ဖိအားပေးတာ ခံနေရပေမဲ့၊ အမေရိကန် တပ်ဖွဲ့တွေ စစ်မြေပြင်ကို စေလွှတ်ဖို့ကို ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့်ဖို့နဲ့ အကြံပေးဖို့ အမေရိကန်စစ်သား ၃ ထောင်ကျော်ကိုတော့ အီရတ်နိုင်ငံကို စေလွှတ်ထားသလို၊ အမေရိကန်နဲ့ မဟာမိတ်တွေက စစ်သွေးကြွပစ်မှတ်တွေကို အကြိမ်ပေါင်းထောင် ချီပြီး လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။

XS
SM
MD
LG